Friday, February 24, 2012

Hot News မမ နှင့် ရွှေနံသာရွာမှ လယ်သူမလေး နှင်းနန္ဒာ

November | 2/24/2012 10:34:00 AM | Best Blogger Tips
Hot Newsသတင်းဂျာနယ်မှ သတင်းမှား၊ သတင်းလွဲများ ဖော်ပြခြင်း မရှိကြောင်းနှင့် ရွှေနံသာရွာမှာ လယ်သူမလေး နှင်းနန္ဒာ တကယ်ရှိမရှိ
 ရွှေနံသာရွာမှာ လယ်သူမလေး နှင်းနန္ဒာ
မေး-   ညီမနာမည်ဘယ်လို ခေါ်လဲ.မှတ်ပုံတင်နံပါတ်-
ဖြေ- နှင်းနန္ဒပါရှင်။
မေး- ညီမအမျိုးသားနာမည် ကရော။
ဖြေ- ဦးကျော်ဟိန်းပါ။
မေး- အိမ်မှာလင်မယားနှစ် ယောက်ထဲနေတာလား။
ဖြေ- ကျွန်မရဲ့ယောက္ခမ၊ ဦး ကျော်ဟိန်းရဲ့အဖေ ဦးဗြိုးနဲ့နေ ပါတယ်။
မေး- အစ်မတို့နှစ်ယောက် အင်တာဗျူးတဲ့ကိစ္စနဲ့ပတ် သက်လို့ မရှိဘူးဆိုတာကို ပြောခံရတဲ့အခါ ဘယ်လို ခံစားရလဲ။

ဇေကမ္ဘာ ကုမ္ပဏီဘက်က စာနယ် ဇင်းရှင်းလင်းပွဲ
ဖြေ- အခုလူကိုယ်တိုင်ကော၊ စာရွက်စာတန်းအထောက် အထားတွေရော ရရှိနေပြီး ဖြစ်ပါတယ်။ ပြန်ရှင်းတဲ့ ကိစ္စ ကတော့ အမဘက်က ပြန် ရှင်းမှာပေါ့လေ။ ဇေကမ္ဘာ ကုမ္ပဏီဘက်က စာနယ် ဇင်းရှင်းလင်းပွဲလုပ်ပြီး အခု လို ထုတ်ပြန်ကြေညာတာ ကတော့ တရားလွန်တယ်လို့ ခံစားရပါတယ်။ ဇေကမ္ဘာကို ထောက်ထားရမဲ့ မျက်နှာ တစ်ခုရှိနေတဲ့အတွက် ဂျာ နယ်က သည်းခံခဲ့တာ သုံး ကြိမ်မကတော့ပါဘူး။ တရား ဥပဒေနဲ့ တုံ့ပြန်သင့်ရင် တုံ့ပြန်ရပါလိမ့်မယ်။ ကျွန်မ သေချာစဉ်းစားနေပါတယ်။ဂျာနယ်သမားတွေနဲ့ ဒီ လောက်ဖြစ်နေတာတောင် အခုလို ရမ်းကားနေတဲ့ အ တွက်ဥပဒေကို မထင်မဲ့မြင်ပြု လုပ်နေတယ်လို့ ခံစားရ ပါတယ်။ သတင်းသမားဆို တာ ဥပဒေနဲ့ သွေဖီနေမှ သက်သေထောက်ချက် ခိုင် လုံမှ စာမျက်နှာပေါ် သတင်း တင်တာပါ။ သတင်းမှား သတင်းလွဲတွေကို ရေးတယ် ဆိုရင် တရားစွဲလို့ရပါတယ်။ သတင်းဂျာနယ်ကို သတင်း မှားတယ်။ လွဲတယ်လို့ ပြောတာ အကြီးမားဆုံး စော်ကားမှုပါပဲ။ ဒီ တစ်ခါ တော့ တရားဝင်  ကုမ္ပဏီက ထုတ်ပြန်ကြေညာတာပါ။ ရှေ့မှာလဲ  Hotnews ဂျာ နယ်က မဟုတ်မှန် သတင်း တွေရေးတယ်  သတင်းမှား ရေးတယ်ဆိုပြီး၊ ဂျာနယ်ကိုင် ပြီး လွှတ်တော်ထဲမှာ အခြား အမတ်တွေကို ငြင်းတာလဲ အမတ်တွေ ပြန်ပြောလို့ သိရတယ်။ Hotnews  သတင်းဂျာနယ်ကို မဟုတ် မမှန် သတင်းတွေ ဖော်ပြ တယ်လို့ အကြိမ်ကြိမ် ပြောတာကို ကြားခဲ့ပြီးဖြစ် ပါတယ်။  ကုမ္ပဏီကမှန်ရင် တရားစွဲလိုက်ပါ။ တရားရုံးမှာ ဖြေရှင်းဖို့ အသင့်ပါပဲ။ မမ ရုံးမကြောက်တတ်ပါဘူး။
