Monday, July 1, 2013

ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုလိုင်စင် ရရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင် နိုင်ကြောင်း သိရ

Ever November | 7/01/2013 11:43:00 AM | Best Blogger Tips
 စမ်းချောင်းမြို့နယ် အတွင်းရှိ ၁၅၀၀ တန် ဖုန်းကတ်များ ၀ယ်ယူခွင့် ရရှိရန် မဲစာရင်းကြည့်ရှုနေသူများ
၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန်အတွက် တင်ပြထား
သည့် ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၁၅၊ ၁၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၀၊ ၅၆၊ ၅၇၊ ၅၈၊ ၇၄၊ ၇၆ တို့ဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှု လိုင်စင်ရရှိသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်မှု များ ပြု လုပ်နိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြပါသည်။
ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ လုပ်ကိုင် ရန် နော်ဝေနိုင်ငံ Telenor နှင့် ကာတာနိုင်ငံ Qtel (Ooredoo) တို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ ပြီးနောက် ဥပဒေရေးရာ ကျွမ်းကျင်သူများက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တည်ထောင်ခွင့် လိုင်စင် ရရှိသူ အော်ပရေတာ လေးခုအနက် နှစ်ခုကို အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ခရိုနီ လုပ်ငန်း ရှင်များ ပိုင်ဆိုင်ထားသည့် ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီတို့ ရရှိထားသည့် အတွက် ပြည်ပကုမ္ပဏီများ၏ လွတ်လပ်စွာ ဈေးကွက် ယှဉ်ပြိုင်မှုအပေါ် မည်မျှအထိ ခွင့်ပြုနိုင် မည်ဆိုသော မေးခွန်းများ ထွက်ပေါ်နေချိန်၌ ပြောဆိုခဲ့ကြခြင်းလည်း ဖြစ်ပါသည်။
''ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာ စီးပွားရေး လုပ်ငန်းတွေအပေါ် ၀န်ကြီးဌာနက လွှမ်းမိုးထား တဲ့ ပြဋ္ဌာန်း ချက်တွေ အများကြီး ရှိနေတယ်'' ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားပါသည်။
ဆက်သွယ်ရေး ဥပဒေကြမ်းပါ ပုဒ်မ ၁၅ နှင့် ၁၆ တွင် လိုင်စင် ရရှိသူများသည် ၀န်ကြီးဌာနနှင့် ဦးစီးဌာန ၏ ညွှန်ကြားချက်များကို အပြည့်အ၀ လိုက်နာရန် ဖော်ပြထားပြီး ပုဒ်မ ၃၂ တွင် လုပ်ငန်းလိုင်စင် ရရှိသူများသည် ခွင့်ပြုပေးထားသော ၀န်ဆောင်ခ နှုန်းထားများဖြင့်သာ ၀န်ဆောင်မှု လုပ်ငန်း များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ၀န်ဆောင်ခ နှုန်းထားများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်း များ ပြုလုပ်လိုသည် ဆိုပါက ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ရမည်ဟု ဖော်ပြခဲ့ပါသည်။ ပုဒ်မ ၃၈ တွင်မူ လုပ်ငန်းလိုင်စင် ရရှိသူများသည် နှုန်းထားပြင်ဆင် သတ်မှတ်ရန် ဆောင် ရွက်ခြင်း ၊ ဈေးကွက်ခွဲဝေ ရယူရန် ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးပစ္စည်း ထောက်ပံ့သူ၊ ရောင်းချသူ တစ်ဦးဦး ထံမှ ၀ယ်ယူခြင်း မပြုရန် ဆောင်ရွက်ခြင်း၊ ပြိုင်ဘက်တစ်ဦး ဦးအား မတရားသော နည်းလမ်းဖြင့် ဆန့်ကျင်မှု ပြုလုပ်ခြင်း ကိစ္စများကို လုပ်ဆောင်ရာတွင် ပုဂ္ဂိုလ်တစ်ဦးဦး၊ ဌာနသို့မဟုတ် အဖွဲ့အစည်း တို့နှင့် နားလည်မှု ရယူဆောင်ရွက်ခြင်း၊ သဘောတူညီမှု ရယူခြင်း၊ အစီအစဉ်များ ပြုလုပ်ခြင်း သို့မဟုတ် စာချုပ်ချုပ်ဆိုခြင်းများကို မပြုလုပ်ရန် တားမြစ်ထားပါသည်။
