အစ္စရေးတို့အနေဖြင့်
 ဆီးရီးယားကို တိုက်ခိုက်မှုများ ပြုလုပ်နေပါက ဆီးရီးယား တပ်ဖွဲ့ဝင်များကို 
လေ့ကျင့်မှုများ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်း အီရန်စစ်ဘက် 
ထိပ်တန်းအရာရှိတစ်ဦးက မေ ၈ ရက်က ပြောကြားခဲ့သည်။ အစ္စရေးတို့အနေဖြင့် 
ဒေသတွင်း၌ မတည်မငြိမ်ဖြစ်အောင် တိုးမြှင့်လုပ်ဆောင်နေပါက မိမိတို့သည် 
အစ္စရေးအပေါ် အကောင်းမမြင်နိုင်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ 
ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရာမင်မက်မင်ပါရက်က ပြောကြားသည်။ 
ဆီးရီးယားမြို့တော် ဒမတ်စကတ်မြို့အနီးရှိ စစ်ဘက်သုတေသန ဌာနတစ်ခုပေါ်သို့ 
အစ္စရေးတို့က မေ ၅ ရက်က လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို 
ဆီးရီးယား ရုပ်မြင်သံကြားဌာနမှ ထုတ်လွှင့်ပြသခဲ့သည်။ ထိုအချိန်တွင် 
အီရန်စစ်ဘက်မှ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် အာမက်ရီဇာက ဆီးရီးယား 
တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးရန် အသင့်ရှိကြောင်း 
ပြောကြားလိုက်ခြင်းပင်ဖြစ်သည်။ ဆီးရီးယားတပ်ဖွဲ့ဝင်များအနေဖြင့် 
အစ္စရေးတို့အား တိုက်ခိုက်ရန် လေ့ကျင့်မှုများ လိုအပ်နေကြောင်း၎င်းက 
ထပ်မံပြောကြားသည်။ 
(ဆင်ဟွာ)khitlunge


No comments:
Post a Comment