Thursday, May 16, 2013

နောက်ဆုံးစက္ကန့်အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်း ယူရိုပါလိဂ်ဖလား ရရှိ

Ever November | 5/16/2013 09:39:00 PM | Best Blogger Tips

ချယ်လ်ဆီးအတွက် အရေးပါလှသည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပိုအတွင်း ၉၂ မိနစ်အကျော်တွင် နောက်ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက် သွင်း ယူခဲ့ခြင်း ဖြစ်သည်။
ယနေ့ (မေလ ၁၆ ရက်၊ ကြာဿပတေးနေ့) နံနက်အစောပိုင်းက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ အမ်စတာဒမ်အရီနာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးက ဘင်ဖီကာ အသင်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ယခုနှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးရရှိ သွားသည်။ ချယ်လ်ဆီးနှင့် ဘင်ဖီကာတို့၏ ပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးမရှိ သရေ ရလဒ်ဖြစ်ခဲ့သည်။

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၅၉ မိနစ်တွင် ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ဖာနန်ဒို တောရက်စ်က သွင်းယူခဲ့သည်။ ပွဲကစားချိန် ၆၈ မိနစ်တွင်မူ ပင်နယ်တီဧရိယာအတွင်း ချယ်လ်ဆီးနောက်ခံလူက ဘောလုံးဖျက်ထုတ်ရာတွင် လက်နှင့်ထိမိသောကြောင့် ဘင်ဖီကာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့သည်။ ပင်နယ်တီကို တိုက်စစ်မှူး ကာဒိုဇိုက အမှားအယွင်းမရှိ ကန်သွင်းကာ ဘင်ဖီကာအတွက် ချေပဂိုး ရယူပေးခဲ့သည်။

ထို့နောက် နှစ်သင်စလုံး အနိုင်ဂိုးရရှိရေး တိုက်စစ်ဆင်ကစားခဲ့သော်လည်း သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ တစ်ဂိုးစီသရေရလဒ်သာဖြစ်နေခဲ့သည်။ သို့သော် ချယ်လ်ဆီးအတွက် အရေးပါလှ သည့် ဆုဖလားရစေခဲ့သော အနိုင်ဂိုးကို နာကျင်အချိန်ပို ၃ မိနစ်အတွင်း ၉၂ မိနစ်အကျော် တွင် နောက် ခံကစားသမား အိုင်ဗန်နိုဗစ်က ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယူရိုပါလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့သည်။

planet

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1