Friday, February 24, 2012

လက်ကျန် ယုံကြည်ချက်အကျဉ်း​သား​များ​ လွှတ်​ပေး​ရန် ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်​တော့​မည်ဟုဆို

November | 2/24/2012 08:40:00 PM | Best Blogger Tips
အရှင်ဝီရသူ သင်္ကန်းအဖြူ ဆင်းမြန်းထားစဉ် (ဓာတ်ပုံ-ashinmettacara.net)


 အကျဉ်း​ ထောင်အသီး​သီး​မှာ ကျန်ရစ်ခဲ့​ကြတဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ အတွက် စာ​ရေး​၊​ စာတင် ​တောင်း​ဆိုရုံမျှဖြင့်​ မရနိုင်​တော့​ဘဲ ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်ရ​တော့​မယ်လို့​ အရှင်ဝီရသူက မိန့်​ကြား​လိုက်ပါတယ်။
ပြီး​ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်းသာခွင့်နဲ​ ပြန်လည်လွတ်မြောက်တဲ့​ အရှင်ဝီရသူလို့​ လူသိများ​တဲ့​ ဆရာ​တော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (မစိုး​ရိမ်တိုက်သစ်) က ဒီလ ၂၂ ရက်​နေ့​က ​ကြေညာချက်တ​စောင်ထုတ်ပြန် မိန့်​ကြား​လိုက်တာပါ။
ပြည်​ ထောင်စုအစိုး​ရ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာန ဝန်ကြီး​အပါအဝင် အမျိုး​သား​လူ့​အခွင့်​ရေး​ ​ကော်မရှင်​တွေကိုပါ ကျန်ရှိတဲ့​ ယုံကြည်ချက် အကျဉ်း​သား​စာရင်း​ကို တင်ပြခဲ့​ပေမယ့်​ ဒီ​နေ့​အချိန်အထိ ပြန်လွှတ်​ပေး​တာမျိုး​ မရှိ​သေး​တဲ့​အ​ပေါ် ဆရာ​တော်က မိန့်​ကြား​လိုက်တာပါ။
“ဦး​ဇင်း​ လွတ်လာပြီး​ ရက်ပိုင်း​အတွင်း​မှာပဲ သတင်း​စာရှင်း​လင်း​ပွဲ လုပ်တယ်​လေ။ အဲ့​ဒီပွဲမှာ ယုံကြည်ချက် အကျဉ်း​သား​တွေ ကျန်တာ ရှိရင် စာရင်း​ပေး​ပါ။ လွှတ်​ပေး​ပါမယ် ဆိုပြီး​ အစိုး​ရကိုယ်တိုင် တရား​ဝင် ကမ်း​လှမ်း​ခဲ့​တယ်​လေ။ ဦး​ဇင်း​က မန္တ​လေး​ထောင်နဲ့​ မြစ်ကြီး​နား​ထောင်မှာ ​နေခဲ့​တာဆို​တော့​ မန္တ​လေး​ထောင်မှာ ကျန်ခဲ့​တဲ့​ အကျဉ်း​သား​တွေ စာရင်း​ ​ကောက်လိုက်တယ်။ မြစ်ကြီး​နား​ထောင်မှာ ကျန်ရှိတဲ့​ အကျဉ်း​သား​စာရင်း​နဲ့​ ​ပေါင်း​လိုက်တဲ့​အခါမှာ မန္တ​လေး​ထောင်မှာ ၇၆​ယောက်ကျန်တယ်။ ၇၆​ယောက်ထဲမှာ ဦး​ဇင်း​ ၁၈ ပါး​၊​ ကိုရင် ၂ ပါး​။ မြစ်ကြီး​နား​မှာ နိုင်ငံ​ရေး​ ယုံကြည်ချက်နဲ့​ ကျတဲ့​ ဦး​ဇင်း​ ၂ ပါး​ကျန်တယ်။ အား​လုံး​ပေါင်း​တော့​ ၇၈ ​ယောက်​ပေါ့​။ ဦး​ဇင်း​ စာရင်း​ပြုစုပြီး​တော့​ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ကိုလည်း​ တင်တယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး​ ကိုကို ပြည်ထဲ​ရေး​ ပြည်​ထောင်စုဝန်ကြီး​ဌာနကိုလည်း​ တင်တယ်။ ​နောက် အိတ်ခ်ျအာဒဗလျူတို့​ ဆိုင်ရာအဖွဲ့​အစည်း​တွေကိုလည်း​ တင်တယ်။ အဲ့​လို စာတင်ပြီး​တော့​ ​နေခဲ့​တယ်။ ပြည်​ထောင်စု​နေ့​ အခါကြီး​ရက်ကြီး​မှာ လွှတ်မလား​နဲ့​ပေါ့​။ ဒါ​ပေမယ့်​ ပြည်​ထောင်စု​နေ့​မှာလည်း​ မထူး​ခြား​လာဘူး​လေ။ ဒါ​ကြောင့်​ ဒီ​ကြေညာချက်ကို ထုတ်လိုက်တာ။”
