Wednesday, February 22, 2012

နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ အလွဲသုံးစားမှုကြီးကို ဒုတိအကြိမ် ရုံးတင်စစ်ဆေး

November | 2/22/2012 11:19:00 PM | Best Blogger Tips
ရန်ကုန် ဖေဖဝါရီ ၂၁
နိုင်ငံ ပိုင် မြန်မာ့ အလင်းသတင်းစာ တိုက်မှ ဝန်ထမ်းအချို့ကျပ်ငွေပေါင်း သိန်း ၂ထောင်ကျော် အလွဲသုံးစားပြူခဲ့သည်ဆိုသော အမှုကြီးကို ရန်ကုန်မြို့ပန်းဆိုးတန်းရှိ အနောက်ပိုင်းခရိုင် တရားရုံး တွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့က ဒုတိယအကြိမ်ဖြစ် ရုံးတင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ ဗဟိုတရားရုံးရှေ့နေများ အသိုင်းဝိုင်းထံမှ သိရှိရသည်။

ရန်ကုန်အနောက်ပိုင်း ဒုတိယခရိုင် တရားသူ ကြီး ၄ ၏ ရုံးခန်းတွင် ယင်းနေ့က မြန်မာ့အလင်းသတင်းစာမှ လက်ထောက်မန်နေဂျာ အပါဝင်၂ ဦးကို ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၇၈/၂၀၁၁၊ ၇၉/၂၁၁၊ ၈၀/၂၀၁၁ တို့ဖြင့် လက်ခံ ကြားနာစစ်ဆေးခဲ့ပြီး ညနေ၃ နာရီကျော်တွင် စစ်ဆေးမှုပြီးဆုံးခဲ့သည်ဟု ယင်းအမှုစစ်ဆေးစဉ် တရားခွင်ရောက်ရှိ နေသူများထံမှ သိရှိရသည်။

" အရင် မြန်မာအလင်းသတင်းစာက မန်နေဂျာ အပါဝင် ၃ ယောက် လက်ထိပ်ခတ်ထားတာတွေ ရတယ်။ နောက်ဆုံးတန်းမှာထိုင်နေကြတယ်။ ဒီနေ့က တရားလိုပြသက်သေစစ်တာလို့ပြောတယ်" ဟု အမူစစ်ဆေးသည့်နေရာတွင် ရောက်ရှိနေသူတစ်ဦးက ရှင်းလင်းပြောကြားသည်။

တရားခွင်မှရရှိသော သတင်းများအရ မြန်မာ့အလင်းသတင်းစာတိုက်မှ သတင်းစာဖိုးနှင့်ကြော်ငြာဖိုးငွေ ကျပ်၂၈၈၆ သိန်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြူမှုဟု သတင်းများထွက်ပေါ်နေသော်လည်း ယင်းပမာဏထက် သိသိသာသာ များပြားသည်ဟုလည်း ရန်ကုန်သတင်းစာဖြန့်ချိရေးလောကအတွင်းရှိသူများက ပြောဆိုကြသည်။

မြန်မာအလင်းသတင်းစာ သတင်းစာဖိုးနှင့်ကြော်ငြာငွေများသည် ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်အတွင်း သက်ဆိုင်ရာ စာရင်းစစ်အဖွဲ့များက စစ်ဆေးရာတွင် ယင်းကဲ့သို့ကွာဟနေသည့်အတွက် ယင်းသတင်းစာတိုက် စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက တရားလိုပြုလုပ် တိုင်းတန်းခဲ့ပြီး ယင်းအမှုကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြအကြံပြုချက်တောင်းခံခဲ့ရာ ပြီးခဲ့သည်နိုဝင်ဘာလအတွင်း ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ သို့ ပြောင်းလဲဖွင့်လှစ်ရန် အကြောင်းပြန်သောကြောင့် ယင်းအမှုအတိုင်း ပြောင်းလဲဖွင့်လှစ်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၀ရက်နေ့ထုတ် The Crime ဂျာနယ်တွင်ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ပြီးခဲ့သော နိုဝင်ဘာလတွင်းက ရန်ကုန်မြို့တော်ရှိ သတင်းစာကိုယ်စားလှယ်ကြီး ၈ဦးခန့်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး မြန်မာအလင်းသတင်းစာ ဖြန့်ချိစဉ် ဝယ်ယူသည့်ပြေစာများကို စစ်ဆေးခဲ့ကြောင်း သတင်းစာကိုယ်စားလှယ်အသိုင်းဝိုင်းထံမှ သိရှိရသည်။

ယင်းသို့စစ်ဆေးမှုတွင် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတိုက်သည် ပုံမှန် စာရင်းပြသော စောင်ရေထက် ပိုရိုက်ထားသော စောင်ရေများကို ပုံမှန်ဈေး ၅၀ကျပ်အစား ၄၅ကျပ်ဖြင့် တရားမဝင် ဖြန့်ချိမှုအချို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကိုယ်စားလှယ်အချို့မှာ သတင်းစာ ဝယ်ယူထားသည့်ပြေစာများ မပြနိုင်ကြောင်းလည်း သတင်းစာဖြန့်ချိရေး အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်း စစ်ဆေးမှုကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အနောက်ပိုင်းခရိုင် တရားရုံးက ဆက်လက်ကြားနာစစ်ဆေးရန်အတွက် လာမည့်မတ်လ ၆ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်ပြီး ၁၉၆၃ ခုနှစ် အများပြည်သူနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃သည် ပြစ်မှုထင်ရှားပါက တရားစွဲဆိုခံထားရသူများသည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ခန့်မနည်းဖြစ်စေ၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ပြစ်ဒဏ်ကျနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။

မြန်မာ့အလင်း သတင်းစာတိုက်တွင် အထွေထွေမန်နေဂျာအသစ်အဖြစ် ဦးဝေဖြိုးသန်းက မကြာသေးခင်လပိုင်းက စတင်တာဝန်ယူလျှက်ရှိပြီး ဝန်ထမ်းအများစုမှာ ပြောင်းရွှေ့ ခြင်း၊ နှုတ်ထွက်ခြင်းများရှိကြောင်း ယခင်က မြန်မာ့အလင်း သတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးကပြောကြားသည်။
  From The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1