Saturday, June 8, 2013

ကီဆောင်စက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ ဆွေးနွေးမည်

Ever November | 6/08/2013 09:05:00 AM | Best Blogger Tips

ကီဆောင်စက်မှုဇုန် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးတို့အပြင် ကမ်ဂန်တောင်သို့ ခရီးသွားလုပ်ငန်းများ ပြန်လည် သွားလာနိုင်ရေးတို့နှင့် ပတ်သက်ပြီး မြောက် ကိုရီးယားနိုင်ငံက တောင် ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနက ဇွန် ၆ ရက်တွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားနိုင်ငံမှ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ကော်မတီ (စီပီအာကေ) ကော်မတီမှ ထုတ်ပြန်သော အထူးထုတ်ပြန်ချက် အစီရင်ခံစာကို ကေစီအင်န်အေ သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ လာမည့်ဇွန် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးကာ ကီဆောင်စက်မှုဇုန် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးနှင့် ကမ်ဂန်တောင်ခရီးစဉ်များ ပြန်လည် ဖွင့်လှစ်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ၄င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။ လွန်ခဲ့သည့် ၂ဝဝဝ ပြည့်နှစ် ဇွန် ၁၅ ရက်က တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီတို့ တွေ့ဆုံဆွေးနွေးပွဲ နှစ်ပတ်လည်ရက်၌ ယခုတွေ့ဆုံဆွေးနွေးရန် စီစဉ်ခြင်းဖြစ်သည်။ ယခုနှစ်ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ကိုယ်စားလှယ်များက ပူးပေါင်း ဆောင်ရွက်မှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမည်ဖြစ်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1