မြန်မာနိုင်ငံဟာ ဥပဒေမဲ့ တိုင်းပြည်၊ မင်းမဲ့ တိုင်းပြည် မဟုတ်ဘူးဆိုတာ တစ်ခုခု ဖုံးလွှမ်းနေလို့ ဇေကမ္ဘာ ကုမ္ပဏီက မမြင်ဘူးလို့ ခံစားရတယ်။မနှင်းနန္ဒာ တို့ကလည်း အမှန်တကယ် ရွှေနံ့သာ ရွာသားတွေဖြစ်ပြီး တကယ်နေထိုင်ကြောင်း အားလုံးလဲ သိပါတယ်။ အဓိ က ဘာလဲဆိုတော့ နှင်းနန္ဒာ ကမရှိဘူးတဲ့။ ပထမ(၁) အချက်ကဘာလဲ ဆိုတော့ သူတို့ဘက်က တုန်တုန် ရင် ရင် ဖြစ်နေတယ်ဆိုတာက တော့ ဘယ်လိုမှ ငြင်းမရတာ ပါပဲ။ ဇေကမ္ဘာရဲ့ ဥက္ကဋ္ဌဦးခင် ရွှေကိုယ်တိုင်ရှင်း ရင်ရမယ် လေ။ ဒုဥက္ကဋ္ဌ ရှင်း ရင်ရှင်း ရမယ်လေ။ သူတို့တွေ အား လုံးက ဘာဖြစ်လို့ ပျောက် နေတာလဲ။ အမတို့ရရှိတဲ့ သတင်း Message ကနေ ဖော်ပြခြင်းဖြစ်တယ်။ စာနံ ပါတ်နဲ့ရက်စွဲ ပါအထောက် အထားအပြည့်နဲ့ ညွှန်းထား ပြီးသားဖြစ်တယ်။ ရောက် တယ် မရောက်ဘူးဆိုတာ ကျွန်မတို့နဲ့မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ သက်ဆိုင် တဲ့ခိုင်လုံတဲ့ အကြောင်း အရာကတော့ ဖော်ပြပါအ ချက် (၃)ချက်ကို ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်က ထုတ်ပြန်ခဲ့တယ်ဆိုတာ သေ ချာတယ်။ ကုမ္ပဏီမှာ ဥက္ကဋ္ဌ ဦးခင်ရွှေလဲမတွေ့ခဲ့ပါဘူး။ ဇေသီဟ၊ တာဝန်ရှိတဲ့ မြင့်ဇော် နဲ့လဲမတွေ့ခဲ့ပါဘူး။  တာဝန် ရှိတဲ့ ဦးမြင့်ဇော် (ဗိုလ်ကြီး မြင့်ဇော်) ကိုညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဆီကို   Report တင်တဲ့စာကိုခိုင်လုံစွာသတင်း တစ်ခုရတဲ့အတွက်ဒီစာနံပါတ် ရယ်၊ နေ့စွဲရယ် သတင်းဖော်ပြ ချက်ကို ကျွန်မတို့က သတင်း စာမျက်နှာပေါ်မှာအတိအလင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အမတို့သ တင်းသမားဆိုတာ မှန်ကန်တဲ့သက်သေရှိ ရင် အမုန်းခံပြီး ရေးရတာပါ။ မုန်းမဲ့သူဟာလည်း အမတ် တစ်ယောက်ဖြစ်နေပါ တယ်။ အမတ်တစ်ယောက်အပြင် သူဌေးတစ်ဦးလည်းဖြစ် နေပါတယ်။
မေး- ဇေကမ္ဘာနဲ့ ဆရာမ မမတို့ ရန်ညှိုး ရန်ဖက်ရှိပါ သလား။
ဖြေ- ကျွန်မနဲ့ ကိုယ်ရေးကိုယ် တာဘာ တစ်ခုမှ မငြိဖူးပါဘူး။ ပြဿနာလည်း မရှိ ပါဘူးရှင်။
မေး- အဲလိုပြောသွားတော့ မြင့်ဇော်ဆိုတာ ဘယ်သူလဲ။