ဒီလို ​တောင်း​ဆိုမှု အဆင့်​ဆင့်​ကို ပြုလုပ်တဲ့​နေရာမှာလည်း​ သမ္မတကြီး​ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​ဖော်​ဆောင်​နေတဲ့​ ဒီမိုက​ရေစီလမ်း​စဉ်ကို မထိခိုက်​စေဘဲ ငြိမ်း​ချမ်း​စွာနဲ့​ ​အေး​ချမ်း​စွာ ဝတ်ပြုဆု​တောင်း​တာ၊​ ဆန္ဒပြုတာ​တွေကို အရင်ဆုံး​ ​ဆောင်ရွက်သွား​မှာဖြစ်ပြီး​ လာမယ့်​ တ​ပေါင်း​လပြည့်​နေ့​ ​နောက်ပိုင်း​မှာ စတင်ပြုလုပ်​တော့​မှာ ဖြစ်ပါတယ်။
“တ​ပေါင်း​ လပြည့်​နေ့​ကို တချက် မှန်း​ထား​ပါတယ်။ တ​ပေါင်း​လပြည့်​နေ့​က ​ရွှေတိဂုံ​စေတီ​တော် နှစ် ၂၆၀၀ ပြည့်​နဲ့​လည်း​ ကြုံ​တော့​ ဒီလိုရက်မျိုး​မှာ သာသနာ့​ ဒါယိကာကြီး​တွေက ဒီလို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ကုသိုလ်ထူး​တွေများ​ လုပ်ကြဦး​မလား​ဆိုတဲ့​ ​မျှော်လင့်​ချက်​လေး​နဲ့​ ဦး​ဇင်း​ တ​ပေါင်း​လပြည့်​နေ့​ကို ​စောင့်​ပါဦး​မယ်။ တ​ပေါင်း​လပြည့်​ကျော်လို့​မှ လွတ်ငြိမ်း​ချမ်း​သာဖို့​ အစီအစဉ် မရှိဘူး​ဆိုရင် ပြန်မလွတ်​သေး​တဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေရဲ့​ မိသား​စု​တွေနဲ့​ လွတ်​မြောက်လာတဲ့​ ယုံကြည်ချက် အကျဉ်း​သား​ဟောင်း​တွေ ​ပေါင်း​ပြီး​တော့​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​၊​ သိမ်သိမ်​မွေ့​မွေ့​၊​ ညင်ညင်သာသာနဲ့​ ​အေး​အေး​ဆေး​ဆေး​ ဖြစ်သွား​အောင် ဝတ်ပြု၊​ ပရိတ်ရွတ်၊​ ဆန္ဒပြု၊​ ဆု​တောင်း​ပွဲ​လေး​က စမှာပါပဲ။”
အရှင်ဝီရသူ မစိုး​ရိမ် ဆရာ​တော်ဟာ မြစ်ကြီး​နား​ထောင်က​နေ ပြန်လည် လွတ်​မြောက်လာစကလည်း​ အကျဉ်း​ကျခံ​နေရတဲ့​ ရဟန်း​သံယာ​တော်​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ တ​ယောက်မကျန်ပြန်လွှတ်ဖို့​နဲ့​ ရဟန်း​သံယာ​တော်​တွေ အကျဉ်း​ကျ​နေစဉ် သင်္ကန်း​ဝတ်ဆင်ခွင့်​ရရှိဖို့​ အဖြူ​ရောင် သင်္ကန်း​ကို ဝတ်ဆင်​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။
ဆရာ​တော်ဟာ ​ထေရဝါဒတိုက်ပွဲ (သို့​) ​ထေရဝါဒဒို့​တိုင်း​ပြည်နဲ့​ ပရိယတ္တိ​ရွှေချိန်ခွင် စာအုပ်​တွေကို ပြုစု​ရေး​သား​ခဲ့​တဲ့​ပြီး​။ အမျိုး​ဂုဏ်၊​ ဇာတိဂုဏ်မြှင့်​တင်​ရေး​ တရား​တွေကို ​ဟောကြား​ထုတ်​ဝေခဲ့​ပါတယ်။
ဒါ့​အပြင် ဆရာ​တော်ဟာ ဖမ်း​ဆီး​မခံရခင်မှာ ဓမစရိယသင်တန်း​တွေ၊​ ဗုဒ္ဓဘာသာယဉ်​ကျေး​မှု သင်တန်း​တွေ ဖွင့်​လှစ်ခဲ့​သလို ​သွေး​လှူဘဏ်နဲ့​ စာကြည့်​တိုက်စတဲ့​ လူမှု​ရေး​လုပ်ငန်း​တွေကိုလည်း​ လုပ်ကိုင်ခဲ့​ပါတယ်။
၂၀၀၃ ခုနှစ်မှာ​တော့​ ဆရာ​တော်ကို စစ်အစိုး​ရက ဖမ်း​ဆီး​ခဲ့​ပြီး​ ​ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့​တာပါ။ အကျဉ်း​ကျခံ​နေရစဉ် ၂၀၁၁ ခုနှစ်မှာ​တော့​ ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​တွေ စု​ပေါင်း​ပြီး​ အညတရသူရဲ​ကောင်း​ဆု ဆရာ​တော်ကို ချီး​မြှင့်​ခဲ့​ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1