Sunday, February 12, 2012

ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs မြန်မာနိုင်ငံသို့ လာရောက်၊ နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် ယူရိုသန်း ၁၅၀ ထောက်ပံ့မည်

November | 2/12/2012 10:03:00 PM | Best Blogger Tips
7201a



ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs မြန်မာနိုင်ငံသို့ လာရောက်၊ နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် ယူရိုသန်း ၁၅၀ ထောက်ပံ့မည်



ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs

ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs သည် လူသားချင်းစာနာ ထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့် အနေဖြင့် ယူရိုသန်း ၁၅၀ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် ယူရိုသန်း ၁၅၀ အမေရိကန် ဒေါ်လာသန်း ၂၂၀ တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို  မြန်မာနိုင်ငံအတွက် တိုးမြှင့်လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး အီးယူ၏ထောက်ပံ့ ကူညီမှု အစီအစဉ်များအတွက် အီးယူဖွံ့ဖြိုး တိုးတက်ရေး ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး နေပြည်တော်တွင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးကာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အီးယူ မဟာမင်းကြီး၏ ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောဆိုမှုကို အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အီးယူက ထောက်ပံ့တဲ့ ငွေကြေးတွေဟာ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အခန်းကဏ္ဍတွေအတွက် ပိုပြီးအသုံးပြု သွားရပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အကောင်းဆုံး ကူညီသွားချင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ရှေ့ဆက်ပြီး လုပ်ဆောင်သွားချင်ပါတယ်။ နောက်ပြန်မလှည့်ချင်ပါဘူး

ဥရောပသမဂ္ဂ(အီးယူ) အနေဖြင့် ယူရိုသန်း ၁၅၀ အမေရိကန် ဒေါ်လာသန်း ၂၂၀ တန်းဖိုးရှိ လူသားချင်း စာနာထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို မြန်မာနိုင်ငံအတွက် တိုးမြှင့်လုပ်ဆောင် ပေးသွားမည်ဖြစ်ပြီး အီးယူ ၏ထောက်ပံ့ကူညီမှု အစီအစဉ်များအတွက် အီးယူဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး နေပြည်တော်တွင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးကာ ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။
7201
“မြန်မာနိုင်ငံရဲ့အခြေအနေက အားရစရာ အနေအထားမှာ မရှိသေးပေမယ့် ကျွန်တော်တို့ကတော့ အကောင်းဆုံး လုပ်ဆောင်မှုနဲ့တုံ့ပြန်မှုတွေ အတွက် အဆင်သင့်ဖြစ်နေပါတယ်”ဟု မြန်မာနိုင်ငံသို့ မရောက်မီ Andris Piedalgs က ပြောကြားခဲ့သည်။ ၎င်း၏ထုတ်ဖော်ပြောဆိုမှုအရ အီးယူအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းပြီး လူသားချင်းစာနာ ထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ် အရ လာမည့် နှစ်နှစ်တာကာလအတွင်း ယူရိုသန်း ၁၅၀ ထပ်တိုး ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
“နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေဆဲကာလ၊ အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေဆဲ ကာလမှာပဲ ကျွန်တော်တို့ အချို့သော အရေးယူမှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ အီးယူရဲ့ထောက်ပံ့ ကူညီမှုတွေအပေါ် တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအသုံးချမယ်၊ ဘယ်လို အသုံးချသင့်သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမှာပါ။ အထူးသဖြင့် အီးယူက ထောက်ပံ့တဲ့ ငွေကြေးတွေဟာ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အခန်းကဏ္ဍတွေအတွက် ပိုပြီးအသုံးပြု သွားရပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အကောင်းဆုံး ကူညီသွားချင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ရှေ့ဆက်ပြီး လုပ်ဆောင်သွားချင်ပါတယ်။ နောက်ပြန်မလှည့်ချင်ပါဘူး”ဟု ဥရောပ သမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs က ပြောဆိုခဲ့သည်။
Andris Piedalgs ၏ဖေဖော် ၀ါရီ (၁၂)ရက်မှ (၁၄)ရက်ထိ ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွား မည်ဖြစ်ပြီး အီးယူ၏ ငွေကြေး အကူအညီဖြင့် ဖွင့်လှစ်ထားသော ဆေးပေးခန်းများကိုလည်း လည်ပတ် ကြည့်ရှုမည်ဖြစ်ကြောင်း အီးယူ ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
အီးယူအနေဖြင့် ပြီခဲ့သည့်လက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ပြန်လည်လွှတ်ပေးခဲ့သည့် လုပ်ရပ်ကြောင့်  မြန်မာအစိုးရ အဖွဲ့အကြီးအကဲများ အပေါ် ချမှတ်ထားသည့် အရေးယူမှု တစ်ခုဖြစ်သော ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူမှု ကိုလည်း ပြန်လည်ဖယ်ရှားပေးခဲ့သည်။
၁၉၉၆ ခုနှစ်မှ စတင်ကာ အီးယူမှ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအပေါ် ကူညီထောက်ပံ့မှုများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့်တီဘီရောဂါ တိုက်ဖျက် ရေးဆိုင်ရာ ကဏ္ဍများအတွက် အဓိက ကူညီပံ့ပိုးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1