Tuesday, June 11, 2013

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပြည်သူများအတွက် အထူးသတင်း

Ever November | 6/11/2013 11:41:00 AM | Best Blogger Tips

မက်စ်မြန်မာကုမ္ပဏီဥက္ကဌဦးဇော်ဇော်ကမလေးရှားနိုင်ငံတွင်အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများ
အား လိုအပ်သည်များ ကူညီနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်များအား စေလွှတ်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဦးရေ (၁၀၀၀) စာ အတွက် လေယာဉ်လက်မှတ် အခမဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မလေးရှားရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဒေါ်လာ ၂၀၀၀၀ ကို Eleven Media Group မှတစ်ဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းအား မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင်MAI လေကြောင်းလိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန်၁၂ရက်မှစ၍တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1