Wednesday, February 22, 2012

 မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်များ လာရောက်လေ့လာ

November | 2/22/2012 07:37:00 PM | Best Blogger Tips



အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ်များ 
MITT  ရှိ X-rays ဖြတ်စက်အား လေ့လာစဉ်
မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည် တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်များမှ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများမှ အပြည်ပြည်ဆိုင်ရာ သင်္ဘောနှင့် ဆိပ်ကမ်းများလုံခြုံမှုအတွက် လိုက်နာရမည့် ဥပဒေများ(ISPS) CODE နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုများအား လေ့လာဆွေးနွေးရန် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၂ ခု နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးရက်တာ လာရောက်လေ့လာခဲ့ကြောင်း သတင်း ရရှိပါသည်။

အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ် သုံးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်သို့ ရောက်ရှိခဲ့ကာ ယင်းဌာနမှ တာဝန်ရှိသူများနှင့် (ISPS) CODE နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အထူးကိုယ်စားလှယ် သုံးဦးသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်လက်အောက်ရှိ ဆူးလေဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ MITT ၊ MIPL ၊ လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီစီမံခန့်ခွဲမှု လက်အောက်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း လက်အောက်ရှိ သာကေတဆိပ်ခံ တံတားတို့အား သွားရောက်လေ့လာခဲ့သည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အနာဂတ်ကာလတွင် ကုန်သွယ်စီးပွားဖက် နိုင်ငံများအဖြစ် ရပ်တည်နိုင်မည့် အခြေအနေတွင် မြန်မာနိုင်ငံ၏ဆိပ်ကမ်းများ နိုင်ငံတကာ အဆင့်ရှိ၊ မရှိ ကြိုတင်လာရောက် လေ့လာခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နှင့် အမေရိကန်နိုင်ငံသည် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အနေအထားတွင် မရှိသေးဘဲ စင်ကာပူကဲ့သို့သော ကြားခံနိုင်ငံများတွင် တစ်ဆင့် ပြန်လည်စစ်ဆေးခံရမှုများ ရှိနေရာ ယင်းအတွက် မလိုလားအပ်သည့် သယ်ယူပို့ဆောင်ခ စရိတ်များ ပိုမိုကုန်ကျနေသည်ဟု သိရသည်။
“ကျွန်တော်တို့နိုင်ငံကနေ အမေရိကန်နိုင်ငံကို တိုက်ရိုက်ကုန်တင်ပို့မှု မရှိတဲ့အတွက် ကုန်တင်ပို့ချင်ရင် စင်ကာပူလို ကြားခံနိုင်ငံတွေမှာ ကုန်ပို့သူပြောင်းလဲရတာတို့၊ ကုန်စည်ထုပ်ပိုးမှုပုံစံ ပြောင်းလဲရတာ တို့တွေ ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်တွေ ပိုမိုကုန်ကျနေပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“ပြုပြင်ဆဲကာလ ဖြစ်တဲ့အတွက် Safety ပိုင်းနှင့် ပတ်သက်ပြီး ယာယီလုပ်ဆောင်ထားတဲ့ တချို့ နေရာတွေကို မှတ်ချက်ပြု ပြောကြားခဲ့တာက လွဲရင် ဆိပ်ကမ်းတော်တော်များများရဲ့ လေ့လာမှုရလဒ်တွေ ကို ကျေနပ်သွားတာကို တွေ့ရပါတယ်”ဟု မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
From EMG








No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1