Thursday, May 16, 2013

17.5.2013 မှ 23.5.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

Ever November | 5/16/2013 09:55:00 PM | Best Blogger Tips

တနင်္ဂနွေ
စိတ်မြန်၏။ ဇွဲကောင်း၏။ လွတ်လပ်မှု့ကို လိုလား၏။ ရည်ရွယ်ချက်များနေ သည်။ စိတ်လေနေသည်။ အကောင်းမထင် အပြစ်တင်ခံရမည်။ အထင်လွဲခံရမည်။ ငွေ ၊ ပစ္စည်း တစ်စုံတစ်ရာ ဖြင့် စကားပြောရတတ်သည်။ ရစရာငွေတို့ မရနိုင်သေးပါ။ အချစ်ရေး ပြန်၍ အဆင်ပြေမည်။ မိဘသားချင်း တို့ က သင့်အချစ်ရေး ကို ဖျက်လိမ့်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။  
အကျိုးပေးဂဏန်း - ၀ ၊ ၅ ၊ ၃။
အထူးဟော - အတိုက်အခံရှိသည်။
ယတြာ - အိမ်ဘုရားကို တနင်္ဂနွေ နေ့တွင် အုန်းဆွမ်းကပ်ပါ။
တနင်္လာ
          စိတ်လေမည်။ တခါတရံ တယူသန် စိတ်ရှိသည်။ တခါတလေ စိတ်ကောက်တတ်သည်။ စိတ်မြန်ကိုယ်မြန် ဆောင်ရွက်မှု့များ ဤ တစ်ပတ်အတွင်း ဆင်ခြင်ပါ။ ထိမိခိုက်မိ များ ၊ မှားယွင်းမှု့များ ၊ အလွဲလွဲ အချော်ချော် များ ဖြစ်တတ်သည်။ ပစ္စည်း ရတနာ ငွေကြေးတို့ ကို လူယုံထားပြီး မအပ်နှင့် ပြန်မရ ဖြစ်တတ်သည်။ အဒေါ် ၊ ဦးလေး ၊ သားချင်းတို့ နှင့် အတိုက်အခံ စကားပြောရတတ်သည်။ သင့်စေတနာကို သူများက သိလျက် နှင့် နားမလည်သလို လုပ်တတ်သည်။ ငွေဝင်လာမည်။ မရည်ရွယ်ဘဲ ခရီးထွက်ရမည်။ စာမေးပွဲအောင်မည်။ ထူးချွန်မည်။ အလုပ်ကိစ္စ အဆင်ပြေတယ်။    
အကျိုးပေးဂဏန်း - ၂ ၊ ၅ ၊ ၀။
အထူးဟော - ဆန္ဒမစောနှင့်။
ယတြာ - တနင်္လာနေ့ တွင် ငွေ (၁၀၀) ကျပ်ကို ပံ့သာကူပြုပါ။  
အင်္ဂါ
          တစ်ခါတစ်လေမှာ စိတ်လိုက်မာန်ပါ လုပ်ချင်ပြီး တစ်ခါတစ်လေမှာ စိတ်တိုင်းမကျ၍ စိတ်ပျက်စွာဖြင့် ဆက်မလုပ်ချင်ဖြစ်လာမည်။ မိသားစု ရဲ့ ယုံကြည် အားကိုးခံရသည့် ဖြစ်ရပ်မှ အပြစ်တင် အပုပ်ချခံရခြင်း သို့ရောက်ကိန်းရှိနေတယ်။ မိသားစု က သင့်အပေါ် အထင်မြင်သေးလာတတ်တယ်။ ပစ္စည်းငွေကြေး ကိစ္စ ရှုပ်မည်။ အချစ်ရေး ရှုပ်ထွေးမည်။ မရောက်ဘူးသော ခရီး  ၊ မလုပ်ဘူးသော အလုပ် ၊ မပေါင်းဘူးသော မိတ်ဆွေ တွေကြုံလာမည်။ ယခင်က လုပ်ငန်းမဟုတ်ဘဲ လုပ်ငန်းသစ်များ ဖြင့် အကောင်အထည် ဖော်ဖြစ်မည်။      
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။
အထူးဟော - အတိုက်အခံ ကျော်မည်။
ယတြာ - အင်္ဂါနေ့တွင် အောင်သပြေ လှူပါ။  
ဗုဒ္ဓဟူး
          လူမအား ၊ စိတ်မအား ဗျားများနေရတတ်သည်။ ကြိုးစားမှုများလည်း အောင်မြင်မှုရမည်။ အရာရာ မပြီးပြတ်မှု့ တွေဖြစ်တတ်သည်။ ချစ်သူရဲ့ အပြစ်တင်မှု့ များဖြစ်မည်။ အဝေးမှ လက်ဆောင်ပစ္စည်းရမည်။ ကား ၊ ဆိုင်ကယ် အမြန်မမောင်း နှင့် ခိုက်မိတတ်သည်။ ထီပေါက်ခြင်း (သို့မဟုတ်) ငွေစုလိုက် ၀င်ခြင်း တစ်ခုခု ဖြစ်မည်။ ကား ၊ စက် ၀င်ခြင်း ၊ မြေ ၊ အိမ် ပြောင်းရွှေ့ ခြင်း ပြုပြင်ခြင်း ဖြစ်မည်။ အိမ်ထောင်ကျကိန်းရှိသည်။ သင်၏ စွန့်စားမှု့များ အောင်မြင်မည်။  
အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။
အထူးဟော - အောင်မြင်မည်။
ယတြာ - မြတ်စွာဘုရားကို ရွှေသင်္ကန်းကပ်ပါ။    
ကြာသပတေး
          ငါလုပ်တာ ငါပြောတာ မှန်တယ်လို့ ယူဆပြီး ငြင်းခုံမှု့ မပြုသင့်ပါ။ တစ်ချို့ ကိစ္စတွေမှာ တဖက်လူရဲ့ ဆန္ဒတွေကို အလိုက်သင့် လိုက်လျောမှု့ များပြုပါမှ အဆင်ပြေမှု့ရလိမ့်မည်။ သို့သော်ရှယ်ယာ လုပ်ငန်းတွေ မလုပ်သင့်ပါ။ လူယုံမထားသင့်ပါ။ ငွေဝင်မည်။ စက်ပြောင်းလဲမှု့ ဖြစ်မည်။ ငယ်ရွယ်သူတို့ အတွက် စိတ်ရှုပ်ရမည်။ အလုပ်ပြောင်းလဲမှု့ ဖြစ်မည်။ လုပ်ငန်းသစ်များ အောင်မြင်မည်။ အချစ်ရေး တွေဝေမနေဘဲ ဆုံးဖြတ်ပါမှ အဆင်ပြေမည်။ အိမ်ထောင်ရေးမှာ အတိုက်အခံ ကြုံမည်။     
အကျိုးပေးဂဏန်း - ၅ ၊ ၂ ၊ ၆။
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။  
ယတြာ - ကြာသပတေး နေ့နံနက် တွင် အိမ်ဘုရားကို ပန်း (၅) မျိုး ကပ်၍ ဆုတောင်းပါ။   
သောကြာ
          ရည်ရွယ်ချက်တွေ အကောင်အထည်ဖော် မည်ကာလဖြစ်ပါသည်။ မပြတ်သားနေသော အချစ်ရေး ၊ အိမ်ထောင်ရေး အလုပ်အကိုင်တွေကို ပြတ်သားစွာ ဆောင်ရွက် ပါမှ သင်စိတ်ချမ်းသာ မှု့ရမည်။ ရှေ့ဆက်လုပ်ရမည်။ နေရာ အသစ် ၊ လုပ်ငန်းသစ် ဆောင်ရွက် ရန် အသစ် တွေ သင့်မှာ ပေါ်လာမည်။ ခရီးဝေး ယာယီတွေရောက်မည်။ ရှယ်ယာလုပ်ငန်းများအောင်မြင်မည်။ စွန့်စားမှု့ များအောင်မြင်မည်။ ဆန္ဒမစောပါနှင့်။ ကြီးသူတစ်ဦး ချုချာမည်။ ဖြေဆိုသော စာမေးပွဲများ ၊ အင်တာဗျူးများအောင်မြင်မည်။      
အကျိုးပေးဂဏန်း - ၆ ၊ ၃ ၊ ၉။
အထူးဟော - အကောင်းဆုံးက မှန်တယ်ထင်လျှင် စွန့်စားပါ။
ယတြာ - သောကြာနေ့နံနက်တွင် ဘုရားကို သောက်တော်ရေ (၅) ခွက် ကပ်လှူပါ။  
စနေ
          အရာရာမှာ သင့်ဘက်က အကောင်းမြင် ၀ါဒ ကို လက်ကိုင်ထားနေပါလိမ့်မည်။ မိသားစုအရေး၊ အလုပ်အကိုင်အရေး ၊ စီးပွားရေး ဆောင်ရွက်မှု့တွေ နှင့် တဖက်က အချစ်ရေး ၊ အိမ်ထောင်ရေး တွေကြောင့် အတွေးများ မည့် ကာလပင်ဖြစ်ပါသည်။ အတွေးများနှင့် တည်ဆောက်နေရတတ်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ခဲယဉ်းသော ကာလများပင်ဖြစ်ပါသည်။ လေထဲတိုက်အိမ်ဆောက် ဆိုသကဲ့သို့ ဖြစ်နေမည်။ ယာယီ ခရီးများ သွားရမည်။ ရှယ်ယာလုပ်ငန်းများ ပျက်ပြယ်မည်။ ကိုယ်ပိုင်လုပ်ငန်းတို့ အကောင်အထည်ဖော်ဖြစ်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး ကို မိသားစု ၊ မိဘ ရဲ့ ဆန္ဒ ကို လိုက်လျောလိမ့်မည်။ စီးပွားရေး ကံကောင်းလာမည်။       
အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၉။
အထူးဟော - သင်ဆန္ဒအတိုင်း မုချ အောင်မြင်မည် ။
ယတြာ - စနေနေ့ တွင် လမ်းသန့်ရှင်းရေးတစ်ခုလုပ်လိုက်ပါ။ 

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold Medalist )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1