Monday, July 1, 2013

ကာဒိုဇိုကို မန်စီးတီးနှင့်အပြိုင် ကမ်းလှမ်းရန် ကားဒစ်ဖ် ကြံရွယ်

Ever November | 7/01/2013 11:45:00 AM | Best Blogger Tips

ဘင်ဖီကာ တိုက်စစ်မှူး အော်စကာ ကာဒိုဇို အတွက် မန်ချက်စတာ စီးတီးနှင့် အပြိုင် ကြိုးစားရန် ကားဒစ်ဖ်စီးတီး အသင်းက အသင့်ပြင်ဆင်နေကြောင်း သိရသည်။
ဝေလပြည်နယ် အခြေစိုက် အသင်းငယ်လေးသည် ပေါင်စတာလင် (၁၅)သန်း ပေါက်ဈေးရှိသော ပါရာဂွေး လက်ရွေးစင်ကို အလေးအနက် စိတ်ဝင်စား နေကြောင်း သတင်းများက ဆိုသည်။ မန်စီးတီး မန်နေဂျာသစ် မန်နျူရယ်လ် ပယ်လီဂရီနီသည် အသင်း၏ တိုက်စစ်အင်အားကို ဖြည့်တင်းရန် အတွက် အသက်(၃၀)အရွယ်ရှိ ကစားသမားကို ပစ်မှတ်ထားလျှက် ရှိသည်။ တူရကီကလပ် ဖီနာဘာချီသည် ကာဒိုဇိုအတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ လတ်တလောတွင် ကာဒိုဇိုသည် ဘင်ဖီကာ နည်းပြ ဂျော့ဂျီးဆက်စ်နှင့် လူသိရှင်ကြား ပြဿနာ တက်ထားသည့်နောက် ပေါ်တူဂီ ကလပ်ကို ကျောခိုင်းရန် နီးစပ်လျှက် ရှိသည်။
ကားဒစ်ဖ်သည် ပရီးမီးယားလိဂ်တွင် အားကောင်းမောင်းသန် ယှဉ်ပြိုင်နိုင်ရန် ဆန္ဒရှိနေရာ ဘင်ဖီကာအတွက် အဓိက ဂိုးသွင်းသူ အဖြစ် ထင်ရှားသော ကာဒိုဇိုကို ချိတ်ဆက်လာခြင်း ဖြစ်သည်။ ယင်းအနေအထားတွင် ၎င်းတို့သည် မန်စီးတီးကို သေချာပေါက် ယှဉ်ပြိုင်ရမည့် အခြေအနေ ရှိနေသည်။ ကားဒစ်ဖ် အသင်းသည် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်မှ တိုက်စစ်မှူး အန်းဒရက်စ် ကော်နီလီရက်စ်ကိုလည်း ပေါင်စတာလင် (၈)သန်းဖြင့် ခေါ်ယူထားပြီး အိုလံပစ် လိုင်ယွန် တိုက်စစ်မှူး ဘာဖီတင်မ်ဘီ ဂိုမစ်အတွက် ကြိုးပမ်းမှုမှာမူ ရုန်းကန် နေရဆဲဟု သိရှိရသည်။ 
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1