Thursday, April 4, 2013

အီဂျစ်ကျောင်းသားကျောင်းသူ ၅၀၀ ကျော် အစာအဆိပ်သင့်

Ever November | 4/04/2013 11:12:00 PM | Best Blogger Tips

အီဂျစ်နိုင်ငံ အယ်လ်အက်ဇာတက္ကသိုလ်မှ အီဂျစ်ကျောင်းသား ကျောင်းသူ ၅၆၁ ဦးတို့သည် ဧပြီ ၁ ရက်က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် သေဆုံးမှုများမရှိခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားသည်။ အယ်လ်အက်ဇာက္ကသိုလ် ကျောင်းသား ကျောင်းသူများအနက် အစာအဆိပ်သင့်မှု ဖြစ်ပွားသူ အရေအတွက်သည် ဧပြီ ၁ ရက် ညတည်းကစပြီး ၅၆၁ ဦးရှိကြောင်း သိရသည်။ အဆိုပါ အစာအဆိပ်သင့်မှုသည် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို အရှေ့ဘက် နက်စ်စီးတီးရှိ အယ်လ်အက်ဇာတက္ကသိုလ်ကျောင်းအတွင်း၌ ဖြစ်ပွားခဲ့ပြီး ယင်းတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများသည် ၄င်းတို့စားသောက်နေကျဖြစ်သည့် ထမင်းဆိုင်မှ နေ့လယ်စာများ စားသောက်ပြီးနောက် ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1