Wednesday, July 3, 2013

အရီဇိုးနားတောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်သူ မီးသတ်တပ်ဖွဲ့ဝင်များ သေဆုံး

Ever November | 7/03/2013 09:38:00 AM | Best Blogger Tips

မေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် အလယ်ပိုင်းဒေသ၌ တောမီးလောင်ကျွမ်းမှုကြောင့် ငြှိမ်းသတ်သူ အမေရိကန် မီးသတ်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံ တာဝန်ရှိသူများက ပြောကြား ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ရေးသားထားသည်။ ဖီးနစ်မြို့ အနောက်မြောက်ဘက် မိုင် ၈ဝ ခန့်အကွာရှိ ယာနဲလ်မြို့ရှိ ကြောက်မက်ဖွယ် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဉ် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါမီးသည် ဇွန် ၂၈ ရက်က မိုးကြိုးလျှပ်စီးမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အစိုဓာတ် နည်းပါးကာ လေပြင်းများ တိုက်ခတ်မှု ကြုံခဲ့သောကြောင့် တစ်ခဏအတွင်း လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။ ကယ်လီဖိုးနီးယားပြည်နယ် အပါအဝင် အမေရိကန် အနောက်ပိုင်း အရီဇိုးနားပြည်နယ်နှင့် အခြားပြည်နယ်များလည်း လောင်ကျွမ်းခဲ့သည်ဟု သိရသည်။ မီးသတ်တပ်ဖွဲ့ဝင် ၂ဝဝ တို့မှာ မီးငြှိမ်းသတ်နေဆဲပင်ဖြစ်ပြီးယာနဲလ်ဒေသနှင့် ဒေသတစ်ဝိုက်ရှိ ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
ပေးထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်များက ၄င်းအမေရိကန် အနောက်ပိုင်း ပြည်နယ်ဒေသခံ ဒါဇင်ပေါင်းများစွာတို့သည် အပူလှိုင်း ရိုက်ခတ်ခံရသဖြင့် အားအင်ကုန်ခန်း မောပန်းနွမ်းနယ်ခြင်း၊ ရေဓာတ် ကုန်ဆုံးခြင်းများကြောင့် ဆေးဝါးကုသမှုများ ခံယူခဲ့ကြရသည်ဟု ဆိုသည်။ အချို့နေရာများ၌ အပူချိန် ကျရောက်မှုမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ကယ်လီဖိုးနီးယား သေမင်းတမန် တောင်ကြားဒေသတွင် ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့အမြင့်ဆုံး စံချိန်တင် အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ် (၁၃ဝ ဒီဂရီဖာရင်ဟိုက်) ထိ ရောက်သွားနိုင်သည်ဟု မျှော်လင့်ထားကြသည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1