ဖြေ- မြင့်ဇော်ဆိုတာ မန်နေ ဂျာပါ။ဗိုလ်ကြီးဟောင်းအငြိမ်း စားမြင့်ဇော်ပါ။ ဗိုလ်ကြီး မြင့်ဇော်(ငြိမ်း)ဆိုတော့ လယ် သမားတွေအနေနဲ့ တပ်က အရာရှိကြီး တစ်ဦးလို့လဲ မြင် နိုင်ဖွယ်ရှိတယ်လေ။ ကျွန်မတို့ ကတော့အမှန်ကိုအမှန်အတိုင်း ပြောရမှာပါပဲ။ တပ်မတော်မို့ လို့၊ သမ္မတမို့လို့၊ ၀န် ကြီးမို့လို့၊ အမတ်မို့လို့ ထိမ်ချန်လို့မရပါ ဘူး။SPဆိုင်ရာကို(သို့) ဥပဒေ ကိုအလွဲ သုံးစားလုပ်တာတွေ တွေ့ရင်စတုတ္ထမဏ္ဍိုင် ဆိုတာ စာမျက်နှာပေါ်မှာရေးရမှာပါပဲ။ မထင်မှတ်တဲ့အထင်မှားမှုဖြစ် ရင်လဲဖြစ်သွားနိုင်တယ်လေ။
မေး- ဗိုလ်ကြီးမြင့်ဇော်ဆိုတာ တပ်ကနေအငြိမ်းစားယူ ထား တဲ့အရာရှိဟောင်းပေါ့။
ဖြေ- ဟုတ်ပါတယ်။ တပ်က နေအငြိမ်း စားယူထားတဲ့ အရာရှိဟောင်းပါ။ ဒါဆိုရင် တပ်မတော်နဲ့တော့ မဆိုင် တော့ဘူးလို့ လယ်သမားတွေ မြင်ပေးရမယ်။အဖွဲ့အစည်းနဲ့ မဆိုင်ပါဘူး။
မေး – နွေစပါးစိုက်ဖို့ ထွန်ရက်ပြီးပြီလား။
ဖြေ – နွေစပါးစိုက်ဖို့အတွက် ထွန်ယက်ဖို့ ဆည်ကလာတဲ့ ရေမြောင်းတွေပိတ်ထားတော့ ထွန်ယက်လို့ မရဘူး ဖြစ်နေ တယ်။ နွားတွေ ရေတိုက်ဖို့ တောင်အဝေးကြီးမှာသွားခတ် ရတာပေါ့။ တိုင်ထားတယ်လို့ တော့ ပြောကြတယ်။
မေး – ဆည်မြောင်းကို တိုင် တာလား။ ဆည်မြောင်းက ဘာလုပ်ပေးလဲ။
ဖြေ – ဘာမှ မလုပ်ပေးပါဘူး။
မေး – သွားတိုင်တာ လူ ကိုယ်တိုင်လား။ စာတိုက် ကလား။
ဖြေ – လူကိုယ်တိုင်လို့ ပြော တယ်။ စာအိတ်အဖြူနဲ့ တိုင် စာထည့်ထားလို့တဲ့။ စာအိတ် အဖြူက ပိုက်ဆံပေးတာ လို့ ပြောတယ်။ စာအိတ်အညိုနဲ့ စာထည့်ပြီးပေးရမယ်တဲ့။
မေး – ဘယ်က ပြောတာလဲ။
ဖြေ – ဆည်မြောင်းကပါ။ တိုင်စာဆိုတာ စာအိတ်အညို နဲ့ ပေးရမယ်တဲ့။
မေး – နွေစပါး မစိုက်ရ တော့စားဝတ်နေရေး ဘယ် လို ဖြေရှင်းမလဲ။
ဖြေ – ကန်စွန်းရွက်စိုက်စား ရပါတယ်။ စားဝတ်နေရေးလဲ ခက်ခဲတာပေါ့။ အသက်ရှင် သန်ဖို့ဆိုတာ အတော် ခက်ခဲ ပါတယ်။ မိသားစု စားဝတ်နေ ရေး၊ ကျောင်းစရိတ် အတော် ဒုက္ခရောက်ပါတယ်။
မေး – သမီးယောက္ခမ ဦးဗြိုး ဟာလယ်(၈)ဧက ပိုင်တယ် နော်။ သိမ်းတဲ့ အထဲမှာလဲ ပါတယ်ပြောထားတယ်။ကန် စွန်းရွက်ကို ဘယ်မြေ မှာ စိုက်လဲ။
ဖြေ- ကျွန်မယောက်ကျား ဦးကျော်ဟိန်းမှာ လယ်(၁၁) ဧက ရှိပါတယ်။ အဲဒီထဲက ရေနည်းနည်းဝင်တဲ့ နေရာ မှာ စိုက်တာ။
မေး – ကန်စွန်းရွက်စိုက်တဲ့ အကျယ်ဘယ်လောက်ရှိလဲ။ တစ်နေ့ကန်စွန်းရွက်ရောင်း တာ ၀င်ငွေ ဘယ်လောက် ရလဲ။
ဖြေ – ဧက ၀က်လောက်ရှိပါ တယ်တစ်ထောင်နဲ့နှစ်ထောင် ကြားမှာရပါတယ်။
မေး – မိသားစုဘယ်နှစ် ယောက်လဲ။ စားဖို့ လောက် လား။
ဖြေ -မိသားစု လေးယောက် ရှိတယ်။စားဖို့လောက်ယုံ ပါပဲ။
မေး – လေးယောက် ကုန် ကျစရိတ်လေး တွက်ပြနိုင် မလား။ ဆန်တစ်ပြည် ဘယ် လောက်လဲ ဆိုတာက အစ ပေါ့။
