Sunday, May 12, 2013

ကျောက်မျက်ရတနာဖြင့် ငွေချေးနိုင်သောဘဏ် ဖွင့်မည်

Ever November | 5/12/2013 02:26:00 PM | Best Blogger Tips

ကျောက်မျက်ရတနာများကို အာမခံ(အပေါင်)ထား၍ ချေးငွေပေးမည့် အများပိုင်ဘဏ် တစ်ခုကို ကျောက် မျက် လုပ်ငန်းရှင်များ ပူးပေါင်း၍ ယခုနှစ်ကုန်တွင် ရန်ကုန်မြို့တော်၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး(၃) ဦးထွန်းလှအောင် က ပြောကြားခဲ့ သည်။ “အခုဖွင့်ထားတဲ့ ဘဏ်တွေမှာ တန်ဖိုးဖြတ်ရခက်တဲ့အတွက် ကျောက်မျက် ရတနာတွေ အာမခံ (အပေါင်)ထားပြီး ငွေချေးလို့ မရဘူး” ဟု ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းချိုက ရှင်းပြသည်။ ယခု ဖွင့်လှစ်မည့်ဘဏ်တွင် ကျောက်မျက်လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်း ထားသောကြောင့် ကျောက်မျက်များကို တန်ဖိုးဖြတ်ရာတွင် အဆင်ပြေမည် ဖြစ်သဖြင့် ကျောက်မျက်ကို အာမခံထားကာ ချေးငွေရယူလိုသူများအတွက် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း ဘဏ်တည်ထောင်ခြင်း၏ ရည်ရွယ်ချက်ကို ဦးထွန်းလှအောင်က ရှင်းပြသည်။

“အခြားငွေချေးတဲ့ သူတွေကိုလည်း ကူညီမှာပါ။ မတည်ရင်းနှီးငွေက ဘယ်လောက်နဲ့စမယ်၊ ရှယ်ယာတွေကို ဘယ်လောက်နဲ့ ထုတ်ရောင်းမယ် ဆိုတာက ဆွေးနွေးဆဲပါ” ဟု ၄င်းက ဆိုသည်။ အဆိုပါဘဏ် ဖွင့်လှစ်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ခွင့်ပြုချက်ရရှိလျှင် မြန်မာနိုင်ငံ ဗဟိုဘဏ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်း က ပြောကြားသည်။ အဆိုပါဘဏ်မှာ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် သက်ဆိုင်မှုမရှိဘဲ ကျောက် မျက်လုပ်ငန်းရှင်များ စုပေါင်းတည်ထောင်ခြင်းသာ ဖြစ်ပြီး အများပိုင်ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းများ အတိုင်း ဘဏ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာများကို ရွေးချယ်မည်ဟု ဦးထွန်းလှအောင်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1