Thursday, February 23, 2012

ပင်လုံစိတ်ဓာတ် လက်ဆင့်​ကမ်း​ရန် ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း

November | 2/23/2012 08:26:00 PM | Best Blogger Tips
စစ်မက်ဖြစ်ပွား ​နေတဲ့​ ကချင်ပြည်နယ်ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် ​ရောက်ရှိမဲဆွယ်ပြီး​ သူ့​ကို ​ဒေသခံ တိုင်း​ရင်း​သား​ပြည်သူ​တွေက တခဲနက် ကြိုဆိုခဲ့​ကြပါတယ်။
ဓာတ်ပုံ-ရိုက်တာ
ဒေါ်​အောင်ဆန်း ​စုကြည်က ကချင်ပြည်နယ်စည်း​ရုံး​ရေး​ ခရီး​စဉ်ကို ဒီ​နေ့​မှ စတင်တာဖြစ်ပြီး​ မြစ်ကြီး​နား​လေဆိပ်က​နေ နမ္မတီး​နဲ့​ မိုး​ကောင်း​မြို့​တွေကို သွား​ရောက် မဲဆွယ်စည်း​ရုံး​ပါတယ်။

ဒေါ်​ အောင်ဆန်း​စုကြည်ကို ​ထောင်​သောင်း​ချီတဲ့​ ပရိသတ်​တွေက လမ်း​တ​လျှောက် ကြိုဆိုခဲ့​ကြတာပါ။ မိုး​ကောင်း​မြို့​ ​ဘောလုံး​ကွင်း​မှာကျင်း​ပတဲ့​ ​ဟော​ပြောပွဲမှာ သူက ပင်လုံသ​ဘောတူညီချက်ရဲ့​ အနှစ်သာရကို ရှင်း​ပြပြီး​ မျိုး​ဆက်တဆက်နဲ့​တဆက် လက်ဆင့်​ကမ်း​ကြဖို့​ ထည့်​သွင်း​ တိုက်တွန်း​ပါတယ်၊
“၁၉၄၇ ခုနှစ်တုန်း​က ကျမတို့​ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့​ နိုင်ငံတခု ဖြစ်ဖို့​ ကျမတို့​တိုင်း​ရင်း​သား​တွေ စုစည်း​ပြီး​တော့​ လုပ်ခဲ့​တယ်။ အရင်တုန်း​ကဆိုရင် ဗမာကတမျိုး​၊​ ရှမ်း​ကတဖုံ၊​ ကချင်ကတလမ်း​ အဲဒီလို ဖြစ်​နေကြတယ်။ ၁၉၄၇ ခုနှစ်ကျ​တော့​ တိုင်း​ရင်း​သား​တွေ အများ​စု ဖြစ်တဲ့​ ဗမာ (ဗမာဟာလည်း​ တိုင်း​ရင်း​သား​ပါပဲ။ ဒါ​ပေမယ့်​ အများ​စု​ပေါ့​။) အများ​စုဖြစ်တဲ့​ ဗမာ​တွေနဲ့​ တခြား​ တိုင်း​ရင်း​သား​တွေဟာ လက်တွဲပြီး​ လုပ်လို့​ရှိရင် လွတ်လပ်​ရေး​ကို မြန်မြန်ဆန်ဆန် ရလိမ့်​မယ်ဆိုတဲ့​ သ​ဘောတူညီချက်အရ ရှမ်း​ပြည်က ပင်လုံမြို့​လေး​မှာ လက်မှတ်ထိုး​လိုက်ကြတဲ့​ စာချုပ် ဖြစ်ပါတယ်။ အဲဒီ​တော့​ က​လေး​တွေကို တိုတိုနဲ့​ ​ပြောရရင် ပင်လုံဆိုတာ မြို့​လေး​တမြို့​ရဲ့​ နာမည် ဖြစ်တယ်။ အဲဒီမြို့​လေး​မှာ တိုင်း​ရင်း​သား​တွေဟာ ပထမဦး​ဆုံး​အကြိမ် နိုင်ငံ​ရေး​အရ ပူး​ပေါင်း​ ​ဆောင်ရွက်ဖို့​ သ​ဘောတူညီစွာ စာချုပ်တခုကို လက်မှတ်ထိုး​ခဲ့​တဲ့​ ​နေရာ ဖြစ်တယ်။ အဲဒီ စာချုပ်ကို ပင်လုံစာချုပ်လို့​ ​ခေါ်တယ်။ ဒီ​တော့​ ပင်လုံစိတ်ဓာတ်ဆိုတာ ရိုး​ရိုး​လေး​ပြောရရင် ငါတို့​အား​လုံး​ လက်တွဲပြီး​တော့​ ငါတို့​ လိုချင်တဲ့​ပန်း​တိုင်ကို သွား​မယ်ဆိုတဲ့​ ညီညွတ်တဲ့​ စိတ်ဓာတ် ဖြစ်ပါတယ်။”
မိုး​ကောင်း​ မြို့​နယ်မှာ အဖွဲ့​ချုပ်ကိုယ်စား​ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ခင်ကြည်ကို မဲ​ပေး​ကြဖို့​လည်း​ သူက တိုက်တွန်း​ခဲ့​ပါတယ်။
မိုး​ကောင်း​ မြို့​နယ်မှာ ​ဒေါ်ခင်ကြည်ဟာ တချိန်တုန်း​က ကချင်လွတ်လပ်​ရေး​အဖွဲ့​မှ ဒု – ဥက္ကဋ္ဌတာဝန်ယူခဲ့​သူ တသီး​ပုဂ္ဂလကိုယ်စား​လှယ် ​ဒေါက်တာတူး​ဂျာ အပါအဝင် တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ပါတီ၊​ ပြည်ခိုင်ဖြိုး​ပါတီ၊​ ဒီမိုက​ရေစီမဟာမိတ်ပါတီက ကိုယ်စား​လှယ်​တွေနဲ့​ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည်ဟာ ဒီမနက် ရန်ကုန်က​နေ မြစ်ကြီး​နား​ကို ​လေယာဉ်နဲ့​ လာ​ရောက်ပြီး​ နမ္မတီး​ ​ဘောလုံး​ကွင်း​မှာလည်း​ ​ဟော​ပြောခဲ့​ပါ​သေး​တယ်။
“မိုး​ကောင်း​ မှာလည်း​ ကျမတို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဝင်ပြီး​တော့​ ယှဉ်ပြိုင်ရတဲ့​ အ​ကြောင်း​ရင်း​တခုက ပြည်​ထောင်စုကို ထူ​ထောင်ချင်လို့​၊​ စစ်မှန်တဲ့​ ပြည်​ထောင်စု စိတ်ဓာတ်ကို ပြန့်​ပွား​ချင်လို့​ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က စပြီး​တော့​ ဖွဲ့​ထား​စဉ် ကာလကတည်း​က တိုင်း​ရင်း​သား​များ​ အား​လုံး​ ​သွေး​စည်း​ညီညွတ်​ရေး​ကို ဦး​တည်ပါတယ်။”
ဒီ​နေ့​ ညမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မြစ်ကြီး​နား​ကို ပြန်မှာဖြစ်ပြီး​ မနက်ဖြန် မနက်ပိုင်း​ မ​နောကွင်း​မှာ မဲဆွယ်စည်း​ရုံး​ဖို့​ စီစဉ်ထား​ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1