Tuesday, January 21, 2014

အဲဗာတန်တွင် ကာလရှည် ကစားခွင့်ရရန် ဘယ်ရီ ဆန္ဒရှိနေ

Ever November | 1/21/2014 11:14:00 AM | Best Blogger Tips

မန်ချက်စတာစီးတီးမှ အငှားစာချုပ်ဖြင့် ကစားသည့် ကာလကုန်ဆုံးခဲ့ပါက အဲဗာတန်တွင် ကာလကြာရှည် ဆက်လက် ကစားခွင့်ရရှိရန် ရည်မှန်းထားကြောင်း ဂါရတ်ဘယ်ရီက ပြောကြားခဲ့သည်။
ကွင်းလယ်ကစားသမား ဖြစ်သူ ဘယ်ရီသည် ယခုနှစ် ဘောလုံးရာသီတွင် ရော်ဘတ်တို မာတီနက်ဇ်၏ လက်အောက်၌ ၁၈ ပွဲ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ်၌ ၃ ဂိုး သွင်းယူထားနိုင်ခဲ့သည်။

ဘယ်ရီ၏ ကစားဟန်သည် အဲဗာတန် ကစားသမားများ ဖြစ်သည့် ရော့စ်ဘာကလေ၊ ဆီးမက်စ်ကိုးလ်မန်းနှင့် ရိုမီလူ လူကာကူတို့ကို အထောက်အပံ့ ဖြစ်စေခဲ့ပြီး အဲဗာတန်အသင်းကိုလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား၏ အဆင့် ၆ နေရာ၌ ရပ်တည်စေနိုင်ခဲ့သည်။

“ကျွန်တော် လာမယ့်ရာသီမှာ အဲဗာတန်အတွက် ဆက်ကစားပေးချင်ပါတယ်။ မန်နေဂျာနဲ့ စကားပြောခဲ့တုန်း ကတော့ နွေရာသီမှာ အသင်းက ကျွန်တော့်အပေါ်ထားတဲ့ သဘောထားနဲ့ ကျွန်တော်က အသင်းအပေါ်ထားတဲ့ သဘောထားတို့ကို မူတည်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ရာသီကုန်မှာ အသင်းနဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဘယ်ရီက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် မိမိသည် ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ သွားရောက် ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ထားကြောင်း ဘယ်ရီက ဖွင့်ဟခဲ့သည်။

အသက် ၃၂ နှစ်အရွယ် ကစားသမားသည် အင်္ဂလန်အသင်း အတွက် ၅၃ ပွဲ ကစားထားသူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရသည့် စွမ်းဆောင်ရည်ကြောင့် အင်္ဂလန် လူစာရင်း၌ ပါဝင်ခွင့်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။


Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1