Saturday, June 8, 2013

မြ၀တီ-ကော့ကရိတ် လမ်းကြောင်းသစ် မြင်ကွင်းများ

Ever November | 6/08/2013 09:45:00 AM | | Best Blogger Tips
(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

ထိုင်းနိုင်ငံက ဖောက်လုပ်ပေးနေသည့်၂၈မိုင်ကျော်အရှည်ရှိ မြ၀တီ-ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်းစီ
မံကိန်းအခြေအနေမှာ ကော့ကရိတ်မြို့အထိလမ်းအူကြောင်းဖောက်လုပ်မှု ရောက်ရိှသွားပြီဖြစ်သောကြောင့် သတ်မှတ်ချိန်အတွင်း စီမံကိန်းအကောင်အထည်ဖော်နိုင်မည်ဟု ထိုင်းအင်ဂျင်နီယာတဦးက ခန့်မှန်းပြောဆိုသည်။
၎င်းက ”လမ်းအူကြောင်းက ကော့ကရိတ်အထိပေါက်သွားပြီ ဆိုတော့ စီမံကိန်းမှာအသုံးပြုတဲ့ စက်ယန္တယား ယာဉ်တွေ သွားလာလို့ရပြီ။  ဒါပေမဲ့ မိုးရာသီဆိုတော့ မိုးများပြီး ခရီးမတွင်မှာတချက်ပဲ စိုးရိမ်တယ်” ဟု ပြောသည်။

၎င်းလမ်းအူကြောင်းကိုအသုံးပြုခဲ့သည့် KNU မှတပ်မှူးတဦးက ...
 ”ကိုယ်တို့စမ်းသပ်သွားလာကြည့်တာ ကားငယ်ဆိုရင် တနာရီကျော်ကျော်လေးပဲ ရှိတယ်။   ဒါတောင် မြေနီလမ်းကြမ်းပဲ ရှိသေးတယ်။  နှစ်လမ်းသွားကတ္တ ရာခင်းပြီးရင်တော့ မြ၀တီ-ကော့ကရိတ်ကို နာရီဝတ်ကျော်ကျော်နဲ့ အတော့်ကို ခရီးတွင်မယ်” ဟု ဧရာဝတီသတင်း ဌာနကိုပြောသည်။

၂၈ မိုင်ခရီးကိုနာရီဝက်ကျော်သာ မောင်းရမည်ဆိုသည့် ကားလမ်းအသစ်အကြောင်းကို ဒေသတွင်းမှ ယာဉ်မောင်းသူများ အထူးစိတ်ဝင်စားလျက်ရှိသည်။

အတက်တရက်၊ အဆင်းတရက်

မြ၀တီ-ကော့ကရိတ်လမ်းသည် ထိုင်းမြန်မာနယ်စပ်တလျှောက် အဓိကအကျဆုံး လမ်းကြောင်းဖြစ်သည်။ 
ယာဉ်စီးရေ ၁,၀၀၀ နီးပါး နေ့စဉ်  သွားလာနေကြသည့် လက်ရှိလမ်းတွင် ယာဉ်နှစ်စီး ရှောင်၍ မရသည့် လမ်းအနေအထား များစွာ ရှိသောကြောင့် တလမ်းမောင်းစနစ်ကိုသာ ကျင့်သုံးနေရသည်။

မြ၀တီမှ ကော့ကရိတ်သို့သွားသည့်နေ့ကို အဆင်းနေ့ဟု ခေါ်ကြသည်။

ကော့ကရိတ်မှ မြ၀တီသို့သွားလျှင် အတက်နေ့ဟု ခေါ်ကြသည်။

ထို့ကြောင့်  ကားများ တဘက်တည်းသို့သာ ဦးတည်သွားလာနေသည်ကို နေ့စဉ် တွေ့ရမည်ဖြစ်သည်။ 
မိုင် ၄၀ နီးပါးခန့် ကွာဝေးသည့် လမ်းကို ခရီးသည်တင်ကားငယ်များ အချိန် ၂ နာရီကျော်ကြာ မောင်းရပြီး ကုန်တင်ကားများ မှာအချိန် ၈ နာရီခန့်အထိအချိန်ယူကြရသည်ဟု ယာဉ်မောင်းသူများကပြောသည်။

လက်ရှိလမ်းကိုသက်တမ်းနှစ် ၂၀ ကျော်အသုံးပြု သွားလာနေကြရသည့်ယာဉ်မောင်းများက ကြုံတွေ့နေရသည့် အခက်အခဲများကို  လမ်းသစ် ဖောက်လုပ်ပြီးချိန်အထိသာ ရင်ဆိုင်ရတော့မည်ဟု ဆိုနေကြသည်။  

တရက်ခြားထုံးစံ ပျောက်မည်
လမ်းသစ်စီမံကိန်းပြီးလျှင် နှစ်လမ်းမောင်းနိုင်မည် ဖြစ်သောကြောင့် မော်တော်ယာဉ်များနေ့စဉ်အသွားအပြန် ပြေးဆွဲနိုင်မည်ဖြစ်သည်။

ကားလမ်းသစ်သည် တောင်းဆင်းတောင်တက် အနည်းငယ်သာရှိခြင်း၊  ခရီး မိုင်အကွာအဝေးကိုလည်း ၁၀ မိုင်ခန့် ပိုမို တိုတောင်းခြင်း စသည့် အားသာချက်များလည်း ရှိသည်။

ထိုင်းနိုင်ငံဘက်မှ ထိုင်းဘတ်ငွေ ၁,၁၆၆ သန်း အကုန်အကျခံဖောက်လုပ်ပေးသည့် တောင်ပတ်ကားလမ်းကို ထိုင်း နှင့်မြန်မာအစိုးရတို့ ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ 

စီမံကိန်းကို လာမည့်နှစ်ဧပြီလ ၃၀ ရက်နေ့တွင် အပြီးသတ်ရမည်ဖြစ်သည်။ 
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1