Saturday, July 5, 2014

မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်း၏ သားမယာပြုကျင့်မှုခံရခြင်းနှင့်ပတ်သက်၍ကာယကံရှင် မဟေမာကျော်မှရှင်းလင်း

Ever November | 7/05/2014 12:47:00 PM | Best Blogger Tips
မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းသည် အချိုရည်ထဲတွင် အိပ်ဆေးများထည့်တိုက် ခဲ့ပြီး ပြင်ဦးလွင်မြို့ ရှိ ပုလဲတည်းခိုခန်း၌ အလိုမတူဘဲ သားမယားပြုကျင့် ခဲ့သောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံမဟေမာကျော်သည်ဇူလိုင် ၃ရက်က MJNရုံးတွင် ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်မ အစ်ကိုက မူးယစ်ဆေးကိစ္စနဲ့ မန္တလေးခရိုင်တရားရုံးမှာ အမူရင်ဆိုင်နေရ တယ်။ဒါကြောင့် မန္တလေးခရိုင်တရားရုံးမှာ ရက်ချိန်း သွား သွားနေရတော့ ဦးတင်မောင်ဝင်းက သူကူညီပေးမယ်ဆိုပြီး ကျွန်မကို ပြင်ဦးလွင်မှာရှိတဲ့ သူရဲ့ အသိကိုသွားတွေ့ဖို့ခေါ်တာနဲ့ ၃လပိုင်း ၈ရက်နေ့က လိုက်သွားလိုက်တယ်။ပြင်ဦးလွင် ရောက်တော့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်တယ်

အဲ့ဒီအချိန်မှာ သူက ကျွန်မကိုခဏစောင့် ငါသွားတွေ့လိုက်အုံးမယ်ဆိုပြီး ထွက်သွားပြီး ပြန်လာတော့ ပလတ်စတိတ်အိတ်လေးနဲ့ထည့်ထားတဲ့ အချိုရည် ပါလာတယ်။ကျွန်မကိုတိုက်တော့ ငြင်းတယ်။ မရတာနဲ့သောက်လိုက်တာ နောက်ခေါင်းတွေကိုက် လာတယ်။
အဲ့ဒါနဲ့ သူသူငယ်ချင်းအိမ် သွားအနားယူမယ်ဆိုပြီး ခေါ်သွားတယ်။ကျွန်မနိုးလာတဲ့အချိန်မှာ ဦးတင် မောင်ဝင်းက ကျွန်မအလိုမတူပဲသားမယားပြုကျင့်ခံလိုက်ရပြီး ဒီအကြောင်းကို ဘယ်သူမှမပြောဘူးဆိုရင် နင်အစ်ကို အမှုလွတ်စေရမယ်။ ထောင်ကျရင်လည်း
အလွန်းဆုံး ၄နှစ်ပဲကျအောင် ငါလုပ်ပေးမယ်ဆိုတာနဲ့ ဘယ်သူကိုမှ မပြောပဲနေခဲ့တယ် အခုကျွန်မအစ်ကိုလည်း ထောင် ၁၆နှစ်ကျတယ်ကျွန်မလည်း ကိုယ်ဝန် ၂လရှိနေပြီး ဒါကြောင့် သူကိုအမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုပါတယ်”ဟု မဟေမာကျော်က ပြော သည်။

“ဦးတင်မောင်ဝင်းကို အခုမန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက ကာကွယ်ပေးထားတယ်။ ပြင်ဦးလွင် မြို့ မ ရဲစခန်းက ဒုရဲမှူးကံလှိုင်ကိုယ်တိုင် သွားဖမ်းတာကို သူကဖမ်းခွင့်မပေးဘူး။ဘာကြောင့် ဖမ်းခွင့် မပေးတာလဲ ။ ဒါဟာ ရဲရေးပိုင်ခွင့်ကို တရားသူကြီးတွေက
ဝင်ရောက်ထိန်းချုပ်ခွင့်ရှိလို့လား။ ကောင်မလေးဟာ သူအစ်ကို အမှုပေါ့ဖို့အတွက် လုပ်နေတာကို ဦးတင်မောင်ဝင်းက အခွင့်အရေးယူတာပဲ။
ဒီလို အပြစ်ရှိတဲ့ လူကို ဖုံးကွယ်ထားပြီး ကာကွယ်ပေးနေမယ်ဆိုရင် ဒီလိုဟာ နောက်လည်း ဒီလိုလုပ်ဖို့ ဝန်လေးမှာမဟုတ်တော့ဘူး ။
ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေအားလုံး ဒီကိစ္စကို အဖြစ်မှန်ပေါ်ပေါက် အောင် ကူညီပေးဖို့ တိုက်တွန်းပါတယ်”ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂဗဟိုအလုပ်အမှုဆောင် ကိုရန်နိုင်ထွေးက ထပ်မံပြောကြားခဲ့သည်။

မဟေမာကျော်သည် ၎င်းအား အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သော ဦးတင်မောင်ဝင်းအား ဖမ်းဆီးအရေးယူပေးရန် ပြင်ဦးလွင်မြို့ မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းရဲစခန်းမှ (ပ)နံပါတ် ၁၀၇ ပုဒ်မ ၃၇၆ ဖြစ်အမှုဖွင့်ပေးခဲ့သည်။

ယင်းနောက် မန္တလေးခရိုင်တရားရုံးစာရေး ဦးတင်မောင်ဝင်းအား ဖမ်းဆီးအရေးယူရန်အတွက် ပြင်ဦးလွင် မြို့မ ရဲစခန်းမှ ဒုရဲမှူးကံလှိုင်နှင့်အတူ ရဲတပ်သားများ သွားရောက်ခဲ့ရာ မန္တလေးခရိုင်တရားသူကြီး ဒေါ်ခင်ခင်လှက ဖမ်းဆီးခွင့်မပြုခဲ့သလို ယခုအချိန်ထိ ဦးတင်မောင်ဝင်းအား
အရေးယူခြင်း မခံရအောင် ကာကွယ်ပေးထားကြောင်း သိရသည်။


ချစ်မင်းထွန်း

The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1