Saturday, June 8, 2013

ဖူကူရှီးမား နျူဓာတ်အားပေးစက်ရုံ ရေလှောင်တိုင်ကီမှ ရေဒီယို သတ္တိကြွရေများ စိမ့်ထွက်

Ever November | 6/08/2013 08:48:00 AM | Best Blogger Tips

ဂျပန်နိုင်ငံဖူကူရှီးမားမြို့ရှိ နျူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ရေလှောင်တိုင်ကီမှ ရေဒီယိုသတ္တိကြွနေသော
 ရေများ ယိုစိမ့်ခဲ့သည်ဟု ယင်းဓာတ်အားပေးစက်ရုံပိုင် ကုမ္ပဏီက ပြောကြားသည်။ ယင်းရေဒီယိုသတ္တိကြွရေများ ယိုစိမ့်မှုကို စက်ရုံအလုပ်သမားတစ်ဦးက ဇွန် ၅ ရက်တွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ဓာတ်အားပေးစက်ရုံပိုင်ရှင် တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီက ပြောကြားသည်။ ယင်းနျူကလီးယား ဓာတ်အားပေးစက်ရုံ ၀န်းကျင်ရှိ မြေအောက်ရေတွင် ရေဒီယိုသတ္တိကြွ ကာစီယမ် ငွေရောင်သတ္တုပျော့တစ်မျိုး ပါဝင်သည်ကို တွေ့ရှိရကြောင်း ဇွန် ၄ ရက်တွင် အဆိုပါ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်သည်။ ဖူကူရှီးမား ဒိုင်အိချိ နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် ၂၀၁၁ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်နှင့် ဆူနာမီရေလှိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး မကြာသေးမီ လများအတွင်းက ရေယိုစိမ့်မှု အကြိမ်များစွာ ဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1