ပုဒ်မ ၄၀ တွင် ပုဒ်မ ၃၇၊ ၃၈ နှင့် ၃၉ များတွင် ဟန့်တားထားသော တားမြစ်ချက်များကို ဖောက်ဖျက်ပါက ဦးစီးဌာန အနေဖြင့် ၀န်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူပြီး လုပ်ငန်းလိုင်စင် ရရှိသူအား လုပ်ဆောင်မှု များကို ရပ်စဲရန် ညွှန်ကြားနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ ပုဒ် ၄၃ တွင် ပြဋ္ဌာန်းချက်အရ အငြင်းပွား မှုများ ဖြစ်ပေါ်ပါက ထိုအငြင်းပွားမှုများကို ဦးစီးဌာနက ဖြေရှင်းပေးမည်ဖြစ်ပြီး ကျေနပ်မှု မရှိပါက ၀န်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကာ ၀န်ကြီးဌာန၏ ဆုံးဖြတ်ချက်မှာ အပြီးအပြတ် ဖြစ်စေရမည် ဟု ဖော်ပြထားသည်။
ပုဒ်မ ၅၆ တွင် ဦးစီးဌာနသည် ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များဖြင့် စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း တို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လိုင်စင်ရယူထားသော ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအပါအ၀င် အခြားသော ကွန်ရက်အထောက်အကူပြု လုပ်ငန်းများ၊ ဆက်သွယ်ရေး ပစ္စည်းများကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကွဲခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိရန် ဖော်ပြထားပြီး ပုဒ် ၅၇ တွင် ဦးစီးဌာန အနေဖြင့် လိုအပ်သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ လိုအပ်သော သတင်းအချက်အလက်နှင့် အထောက် အထားများ၊ စာရွက်စာတမ်းများနှင့် စာတမ်းအမှတ်အသားများကို တင်ပြစေခြင်းတို့ကို ပြု လုပ်နိုင်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း ဆောက်ရွက်သည့် အဆောက်အအုံနှင့် နေရာများ၊ စက်ပစ္စည်း များကို ၀င်ရောက်ကြည့်ရှု စစ်ဆေးနိုင်ခြင်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ စာရင်းဇယားနှင့် စာရွက်စာတမ်းများ၊ စာတမ်း အမှတ်အသားများကို ကြည့်ရှုစစ်ဆေးခြင်း ၊ ကောက်နုတ် ချက် ရယူခြင်းနှင့် မိတ္တူကူးခြင်းများကို ပြုလုပ်နိုင်ကြောင်း ဖော်ပြထားပါသည်။

ပုဒ်မ ၇၃ တွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး သို့မဟုတ် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော မည်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကိုမဆို ကြားဖြတ်ဖမ်းယူရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ညွှန်ကြားနိုင်ရန် ပြဋ္ဌာန်းထားပါသည်...

ပုဒ်မ ၅၈ တွင် လိုင်စင်ရရှိသူက စည်းကမ်းဖောက်ဖျက်ခြင်း၊ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊ လိုင်စင်ရရှိသူ၏ တာဝန်တစ်ရပ်ရပ်ကို ပျက်ကွက်ခြင်းများ ဖြစ်ပေါ်ရာ၌ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းကို ၀န်ကြီးဌာနနှင့် ဦးစီးဌာနမှ အပြည့်အ၀ လုပ်ဆောင်နိုင်ရန် လုပ်ပိုင်ခွင့်ပေးထားပြီး ပုဒ်မ ၅၉ တွင် ဦးစီးဌာနက ပုဒ်မ ၅၈ အရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို မကျေနပ်ပါက ၀န်ကြီးဌာနသို့ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံ ၀င်နိုင်မည်ဖြစ်ကာ ၀န်ကြီးဌာနသည် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ခြင်း၊ ဦးစီးဌာန၏အမိန့်ကို အတည်ပြုခြင်း ၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို ပြုလုပ်နိုင်မည်ဟု ဖော်ပြထားပါသည်။
