Thursday, February 23, 2012

အုန်းဖျန် ဒုက္ခသည်စခန်း အိမ်ခြေ ရာချီ မီးလောင်ကျွမ်း

November | 2/23/2012 07:43:00 PM | Best Blogger Tips
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖျန် ဒုက္ခသည် စခန်းမှာ ဒီနေ့ မနက်ပိုင်းက မီးလောင်မှု တခုဖြစ်ပွားပြီး ဒုက္ခသည်နေအိမ်တွေ ရာနဲ့ချီပြီး မီးထဲပါသွားခဲ့ပါတယ်။

ဒုက္ခသည်စခန်း ရပ်ကွက် ၉ ကနေ မနက် ၁၁ နာရီခွဲလောက်က စတင် လောင်ကျွမ်းခဲ့တဲ့ မီးဟာ မွန်းတည့် ၁ နာရီကျော်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
ရပ်ကွက် ၇၊ ဂ၊ ၉ နဲ့ ရပ်ကွက် ၆ က နေအိမ် ၃ ပုံ ၂ ပုံလောက် မီးထဲ ပါသွားတယ်လို့ မီးလောင်ကျွမ်းရာမှာ အိမ်ဆုံးရှုံးသွားတဲ့  စခန်းက ကိုအောင်မိုးက ပြောပါတယ်။
“၉ ရပ်ကွက်ကနေ စလောင်ကျွမ်းတာပါ။ ကျနော့်အိမ်လည်း မီးထဲ ပါသွားတယ်။ မီးကလည်း နွေရာသီဖြစ်တော့ ​လောင်စာကောင်းသလိုမျိုး လောင်နေတယ်။ အိမ်တလုံးပြီးတလုံး ကူးစက်ဖို့ အရမ်းမြန်တယ်။ ​လေက အရမ်းတိုက်နေတော့ ငြိမ်းသတ်ဖို့ မလွယ်ဘူး။ ဒုက္ခသည်စခန်း ဖြစ်နေတော့ မီးသတ်ကားတွေ ဘာတွေလည်း သိပ်မနီးဘူး။”
မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏ အတိအကျကိုတော့ မသိရသေးပါဘူး။ ဒေသခံ ထိုင်းမီးသတ်ကားတွေကတော့ ဒုက္ခသည်စခန်းနဲ့ ခရီးအတန် ကွာဝေးတာကြောင့် မီးလောင်ကျွမ်းပြီး ၁ နာရီလောက်​ ​နောက်ကျပြီး ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ဒုက္ခသည်စခန်းထဲမှာ အိမ်ခြေ ၂၀၀၀ နီးပါး ရှိပြီးတော့ အခု မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၅၀၀ လောက် မီးထဲပါသွားနိုင်တယ်လို့ ဒုက္ခသည်တွေက ခန့်မှန်းထားပါတယ်။  မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက် အတိအကျသိရဖို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကို ကြိုးစား ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
အုန်းဖျန်ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ တည်ရှိပြီး ဒုက္ခသည်စခန်း ၁၀ ခုအနက် မယ်လဒုက္ခသည်စခန်းပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံးရှိတဲ့ စခန်းဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေကို အစားအစာနဲ့ တခြား လူမှုရေးအကူအညီတွေ ပံ့ပိုးပေးနေတဲ့ TBBC ရဲ့ စာရင်းအရ ဒုက္ခသည် ၁၇,၀၀၀ ကျော်​ ရှိတယ်လို့ သိရပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1