Thursday, July 11, 2013

ဘာစီလိုနာနှင့် လေ့ကျင့်ခန်း ဆင်းရန် သီယာဂို စီစဉ်

Ever November | 7/11/2013 10:01:00 AM | Best Blogger Tips

သီယာဂို အယ်လ်ကန်ထရာသည် ရာသီသစ် အတွက် ဘာစီလိုနာနှင့် အတူ လေ့ကျင့်ခန်း ဆင်းရန် စတင်ပြင်ဆင်နေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့မည်ဟု ကာလရှည်ကြာ သတင်းကြီးနေသော ဘရာဇီးလ်နွယ်ဖွား စပိန်လက်ရွေးစင် လူငယ် ကွင်းလယ် ဖန်တီးရှင်သည် လတ်တလောတွင် နွေရာသီ အားလပ်ရက်အတွက် အနားယူနေသည်။ ၎င်းသည် စပိန်လူငယ် အသင်းနှင့်အတူ ဥရောပ အသက်(၂၁)နှစ်အောက် ချန်ပီယံဆုကို ရယူပြီးသည့်နောက် ဇူလိုင်လ (၁၅)ရက်နေ့ထိ နားရက် ရထားခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ သီယာဂိုသည် ဘာစီလိုနာ အသင်းဖော်များနှင့် ပူးပေါင်းမည် ဖြစ်သည်။
အင်္ဂလန် ချန်ပီယံ ယူနိုက်တက်သည် သီယာဂိုအတွက် အားထုတ် ကြိုးပမ်းမှုများ ရှေ့ဆက် မနီးစပ်နိုင်သည့် အခြေအနေ ဖြစ်နေပြီး အသက်(၂၂)နှစ်ရှိ ကစားသမားသည် နူးကမ့်ကို ပြန်လည် ငဲ့စောင်းကြည့်လာဖွယ် ရှိနေသည်။ ဘာစီလိုနာနှင့် ယူနိုက်တက်တို့သည် သီယာဂို၏ အပြောင်းအရွှေ့အတွက် သဘောတူညီမှုတစ်ခု မတည်ဆောက်နိုင်သေးဟု ယုံကြည်ရပြီး ဘာစီလိုနာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တိုနီဖရက်စီရာ သီယာဂိုသည် အသင်းဖော်များနှင့်အတူ ပူးပေါင်း လေ့ကျင့်ရန် ပြင်ဆင်နေပြီဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အသင်းသား အားလုံး ပြန်စုမှာပါ။ သီယာဂိုက တစ်ယောက် အပါအဝင် ဖြစ်လိမ့်မယ်။ သူဟာ ဘာစီလိုနာနဲ့အတူ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေကို စတင်ဖို့ မျှော်မှန်းထားပါတယ်"ဟု ဖရက်စီရာက ဆိုသည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ဈေးကွက်အတွင်း လူသစ်များ ဝယ်ယူရန် စီစဉ်ထားဆဲဟု ပြောဆိုထားသည့်တိုင် ရာသီကြို ခရီးစဉ် မတိုင်မီ ဖြစ်နိုင်ရန်မူ ခဲယဉ်းကြောင်း သတင်းထောက်များထံ ဝန်ခံထားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1