Tuesday, January 21, 2014

Huawei Ascend G730

Ever November | 1/21/2014 11:12:00 AM | Best Blogger Tips

CPU ကတော့ Quad-core 1.3 GHz ARM Cortex-A7 MPcore CPU ကိုထည့်သွင်း တပ်ဆင်ပေးထားတာဖြစ်ပြီး  ဖုန်းရဲ့ Screen ပုံရိပ်တွေနဲ့မြင်ကွင်းတွေ၊ ရုပ်ရှင်ပိုင်းဆိုင်ရာနဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ ရုပ်ထွက်ပိုင်းတွေအပြင် ဖုန်းထဲမှာရှိနေတဲ့ ဂိမ်းစနစ်တွေအတွက်တော့ ဂရပ်ဖစ် GPU ကိုလည်းထည့်သွင်း ပေးထားတာတွေ့ရပါတယ်။ GPU ကတော့ ARM Mali-450MP2 GPU ကိုထည့်သွင်းပေး ထားတာဖြစ်ပါတယ်။ CPU စနစ်ပိုင်းရော GPU စနစ်ပိုင်းအတွက်ပါ အဆင့်မြင့်မားတဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

ဖုန်းကိုခိုင်းစေတဲ့ နေရာမှာဖုန်းကနေ အလိုအလျောက်သိရှိ တုန့်ပြန်နိုင်ဖို့အတွက် Sensor စနစ်တွေကို အသုံးပြုတဲ့နေရာမှာလည်း  ပြည့်ပြည့်စုံစုံ အသုံးပြုထားတာ တွေ့ရပါတယ်။ Screen ကိုအလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor, ဖုန်းပြောချိန်မှာ Screen ကိုပိတ်ထားပေးနိုင်မယ့် Proximity Sensor, Compass အစရှိတဲ့ Sensor စနစ်တွေပါဝင်တဲ့အပြင် Light Sensor နစ်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ Chipset အတွက်ကတော့ MediaTek MT6582 chipset ကိုထည့်သွင်းအသုံးပြု ပေးထားတာတွေ့ရပါတယ်။

Screen ကတော့ ဆိံ Capacitive touch screen အမျိုးအစားဖြစ်ပြီး Screen အရွယ်အစားကတော့ ၅.၅ လက်မရှိပါတယ်။ Screen Resolution တွေအနေနဲ့ကတော့ 540x960 Pixel ထိရရှိနိုင်မယ်လို့ ဆိုပါတယ်။

OS ကလည်း Android OS ကိုအသုံးပြု ပေးထားတာဖြစ်ပြီး Version ကတော့ 4.2.2 Jelly Bean ဖြစ်ပါတယ်။ Version Upgrade လုပ်ဖို့အတွက်တော့ ပေးထားတာမတွေ့ရပါဘူး။

ဖုန်းရဲ့အရွယ်အစားကို ကြည့်မယ်ဆိုရင်တော့ အထူက 9.6mm ရှိပြီးဘေးတိုက်အကျယ်ကတော့ 78.3mm ဖြစ်ပါတယ်။ အမြင့်ကတော့ 151.5mm ရှိပါတယ်။ ပါးလွှာတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါပဲ။

2G, 3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး  GSM ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပါတယ်။ အခြားအသုံးပြု စနစ်တွေအနေနဲ့တော့ မိုဘိုင်းဖုန်းအင်တာနက် စနစ်အတွက် EDGE, GPRS, HSDPA, HSUPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဝိုင်ယာလက်အင်တာနက် စနစ်အတွက်လည်း ဝိုင်ဖိုင်စနစ်ကို အသုံးပြုနိုင်ပါတယ်။ WiFi စနစ်အတွက်ကတော့ Wi-Fi 802.11b/g/n စနစ်ကိုအသုံးပြု ထားတာဖြစ်ပါတယ်။ Bluetooth စနစ်ကတော့ Bluetooth 4.0 with A2DP, EDR စနစ်ဖြစ်ပြီး USB ကတော့ ၂.၀ ဖြစ်ပါတယ်။ ဒီဖုန်းဟာပုံစံဒီဇိုင်းပိုင်းမှာ သေသပ်လှပတဲ့အပြင် အရွယ်အစားကလည်း အနည်းငယ်ကြီးမားပေမယ့် အဆင်ပြေတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ Samsung ရဲ့ Galaxy Note 2 နဲ့အရွယ်အစားချင်း ဆင်တူပြီးသင့်တင့်တဲ့ ဈေးနှုန်းနဲ့ Smart Phone တစ်လုံးကိုအသုံးပြု
နိုင်စေဖို့ရည်ရွယ်ခဲ့တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။


ကင်မရာကတော့ 5 Megapixel ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် ကင်မရာစနစ်တွေ အနေနဲ့ကလည်း ပုံရိပ်ကိုအလိုအလျောက် ဖမ်းယူပေးနိုင်မယ့် Auto Focus, ဓာတ်ပုံရဲ့တည်နေရာနဲ့ လက်တီတွဒ်၊ လောင်ဂျီတွဒ်တွေကို တွဲဖက်မှတ်သားနိုင်မယ့် Geotagging, LED Flash စနစ်တွေအပြင် ဓါတ်ပုံရဲ့ပုံရိပ်ကို ချိန်ညှိနိုင်မယ့် Image
Stabilization, ဓာတ်ပုံရိုက်ခံသူရဲ့ မျက်နှာကိုတိတိကျကျ မှတ်သားနိုင်မယ့် Face Detection, စနစ်တွေပါဝင်ပါတယ်။ Dual ကင်မရာစနစ် ပါဝင်တဲ့ဖုန်းဖြစ်ပြီး 0.3 Megapixel ရှိတဲ့ရှေ့ကင်မရာ စနစ်လည်းပါဝင်ပါတယ်။


Multimedia စနစ်တွေအတွက်တော့ NS integration, Active noise cancellation with dedicated mic, MP4/H.263/H.264/ WMV player, MP3, WMA, WAV player, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Document editor, Photo viewer/editor, Voice memo/dial/commands အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဖုန်းတွင်းမှတ်ဉာဏ် စနစ်ပိုင်းအနေနဲ့ကတော့ Internal Memory 4GB ပါဝင်ပြီး RAM အနေနဲ့ကတော့ 1GB RAM ပါဝင်ပါတယ်။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုဖို့အတွက်လည်း Micro SD Card 32GB ထိထပ်တိုး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဖုန်း -၀၁-၂၉၃၁၆၇
Shwe Mobile

ကိုသက်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1