Wednesday, July 3, 2013

တိုက်ကြီးများဖလား ဗိုလ်လုပွဲကျင်းပစဉ် ဘရာဇီးရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်

Ever November | 7/03/2013 09:48:00 AM | Best Blogger Tips

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ အိမ်ရှင်ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့သည် တိုက်ကြီးများဖလား နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားနေကြစဉ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်ဟု ဇူလိုင် ၁ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မာရာကာနာ ဘောလုံးကွင်းအနီး၌ ဆန္ဒပြသူများက မီးရှူးမီးပန်းများ ပစ်လွှတ်နေကြစဉ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံး၍ ဖြိုခွဲခဲ့သည်။ သမ္မတ ဒီလ်မာယူဆက်သည် ယင်းဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခြင်း မပြုခဲ့ပေ။ ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ၀ိုင်းဝန်း လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ လွန်ခဲ့သည့်လ၌ ဘတ်စ်ကားခများ ဈေးတက်ရာမှ အစပြု၍ ပေါ်ပေါက်လာသော ဆန္ဒပြမှုသည် အခြားသော ပြဿနာများအထိ ကူးစက်သွားခဲ့သည်။ အဓိက မကျေနပ်ချက်မှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကုန်ကျစရိတ်များနှင့် အဂတိလိုက်စားမှုများ အပေါ် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးရန် တောင်းဆိုကြသည်။ တနင်္ဂနွေနေ့ စောစောပိုင်း၌ ဘရာဇီးဘောလုံးအဖွဲ့ချုပ် (စီဘီအက်ဖ်) အဆောက်အအုံ အတွင်းသို့ ဆန္ဒပြသူများက ၀င်ရောက်ရန် ကြိုးစားကြရာ ရဲတပ်ဖွဲ့က မောင်းထုတ်နိုင်ခဲ့သဖြင့် အဆောက်အအုံ၏ အပြင်ဘက်တွင် စုရုံးနေကြသည်။ စီဘီအက်ဖ်ဥက္ကဋ္ဌ ဟိုဆေးမာရီယာ မာရင်ကို အရည်အချင်း မပြည့်ဟု စွပ်စွဲလျက် တာဝန်မှ နုတ်ထွက်ပေးရန် ဆန္ဒပြသူများက တောင်းဆိုကြသည်။ သီးခြားဆန္ဒပြမှုဖြစ်စဉ်မှာ မာရာကာနာ ဘောလုံကွင်းသို့ ထောင်ပေါင်းများစွာသော လူများသည် ဘင်များတီးခတ်၍ ချီတက်ခဲ့ကြသည်။ ဘောလုံးပွဲ မစမီ မိနစ်ပိုင်းအလိုတွင် ဆန္ဒပြသူ အုပ်စု အနည်းငယ်က ရဲတပ်ဖွဲ့ကို ကျောက်ခဲများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက များက မျက်ရည်ယိုဗုံးများ၊ သံချပ်ကာကားများ အသုံးပြု၍ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့သည်။ ဘောလုံးပွဲ ကျင်းပနေစဉ် ပြဿနာများ ထပ်မံ ဖြစ်ပွားခြင်းမရှိပေ။ ယင်းပွဲစဉ်၌ အိမ်ရှင်က ဧည့်သည့် စပိန်ကို သုံးဂိုး-ဂိုးမရှိဖြင့် နိုင်ခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1