ဖြေ- ဆန်တစ်ပြည် ၈၀၀ိ/- မိသားစုလေးယောက်မနက်လေး ဗူး၊ ညလေးဗူး၊ တစ်နေ့တစ် ပြည်ကုန်ပါတယ်။စားလောက် ရုံပါပဲ။ကျောင်းစာရိတ်နဲ့ ဆေး ကုဖို့ လုံးဝမရှိပါဘူး။
မေး-  တစ်ရွာလုံး လယ် သမားမိသားစုဘယ်လောက် ရှိလဲ။
ဖြေ -အိမ်ထောင်စု (၈၀) ၀န်းကျင်ရှိပါတယ်။
မေး – သူတို့ကော ဘယ်လို ဖြေရှင်းနေလဲ။
ဖြေ -ကျွန်မတို့ လိုပါပဲ။ မရှိရင် ချေးငှားရတယ်။ အခု ကျန် နေတဲ့မိုးစပါးလေးတွေ ရောင်း ရောင်းပြီး သုံးနေကြ ပါတယ်။ နွေစပါးမစိုက်ရရင် အားလုံး ငတ်ပါပြီ။ အဲ့ဒီအတွက် မမ တို့ဂျာနယ်တိုက်ကိုလယ်သမား တွေစုပြီး ဆရာမကို အားကိုး တကြီး သွားရေးခိုင်းကြမယ် လို့ အဘတို့ ပြောတာကြားပါ တယ်။
မေး- ဂျာနယ်တွေကိုဘာလို့ အားကိုးတာလဲ။
ဖြေ -မွန်ပြည်နယ်က နိဒုံးရွာ အပါအ၀င် ရွာငါးရွာမှာ ဧက (၂၀၀၀) မတရားသိမ်းမယ် လုပ်တုန်းက ဂျာနယ်စာ မျက် နှာ ဖော်ပြချက်တွေကြောင့် ဧက(၂၀၀)ပဲအသိမ်းခံရတယ် လို့ သိလိုက်ရပါတယ်။ အဲဒီ အတွက် ဆရာမတို့ကို အား ကိုးမိတာပါတချို့လယ်သမား တွေက လယ်ထဲမှာ တဲထိုးနေ ကြတာ၊ လယ်သိမ်းခံရရင် နေစရာလဲမရှိ၊ စားစရာလဲ မရနိုင်တော့တဲ့အတွက် အား ကိုးကြတာပါ။
မမ – ကောင်းပါပြီ၊ လယ် သမားမိသားစုတွေကျွန်မတို့ ဂျာနယ်တွေကို အားကိုးတဲ့ အတွက်ခိုင်လုံတဲ့သက်သေ တွေ၊ ဥပဒေ ပြဌာန်းချက် တွေ၊ ဌာနဆိုင်ရာ အကိုး အကားတွေ ရှာဖွေလေ့လာ ပြီးသက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ကို စုံစမ်းပြီး ဘယ်သူမှ နစ်နာမှု မရှိရလေအောင် ကြိုးစားပေးပါ့မယ်။စာမျက် နှာပေါ် ပါဖို့ကတော့ ညီမ တို့ လယ်သမားမိသားစု တွေ ၀ိုင်းဆုတောင်းကြ ပေါ့။ စိစစ်ရေးက ခွင့်ပြုရင် သက်သေပြချက်တွေနဲ့တကွ မမတို့ ရေးပေးပါ့မယ်။
နှင်းနန္ဒာ- ကျေးဇူးတင်ပါ တယ်အမရယ်။ကျွန်မတို့ကို ကူညီပါ။ ကျွန်မတို့လဲ ဆု တောင်းပါ့မယ်။
မမ – အခုလို အမဆီကို လာပြီး ဖြေကြားပေးတဲ့ အတွက်လည်း အစ်မက ကျေးဇူးတင်ပါတယ်။ Hot News  ဂျာနယ်နဲ့ မမကို သိက္ခာကျစေချင်တဲ့ အနေ အထားတွေကို ကြားရတဲ့ အတွက်မမတောင်းတဲ့အချက် အလက်တွေ အဝေးကြီးက လာပေးတဲ့ နှင်းနန္ဒာကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုင်း ကျွန်းမည် ကျွန်းကိုင်းမည် ပေါ့။ တရားကို နတ်စောင့် မှာပါ။
မသံလွင် (Hot News)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1