Monday, July 1, 2013

ဘရာဇီးလ်က မိမိတို့ထက် ကံသာခဲ့ကြောင်း စပိန်နည်းပြ ညည်းညူ

Ever November | 7/01/2013 11:31:00 AM | Best Blogger Tips

ကွန်ဖက်ဒရေးရှင်း ဖလား ဗိုလ်လုပွဲတွင် ဘရာဇီးလ်က မိမိတို့ထက် ကံသာခဲ့ကြောင်း စပိန် လက်ရွေးစင် အသင်းနည်းပြ ဗင်းဆင့် ဒဲလ်ဘော့စကေးက ညည်းညူပြောဆိုသွားခဲ့သည်။
ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ စပိန် အသင်းသည် အိမ်ရှင် ဘရာဇီးလ်ကို မာရာကာနာ ကွင်းကြီးအတွင်း (၃-၀)ဖြင့် ဂိုးပြတ် အရေးနိမ့်ကာ ကွန်ဖက်ဒရေးရှင်း ဆုဖလားကို လက်တစ်ကမ်း အကွာမှ စွန့်လွှတ် ခဲ့ရသည်။ စပိန်သည် (၂၉)ပွဲဆက် ရှုံးပွဲမရှိ စံချိန် ပျက်ပြယ်ခဲ့ရပြီး ယခု ပွဲစဉ်တွင် ဆာဂျီယို ရာမို့စ်က ပင်နယ်တီ လွဲချော်ခဲ့သလို အခြားခံစစ်မှူး တစ်ဦးဖြစ်သော ဂျရတ်ပီကေးလည်း အနီကတ် ထိခဲ့သည်။ ထို့အပြင် ဘရာဇီးလ်ဘက်မှ ရသွားသော (၂)ဂိုးမှာ ကံကြမ္မာ၏ အထောက်အပံ့ ကောင်းနေ၍ ဖြစ်ကြောင်း ဒယ်လ်ဘော့စကေးက မှတ်ချက်ပြုခဲ့သည်။
"သူတို့ဘက်က နည်းနည်းတော့ ကံသာနေတယ် ဆိုတာမျိုး ဖြစ်နိုင်တယ်။ အထူးသဖြင့် ပထမပိုင်းနဲ့ ဒုတိယပိုင်း အစလေးတွေမှာ ရသွားတဲ့ သူတို့ဂိုးတွေကြောင့်ပေါ့" ဟု ဒယ်လ်ဘော့စကေးက ဆိုစည်။ အသက်(၆၂)နှစ်ရှိ နည်းပြကြီးက "ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့တာ အတွက်တော့ ဆင်ခြေပေးနေမှာ မဟုတ်ပါဘူး။ ဘရာဇီးလ်ဟာ ထိုက်တန်တဲ့ အောင်နိုင်သူတွေပါ။ သူတို့ကို ကျွန်တော်တို့ ဂုဏ်ပြု ချီးကျူး ရပါမယ်" ဟုလည်း ပြောဆိုခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် ဘရာဇီးလ် နောက်ခံလူ ဒေးဗစ်လုဇ်သည် ဂိုးစည်းပေါ်မှ ဘောလုံးကို ရှင်းထုတ်ခဲ့ပြီး မကြာမီပင် နေမာက ဘရာဇီးလ် အတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူခဲ့သည်။
ဒယ်လ်ဘော့စကေးက "ကျွန်တော်တို့ (၁)ဂိုးစီ သရေကျနိုင်တဲ့ အခြေအနေပါ။ ဒါပေမဲ့ (၂-၀)နဲ့ နောက်ရောက်သွားတယ်"ဟု ယင်းအခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကွန်ဖက်ဒရေးရှင်း ဖလားမှာ ဗိုလ်လုပွဲက လွဲပြီးတော့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ် ထင်ပါတယ်။ ရိုးရိုးလေးပါ။ ဘရာဇီးလ်က ကျွန်တော်တို့ထက် ပိုသာခဲ့ပါတယ်။ ဒီထက် ဘာမှ ပြောစရာ မရှိပါဘူး" ဟုလည်း ပြောဆိုသွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1