Thursday, July 11, 2013

ရှဝါဇာကို (၁)နှစ် စာချုပ်ဖြင့် ချယ်လ်ဆီး ခေါ်ယူ

Ever November | 7/11/2013 09:39:00 AM | Best Blogger Tips

ချယ်လ်ဆီး အသင်းသည် ဝါရင့် ဂိုးသမားကြီး မာ့ခ်ရှဝါဇာကို (၁)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
အသက်(၄၀)အရွယ် ရှိပြီဖြစ်သော ဩစတြေးလျ လက်ရွေးစင်သည် ဖူလ်ဟမ် အသင်းနှင့် စာချုပ် ဖျက်သိမ်းပြီးနောက် ကလပ် အသင်းလက်မဲ့ ဖြစ်နေရာမှ ယခုအခါ စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ရောက်ရှိလာသည်။ ချယ်လ်ဆီးတွင် အရန် ဂိုးသမားနှစ်ဦး ထွက်ခွာသွားသည့်နောက် ပီတာဆက်ခ်ျ၏ နေရာကို ထောက်ပံ့ပေးနိုင်ရန် အတွက် ရှဝါဇာကို စာချုပ်ခဲ့ခြင်း ဖြစ်သည်။ ရှဝါဇာသည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေးမဲ့ဖြင့် ရောက်ရှိလာပြီးနောက် ဆက်ခ်ျ၏ အရန် ဂိုးသမား အဖြစ် ကာလတို တာဝန် ယူသွားမည် ဖြစ်သည်။
ချယ်လ်ဆီးတွင် ရော့စ်တန်ဘူးလ်နှင့် ဟင်းနရစ် ဟီလာရီယိုတို့ နှစ်ဦးလုံး ယခုနွေရာသီတွင် ထွက်ခွာသွားကြပြီး လူငယ် ဂိုးသမား သီဘောက် ကော့ထရစ်ကိုလည်း အက်သလက်တီကို မက်ဒရစ်တွင် ဆက်လက် အငှားချထားမည်ဖြစ်ရာ ရှဝါဇာကဲ့သို့ ဝါရင့် တစ်ဦးကို အရန်နေရာအတွက် လိုအပ်လာခဲ့သည်။ ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် နောဝှစ်ခ်ျစီးတီး ဂိုးသမား ဂျွန်ရူဒီကိုလည်း ချိတ်ဆက်ခဲ့သေးသည့်တိုင် နောက်ဆုံးတွင်မူ ရှဝါဇာကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။ ဖူလ်ဟမ်သည် ရိုးမားမှ နယ်သာလန် လက်ရွေးစင် မာတန် စတီကလန်ဘာ့ဂ်ကို ဝယ်ယူခဲ့ပြီးနောက် ရှဝါဇာကို ထွက်ခွာခွင့် ပေးလိုက်ခြင်းဖြစ်သည်။
ရှဝါဇာက "ချယ်လ်ဆီးဟာ ထူးခြားတဲ့ ကလပ်တစ်ုခပါ။ ပြီးတော့ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံး စာရင်းဝင် အသင်းတစ်ခု ဖြစ်ပါတယ်။ ချယ်လ်ဆီးကို ပြောင်းရတာ ဂုဏ်ယူစရာပါ။ ဒီကိုလာဖို့ ကျွန်တော် သိပ်ပြီး တွေးတောနေစရာ မရှိခဲ့ပါဘူး"ဟု ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1