Wednesday, July 3, 2013

မြောက်ကိုရီးယားက လက်နက်ဝယ်ခဲ့မှုဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်က Blacklist စာရင်းသွင်း

Ever November | 7/03/2013 02:51:00 PM | Best Blogger Tips
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်း နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံက လက်နက်ဝယ် ယူခဲ့မှုနဲ့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇူလိုင် ၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အရင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်အောက်မှာ ကာကွယ်ရေးနဲ့ စစ်လက်နက် ထုတ်လုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့စဉ်က မြောက်ကိုရီးယား အစိုးရထံကနေ စစ်လက် နက်ဆိုင်ရာ ပစ္စည်းတွေဝယ်ယူခဲ့ပြီး ဒါဟာ လုံခြုံရေးကောင်စီရဲ့ ပိတ်ပင်တားမြစ်ချက်ကို ချိုးဖောက် တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားပြီး Black List ထဲသွင်း တာဖြစ်ပေ မယ့် မြန်မာအစိုးရတစ်ဖွဲ့လုံးအပေါ် ပစ်မှတ်ထားတာမဟုတ်တဲ့ အကြောင်း အေအက်ဖ်ပီသတင်းက ဆိုပါ တယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း တာဝန်ယူခဲ့ပြီး ကာလ အတန်ကြာမှ တပ်မတော်ရဲ့တာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ် အမိန့်နဲ့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
www.facebook.com/KamayutMedia

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1