Wednesday, July 3, 2013

ခွဲခြားဆက်ဆံမှုများ ပြုလုပ်လာပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

Ever November | 7/03/2013 09:13:00 AM | Best Blogger Tips
နိုင်ငံတော်အစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု ကိစ္စရပ်များကို လက်သင့် မခံကြောင်းနှင့် ယင်းကဲ့သို့ ပြုလုပ်လာမည်ဆိုပါက ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ပြန်
ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ခွင့်ပြုထားတယ်။ ပုဒ်မ ၃၆၄ မှာ ဒီလို မျိုး ခွဲခြားဆက်ဆံမှုတွေ လုံးဝမလုပ်ရဘူးလို့ အတိအလင်း ပြဌာန်းထားတယ်။ ဥပဒေကို ချိုးဖောက် လာမယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

လက်ရှိ အမျိုးစောင့်ဥပဒေ ရေးဆွဲရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုတွင် လူတိုင်း ကဖြစ်စေ၊ အဖွဲ့အစည်းတိုင်းကဖြစ်စေ ပါ့ဗလစ်ဒီဗိတ်ဟုခေါ်သော ဥပဒေရေးရာကိစ္စများနှင့် ဥပဒေဖြစ်စဉ် ကိစ္စများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်း၊ သို့သော် မိမိပြောသည့် အကြောင်းအရာတိုင်း ဥပဒေတစ်ခုဖြစ်ရန်မှာ ဖြတ်သန်းရမည့် အဆင့်များစွာ ရှိကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

“ဥပဒေကြမ်းတစ်ခုဖြစ်ဖို့ဆိုရင် ဥပဒေကြမ်းတင်သွင်းခွင့်ရှိတဲ့သူကလည်း တင်သွင်းခွင့်ရမယ်ဆိုတော့ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ ဘာမှမှတ်ချက် မပေးလိုပါဘူး။ ဒါပေမယ့် အမျိုးစောင့် ဥပဒေတင်မဟုတ်ဘူး။ ကျန်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြပါ။ လယ်ယာမြေဥပဒေ ပြင်ကြပါ။ အီလက်ထရောနစ် ဥပဒေ ပြင်ကြပါ။ ဒီလိုပြောနေကြတာဟာ ပါ့ဗလစ်ဒီဗီတ် အဆင့်ပဲ ရှိသေးတယ်။ ဥပဒေကြမ်းအဖြစ် တင်သွင်းလာတယ်။ အစိုးရအဖွဲ့ကနေ ပြောဆိုရမယ့် အချိန်ရောက်လာရင်တော့ ထုတ်ဖော်ပြောဆိုသွားမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အခြေခံဥပဒေတွင် ပြဌာန်းထားသော ပုဒ်မ ၃၆၄ ကို ချိုးဖောက်သည်ဟု သံသယရှိပါက သက် ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများ၊ ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများကို တိုင် ကြားနိုင်ကြောင်း သိရသည်။

ရည်မွန်

မြန်မာ့ခေတ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1