Saturday, July 5, 2014

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား

Ever November | 7/05/2014 01:04:00 PM | Best Blogger Tips
သာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား ဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်းစားမည့်ကိစ္စ ဖြစ် လာကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောကြား လိုက်သည်။
‘‘အဖွဲ့ချုပ်က ကြေညာချက်ထုတ်တယ်။ ထုတ်ထုတ် ချင်း အတုထွက်လာတယ်။ ဘာသာရေး ကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ် အနေနဲ့ အများကြီးစဉ်းစားရမယ့်ကိစ ဖြစ်လာတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကြေညာချက်တစ်ခု ထုတ်တယ်ဆိုတော့ ဒါ ဘယ်သူထုတ်လဲတော့မသိဘူး။ အဖွဲ့ချုပ်ရဲ့ ကြေညာချက်ကို
အတုလုပ်တာတော့ နိုင်ငံရေးတိုက်ခိုက်မှုပဲ ဘာသာရေးကိုအသုံးပြုပြီး နိုင်ငံရေးလုပ်နေတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူး။ လုပ်လည်းမလုပ်အပ်တဲ့ကိစ္စဖြစ်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာသို့ ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ယင်းကြေညာချက်ကို ပြန်လည်ပြင်ဆင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်သည့်ကြေညာချက်အတုတစ်စောင် ထွက်ပေါ်လာခဲ့သည်။
 7 Day daily

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1