Wednesday, May 15, 2013

(မိုး/ဇလ၏ ၂၀၁၃ ခုနှစ်၊ မေလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)၊ “ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏အခြေအနေ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိ”

Ever November | 5/15/2013 09:13:00 PM | Best Blogger Tips

ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ (မောင်တောမြို့)၏အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင် (၃၅၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့) ၏ တောင်ဘက် မိုင်(၃၃၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့် ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)အထိရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသနှင့် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)ဒေသများဆီသို့ ဦးတည်ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။ နောက်ဆုံးတိုင်းထွာရရှိသော ခန့်မှန်းချက်အရ မေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံမောင်တောမြို့အကြား ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။

မုန်တိုင်း ကမ်းခြေကိုဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မိုန်တိုင်းဒီရေအမြင့်ဆုံးမှာ (၈)ပေမှ (၁၀)ပေအထိနှင့် စစ်တွေခရိုင် ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ (၆)ပေမှ (၈)အထိမြင့်တက် နိုင်ကြောင်း ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1