ပုဒ်မ ၇၃ တွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး သို့မဟုတ် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော မည်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကိုမဆို ကြားဖြတ်ဖမ်းယူရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ညွှန်ကြားနိုင် ရန် ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၇၄ တွင် ၀န်ကြီးဌာန သို့မဟုတ် ယင်းက တာ ၀န်ပေးအပ် ထားသော ဌာန၊ အဖွဲ့ အစည်းသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စများအတွက် သော်လည်းကောင်း၊ အများပြည်သူ၏ အကျိုးအတွက် သော်လည်းကောင်း၊ လုပ်ငန်းလိုင်စင် ရရှိသူတစ်ဦးဦးက လုပ်ကိုင် လျက်ရှိသော ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်အတွင်း ၀န်ဆောင်မှု ပြုလုပ်နေသူကို လိုအပ်ပါက ၀င်ရောက်ကြည့်ရှု စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေခြင်းများ ပြုလုပ်နိုင်ရန် ပြဋ္ဌာန်းထားခဲ့သည်။ ပုဒ်မ ၇၅ တွင် ၀န်ကြီးဌာနသည် အများပြည်သူ အကျိုးဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်လာသည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအား ယာယီရပ်ဆိုင်ရေး၊ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများကို ယာယီ ထိန်းချုပ် သုံးစွဲရေးတို့အတွက် လုပ်ငန်းလိုင်စင် ရရှိသူအား ညွှန်ကြားနိုင်ရန် ပြဋ္ဌာန်းထားသည်။ ပုဒ် ၇၆ တွင် လိုင်စင်ရရှိသူသည် ပုဒ်မ ၇၅ ပါကိစ္စရပ်များ အနက် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း တစ်ရပ်ရပ်အား လုံခြုံရေး ကိစ္စအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ဖမ်းယူမှု ပြုလုပ်ပေးနိုင်ရေးကို ကြိုတင်စီမံ ဆောင်ရွက်ထားရှိရမည်ဟု ဖော်ပြထားသည်။
''ဥပဒေကြမ်းမှာ ဖော်ပြထားတဲ့ အရာတွေထဲမှာ အထင်ရှားဆုံး အချက်ကတော့ ဈေးနှုန်းကိစ္စကို ၀န်ကြီး ဌာနက သတ်မှတ်ပေးတဲ့ နှုန်းထားအတိုင်း ဖြစ်ရမယ်ဆိုတဲ့ အချက်ပဲ။ လုံခြုံရေးရှုထောင့်က ထည့်စဉ်းစားတဲ့ ကိစ္စတွေကတော့ သတ်သတ်ပေါ့ဗျာ။ ဈေးနှုန်းကိစ္စမှာ ၀န်ကြီးဌာန ပါဝင်ပတ်သက် တာက လွတ်လပ်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုမှာ ပြဿနာရှိလာနိုင်တယ်'' ဟု ဦးကိုနီက ပြောကြားသည်။
ဈေးနှုန်းသတ်မှတ်မှု အပိုင်းတွင် လုပ်ငန်းလိုင်စင်အတွက် တင်ဒါခေါ်ယူစဉ်က တင်ပြခဲ့သည့်အတိုင်း လုပ်ဆောင်သည် ဆိုပါက ပြဿနာ မရှိနိုင်သော်လည်း လိုင်စင်ရပြီးချိန်တွင် ပြောင်းလဲ သတ်မှတ်မည် ဆိုပါက ပြဿနာ ရှိလာနိုင်ကြောင်း သုံးသပ်မှုများ ရှိပါသည်။
''အခုချိန်မှာ နှစ်ဘက်စလုံးကို စိုးရိမ်နေရတယ်။ အစိုးရပိုင်းက သဘာဝမကျတာတွေ လုပ်လာမှာကို စိုးရိမ်ရသလို၊ ကုမ္ပဏီတွေဘက်က သဘာဝမကျ လုပ်လာမှာတွေကိုလည်း စိုးရိမ်ရတယ်။ အစိုးရဌာန ဆိုင်ရာတွေနဲ့ ၀န်ကြီးဌာနပိုင်းက လူတွေ မှန်မှန်ကန်ကန်နဲ့ ရိုးရိုးဖြောင့်ဖြောင့် လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားသည်။
ဥပဒေကြမ်းကို အသုံးပြုပြီး ပြည်တွင်းအော်ပရေတာနှစ်ခု နစ်နာမှု မရှိစေရန် ပြုလုပ်လာနိုင်သည် ဆိုသော အချက်မှာ အစိုးရနှင့် လွှတ်တော်တို့ သီးခြားစီ ရပ်တည်နိုင်မှု အပေါ်တွင်သာ မူတည်မည်ဟု Fairway Web ၏ ပရောဂျက်မန်နေဂျာ ကိုအိမောင်က ပြောကြားသည်။
