Monday, July 1, 2013

ကာဗာနီကို ရရှိရန် အရှိန်မြှင့် ကြိုးစားနေသည့် ချယ်လ်ဆီး

Ever November | 7/01/2013 11:37:00 AM | Best Blogger Tips

ချယ်လ်ဆီး အသင်းသည် နာပိုလီ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို ခေါ်ယူနိုင်ရေး တစ်စထက် တစ်စ နီးစပ်လာပြီဟု သတင်းများက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးသည် ကာဗာနီ အတွက် ပေါင်စတာလင် (၄၂.၇)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ကို အီတလီ ကလပ်အသင်းထံ ပေးပို့ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အဆိုပါ အနေအထားသည် နာပိုလီက သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးအောက် ပေါင်စတာလင် (၁၁.၂)သန်းမျှ လျော့နည်းနေဆဲ ဖြစ်သည်။ ရီးယဲလ်မက်ဒရစ် အသင်းမှာလည်း ကာဗာနီ၏ အနေအထားကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး ကာဗာနီက လက်ရှိ အပြောင်းအရွှေ့ သတင်းများကြောင့် အတန်ငယ် အနှောင့်အယှက် ဖြစ်လာကြောင်း ပြောဆိုခဲ့သည်။
ဥရုဂွေး လက်ရွေးစင်က "ကွန်ဖက်ဒရေးရှင်း ဖလားမတိုင်ခင်က ဈေးကွက် ကောလာဟလတွေကြောင့် ကျွန်တော့်အပေါ် ဘာသက်ရောက်မှုမှ မရှိနိုင်ဘူးလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော့်အတွက် နည်းနည်း အနှောင့်အယှက် ဖြစ်လာတာ ဝန်ခံပါတယ်" ဟု ဆိုသည်။ ရီးယဲလ်နှင့်အတူ မန်ချက်စတာ စီးတီးသည်လည်း ကာဗာနီကို စိတ်ဝင်စားနေကြသည့်တိုင် မည်သည့် အသင်းမျှ လက်ရှိ အချိန်ထိ ကစားသမားအတွက် ခေါ်ဈေး အတိုင်း ပေးချေလိုစိတ် မရှိသေးချေ။ အခြားသော သတင်းများအရ ချယ်လ်ဆီးသည် စပို့တင်း လစ္စဘွန်း တောင်ပံ ကစားသမားလေး ဘရူမာကို ခေါ်ယူရန်လည်း စီစဉ်နေကြောင်း သိရှိရသည်။
အသက်(၁၈)နှစ်ရှိ ပေါ်တူဂီ လူငယ်လေးကို မန်စီးတီးကလည်း ချိတ်ဆက်နေသည်။ စပို့တင်းသည် ဘရူမာအတွက် ပေါင်စတာလင် (၈)သန်းအပြင် စွမ်းဆောင်ရည်အလိုက် နောက်ထပ် တိုးမြှင့် ပေးချေမှုများ ပြုလုပ်မည့် ကမ်းလှမ်းချက်မျိုးကို လိုလားနေကြောင်း သိရှိရသည်။ ဘရူမာသည် ပေါ်တူဂီကလပ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည်။ ချယ်လ်ဆီးသည် အသက်(၁၆)နှစ်သာ ရှိသေးသည့် ဝက်စ်ဘရွန်းဝစ်ခ်ျ ကွင်းလယ် ကစားသမားလေး အိုင်ဆီဘရောင်းကိုလည်း အာဆင်နယ်၊ လီဗာပူးလ်တို့နှင့်အပြိုင် စိတ်ဝင်စားနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1