Tuesday, January 21, 2014

သိမ်းဆည်းမြေများ ပြန်လည်အပ်နှံပြီ

Ever November | 1/21/2014 10:37:00 AM | Best Blogger Tips

ယခင်စစ်အစိုးရလက်ထက်မှာ လယ်မြေ၊ ယာမြေ စတဲ့ စိုက်ပျိုးမြေများအား ဌာနဆိုင်ရာနှင့် တပ်ပိုင် မြေ အဖြစ် သိမ်းယူခြင်း၊ အကျိုးရှိစွာ အသုံးမပြုခြင်းနှင့် အခြားနည်းများဖြင့် အသုံးပြုခြင်းတို့အတွက် ယခုအခါ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြည်သူများ၏ တိုင်ကြားစာများ အပေါ် ဖြေ ရှင်း ဆောင်ရွက်ပေးလျက်ရှိရာ စာရေးသူယခင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွင် တာဝန် ထမ်းဆောင် ခဲ့စဉ်ကအတွေ့အကြုံ၊ ကော်မရှင်မှ ဆွေမျိုးများနှင့် စပ်မိစပ်ရာပြောဆိုရင်း အချို့သောပြည်သူ များ နားလည် သဘော ပေါက်စေရန် ရည်ရွယ်ရေးသား လိုက်ရပါသည်။

ယနေ့အင်တာနက်၊ ဂျာနယ်၊ စာမျက်နှာများတွင် မတရားမြေ သိမ်းယူခြင်း၊ နိုင်ငံတ၀န်းမြေများအား မလို အပ်ဘဲ သိမ်းယူမှုတို့အတွက် ဆန္ဒပြမှုများ၊ မကျေနပ်မှုများ ပြောဆို ရေးသားနေကြ တာ တွေ့ရပါ တယ်။ စစ်တပ်အပါအ၀င် ၀န်ကြီးဌာနများ အမနေနဲ့ မြေသိမ်းယူသည့်အခါ စီမံခန့်ခွဲမှု အာဏာရှိသော အစိုးရထံ တင်ပြပြီး ခွင့်ပြုချက်ရရှိရန် အဆင့်ဆင့်ဆောင် ရွက်ရပါတယ်။ ယခုအခါ စစ်တပ် အနေဖြင့် ကော် မရှင် မှ တိုင်ကြားစာများကိုသာမကဘဲ တပ်ချုပ်ထံပေးပို့လာသော တိုင်ကြားစာများအပေါ်တွင်လည်း ပြန်လည် စိစစ်ပြီး နိုင်ငံတော်သို့ ပြန်လည်အပ်နှံမှုမှာ အခြားသောဝန်ကြီးဌာနများထက် မြန်မြန်ဆန်ဆန် ဆောင် ရွက်နေ ကြောင်းလဲ ကြားသိခဲ့ရပါတယ်။


စုံစမ်းသိရှိချက်အရ စစ်တပ်မှ နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သော မြေ ဧရိယာမှာ ပထမအကြိမ် တွင် (၃၇၀၀၀) ဧကကျော်၊ ဒုတိယအကြိမ်တွင် (၂၀၀၀) ဧကကျော်နှင့် တတိယ အကြိမ်တွင် (၁၅၀၀) ဧကခန့် ရှိကြောင်း သိရှိရပါတယ်။ သီးခြားထပ်မံ စွန့်လွှတ်ပေးမည့် လျာထားမြေများလည်း စိစစ်ဆဲဖြစ်ကြောင်း သိရပြီး စုစုပေါင်း ပြန်လည်စွန့်လွှတ်ပေးမည့် မြေဧကပေါင်း (၅၅၀၀၀) ခန့်ရှိကြောင်းကို ၀မ်းမြောက်ဖွယ်ရာ သိရှိခဲ့ရပါတယ်။ ပြန်လည်စွန့်လွှတ်ပေးခဲ့တဲ့ မြေအားလုံးကို ယခင်သိမ်းယူခဲ့စဉ် ကလို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်မှတစ်ဆင့် ပြည်သူများသို့ ပြန်လည် စိစစ်ပေးအပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


မြင့်မောင် 
myanmartharkaung

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1