''လွှတ်တော်နဲ့ အစိုးရက သီးခြားအဖြစ် ရပ်တည်နေမယ် ဆိုရင်တော့ စိတ်ပူစရာ မလိုပါဘူး။ အဲလို သီးခြားအဖွဲ့အဖြစ် အမှန်တကယ် ရပ်တည်နေတယ်၊ မတည်နေတယ် အပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ဥပဒေပြုရေးက အမှန်တကယ် အုပ်ချုပ်ရေးအဖွဲ့ကို ဒီလောက်ကြီး လိုက်ကြည့်စရာ မလိုဘဲ ဒီဥပဒေကိစ္စကို အမှန်တကယ် သေချာအောင် လုပ်မယ်ဆိုရင် ပြဿနာ ဖြစ် စရာ မရှိပါဘူး။ အဲလိုမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေး အဖွဲ့နဲ့ ဥပဒေပြုရေးအဖွဲ့က အပြန် အလှန်တွေ ဖြစ်နေတယ် ဆိုရင်တော့ ဥပဒေပြုကတည်းကိုက လက်ရှိ ရှိနေတဲ့ အဖွဲ့အစည်းတွေကို အကာအကွယ် ပေးနေသလို ဖြစ်နေပါလိမ့်မယ်'' ဟု ကိုအိမောင်က ပြောကြားသည်။
ဆက်သွယ်ရေး ဥပဒေကြမ်း ထွက်ရှိစဉ် အချိန်ကပင် လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ထိပါးသော အချက်များစွာ ပါဝင်နေသည့်အတွက် ပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး ယခုအချိန်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ပြည်ပကုမ္ပဏီများကို ခွင့်ပြုပေးလိုက်သဖြင့် ဥပဒေကြမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြင်ဆင်စရာ အချက်အလက်များစွာ ရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
''ဆက်သွယ်ရေး ဥပဒေကြမ်းက ဒီလွှတ်တော် သက်တမ်းအတွင်းမှာပဲ ထွက်မယ်ထင်တယ်။ ကုမ္ပဏီတွေရဲ့ တချို့လုပ်ဆောင်မှုတွေကိုလည်း ဥပဒေ မထွက်သေးရင်လည်း ပြန်ပြင်ရဦးမှာပဲ။ သူတို့လည်း ဥပဒေကို စောင့်ဦးမယ်ထင်တယ်။ ဥပဒေကလည်း ပြန်ပြင်ဖို့ လုပ်ထား တာပဲ။ ပြည်တွင်း ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ယှဉ်ပြိုင်တဲ့အခါမှာ ပြည်တွင်းကုမ္ပဏီတွေ နစ်နာမှု မရှိအောင်တော့ ဥပဒေထဲမှာ ပါလာမှာပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ထိပါး ခြိမ်းခြောက်နေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေကြမ်း ထွက်လာ ကတည်းက ပြင်ဖို့ပြော ထားတာပဲ။ သုံးစွဲသူတွေနဲ့ ပတ်သက်ပြီး ထည့်မဆွဲဖို့ ကိစ္စတွေ၊ နောက်ပြီး ဒီအချက်တွေက ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ အတွက်ပဲ ဖြစ်သင့်တယ် ဆိုတာပေါ့။ နောက် ထောင်ဒဏ်တွေ ဘာတွေကို ဖျက်ဖို့ကိစ္စတွေ အဲတာတွေကို အကုန်လုံးဝိုင်းပြီး ဆွေးနွေးခဲ့ကြတယ်။ ပြန်ပြင်တဲ့ အထဲမှာလည်း အဲဒါတွေ ပြန်ပါလာမှာလား ဖြုတ်လိုက်မလားဆိုတာ သေချာမသိရသေးဘူး'' ဟု ဘလော့ဂါ နေဘုန်းလတ်က ဆိုသည်။
''အော်ပရေတာတွေ အနေနဲ့က ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဥပဒေအတိုင်းပဲ သွားရမှာပဲလေ။ အဲတာကို လိုက်နာနိုင်တယ်။ မလိုက်နာနိုင်ဘူး ဆိုတာမှာပဲ အလုပ်ဖြစ်မယ် မဖြစ်ဘူးလို့ပဲ ပြောရ မှာပေါ့နော်။ ပြည်ပအော်ပရေတာတွေ အနေနဲ့ လုပ်သာကိုင်သာတော့ ရှိမှာပါ။ အဲလောက်တော့ မဆိုးရွား လောက်ပါဘူး။ ဥပဒေကြမ်းကတော့ အရင်က ပြောထားသလိုပဲ လုံးထွေးနေသေးတယ် ရှင်းရှင်းလင်းလင်း မရှိသေးဘူး'' ဟု Yangon Heartz Media ၏ မန်နေဂျင်း ဒါရိုက်တာ ကိုဇော်ဇော်မျိုးလွင်က ပြောကြားသည်။
''လက်ရှိ ဆက်သွယ်ရေး ဥပဒေတွေနဲ့တော့ ဘယ်အော်ပရေတာမှ လုပ်ပိုင်ခွင့် အပြည့်အ၀ ရကြမှာ မဟုတ်ပါဘူး။ မကြာမီ ပြင်ဆင်မယ် ဆိုတော့ အဲအချိန်မှာ လိုအပ်တာတွေ ဖြေလျော့ပေးမယ်လို့ ထင်ပါတယ်။ ဥပမာ ဆင်ဆာကိစ္စနဲ့ Gateway ကိစ္စလိုမျိုးတွေမှာ ပုံစံပြောင်းရ ပါလိမ့်မယ်။ ဥပမာ ဆက်သွယ်ရေး ပင်မ Gateway တစ်ခုတည်းက အကုန်ဖြတ်ပြီးမှဆိုရင် နှောင့်နှေး ကြန့်ကြာမှုတွေ ရှိကုန်မယ်'' ဟု Ubuntu Myanmar LoCo ၏ အဖွဲ့ခေါင်းဆောင် ကိုကိုရဲက ပြောကြားခဲ့ပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1