မြစ်ကြီးနားလေဆိပ် (ဓါတ်ပုံ-Kyaw Swar Shayne) |
"ကျမတို့ဟာ ပြည်ထောင်စုပါ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီးဖြစ်ပါတယ်။ ဒါကြောင့် မလို့ ကျမတို့အချင်းချင်း တဦးပေါ်တဦး နားလည်မှုရှိရမယ်။ တဦးကိုတဦး လေးစားရမယ်။ တဦးအပေါ်တဦး သစ္စာ ထားရမယ်။ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားလုံးလက်တွဲပြီးတော့ ချီတက်ကြပါစို့လို့။" ဟု ဒေါ်စုက နမ္မတီး လူထုကို ပြောကြားသွားသည်။
ယင်းအပြင် ပြည်သူများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် သတ္တိရှိရန်လိုအပ်ပြီး အစိုးရမှ အားကိုးရသည့် ပြည်သူများဖြစ်ရန်လည်း တိုက်တွန်းသွားသည်။
"ပြည်သူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်ရင်ဆိုင်ပြီးတော့ ကိုယ့်ဘာသာကိုယ် ကျော်လွှားနိုင်တဲ့ အခွင့်အရေးတွေရဖို့လိုပါတယ်။ အဲဒီတော့ ဘယ်သူ့ကိုမှ အားမကိုးနေရဘူးပေါ့။ နောက်ဆုံးကျတော့ ဘယ်လို
ဖြစ်လာရမလဲဆိုတော့ ပြည်သူတွေကို အစိုးရက အားကိုးတဲ့အခြေအနေကို ရောက်အောင်လို့ ကျမတို့က ပို့ပေးရမှာဖြစ်ပါတယ်။ အခုလည်း ကျမတို့က အားကိုးနေရမယ်။ ပြည်သူတွေရဲ့ မဲမရဘဲနဲ့ ကျမတို့က လုပ်ပိုင်ခွင့် ရှိမှာမဟုတ်ဘူး။" ဟုပြောကြားသွားသည်။
လူငယ်များ အလုပ်အကိုင်ရရေး ဖြေရှင်းနိုင်ရန် မိုးကောင်းမြို့နယ်အတွင်း လေ့လာနိုင်ရန်အတွက် လွှတ်တော်ထဲ တရားဝင် အမတ်ရှိမှသာ ရနိုင်မည်ဖြစ်၍ NlD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန် တိုက်တွန်းလိုက်သည်။
ဟောပြောပွဲကို ၂ နာရီ ၄ဝ မိနစ်တွင် အဆုံးသတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ မိုးကောင်းမြို့သို့ ဦးတည်သွားနေပြီ ဖြစ်သည်။
မိုးကောင်းမြို့ အိုးတန်း ဘောလုံးကွင်းတွင် ဆက်လက်ဟောပြောမည်ဖြစ်သည်။
From မဇ္ဈိမ