Friday, February 24, 2012

ငြိမ်း​ချမ်း​ရေး​အတွက် အား​လုံး​ပူး​ပေါင်း​ဆောင်ရွက်ရင် ​အောင်မြင်ပါလိမ့်​မယ်

November | 2/24/2012 07:52:00 PM | Best Blogger Tips
ဗိုလ်မှူး စိုင်းလောဝ်ဆိုင်



ပြီး​ခဲ့​တဲ့​ လပိုင်း​ကမှ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ သ​ဘောတူထား​တဲ့​ ရှမ်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​ကောင်စီ/ ရှမ်း​ပြည်တပ်မ​တော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်​အေ) တပ်​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ထပ်မံ ဖြစ်ပွား​နေပါတယ်။

ဒီတိုက်ပွဲ​ တွေ​ကြောင့်​ မြန်မာအစိုး​ရ ​ဆောင်ရွက်​နေတဲ့​ လက်ရှိငြိမ်း​ချမ်း​ရေး​ လုပ်ငန်း​စဉ် ဘယ်လိုထိခိုက်မှုရှိမလဲ။ မြန်မာနိုင်ငံမှာ ​ရေရှည်စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ရဖို့​ ဘာ​တွေလုပ်ဖို့​ လိုအပ်မလဲ ဆိုတာ​တွေနဲ့​ ပတ်သက်ပြီး​ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​ရဲ့​ ​ပြောခွင့်​ရပုဂ္ဂိုလ် ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
မြန်မာအစိုး ​ရတပ်​တွေနဲ့​ ရှမ်း​ပြည်တပ်မ​တော် အပစ်ခတ်ရပ်စဲ​ရေး​ သ​ဘောတူထား​ပြီး​တဲ့​နောက်မှာ တိုက်ပွဲ​တွေ ၇ ကြိမ်ထက်မနည်း​ ဖြစ်ပွား​ခဲ့​တယ်လို့​ ​တွေ့​ရပါတယ်။ ဘယ်​နေရာ​တွေမှာ အဓိက တိုက်ပွဲ​တွေ ဖြစ်​နေတာလဲ။
“တိုက်ပွဲဖြစ်တဲ့ ​နေရာရာက​တော့​ တာချီလိတ်မြို့​နယ်ထဲက မန်ခိုင်​ကျေး​ရွာအုပ်စုမှာပါ။ ​နောက်ပြီး​တော့​ မိုး​ဗြဲ၊​ မိုင်း​ပန်၊​ သီ​ပေါ၊​ ​ကျောက်မဲမြို့​နယ်​တွေမှာ မလိုအပ်တဲ့​ပြဿနာ​တွေ ​ပေါ်​ပေါက်လာပြီး​တော့​ တိုက်ပွဲငယ်​လေး​တွေ ဖြစ်ပွား​ခဲ့​ရခြင်း​ ဖြစ်ပါတယ်။”
ဒီ​နေ့​ထိ ဆက်ပြီး​တော့​ ဖြစ်​နေတုန်း​ပဲလား​။
“မ​နေ့​က​တော့ ​ ​နေ့​လယ်ပိုင်း​က​နေ မွန်း​လွဲ​ကျော်​ကျော် အချိန်ထိ​တော့​ တိုက်ပွဲငယ်​လေး​တွေ ဖြစ်​နေတုန်း​ပါပဲ။ မိုင်း​ခိုင်း​ မြို့​နယ်ထဲမှာ။”
တိုက်ပွဲ​တွေ​ကြောင့်​ နှစ်ဖက် အ​သေအ​ပျောက် ဒဏ်ရာရသူ ဘယ်​လောက် ရှိသလဲ။
“မိုင်း​ပြင်း ​မြို့​နယ်ထဲမှာဆိုရင် ကျ​နော်တို့​ ​သေနတ် ၁ လက် ဆုံး​ရှုံး​ပါတယ်။ ​နောက်ပြီး​တော့​ ​ကျောက်မဲမြို့​နယ်ထဲမှာဆိုရင် ကျ​နော်တို့​ အရာရှိ ၁ ဦး​နဲ့​ သူ့​မိသား​စု အား​လုံး​ကို အစိုး​ရတပ်​တွေက သတ်ဖြတ်သွား​ပါတယ်။ ဒု-ဗိုလ်အဆင့်​ပါ။”
အစိုး​ရဘက်က အကျအဆုံး​ ဘယ်လို သတင်း​ရပါသလဲ။
“၃ ​ယောက်​လောက် ဒဏ်ရာရသွား​တယ်လို့​တော့​ အတည်ပြုလို့​ မရ​သေး​တဲ့​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။”
အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​ထား​ပြီး​မှ အခုလိုမျိုး​တိုက်ပွဲ​တွေ ထပ်မံဖြစ်ပွား​နေတာက ဘာ​ကြောင့်​ ဖြစ်ပွား​နေတာလဲ။
“အစိုး​ ရတပ်ဘက်က ငြိမ်း​ချမ်း​ရေး​အကျိုး​ဆောင်​တွေ အပစ်အခတ် ရပ်စဲထား​တာကို နား​လည်မှု လွဲ​နေတာလား​တော့​ မသိပါဘူး​။ ကျ​နော်တို့​က အကျိုး​ဆောင်​တွေ ပြန်​မေး​တော့​ နား​လည်မှုလွဲ​နေတာပါလို့​ ကျ​နော့်​ကို ပြန်​ပြောပါတယ်။”
နား​လည်မှုလွဲတယ်ဆိုတာ ဘာကို​ပြောတာလဲ။
“​အောက်​ခြေက မသိတဲ့​ပုံစံမျိုး​၊​ နား​မလည်တဲ့​ ပုံစံမျိုး​နဲ့​ သူတို့​ အဲဒီလိုမျိုး​ ကျ​နော်တို့​ကို ပြန်ရှင်း​ပြပါတယ်။ အမှန်ဆိုရင် တပ်မ​တော်က အစိုး​ရရဲ့​ ကွပ်ကဲမှု​အောက်မှာပဲ ရှိတယ်ဆို​တော့​ အစိုး​ရက ကျ​နော်တို့​နဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်​တွေ ရပြီး​တော့​ လက်မှတ် ​ရေး​ထိုး​ထား​တာ​တွေကို ​အောက်​ခြေတပ်​တွေ ထိ​အောင် သူတို့​ ရှင်း​ပြဖို့​ တာဝန်ရှိပါတယ်။ ဒီလိုမျိုး​ မလိုအပ်တဲ့​ တိုက်ပွဲ​တွေ၊​ ပြဿနာ​တွေ မဖြစ်​ပေါ်ဖို့​အတွက်လည်း​ အစိုး​ရက​နေ တာဝန်ယူပြီး​တော့​ ရှင်း​ပြဖို့​၊​ ထိန်း​သိမ်း​ကွပ်ကဲ​ပေး​ဖို့​ တာဝန်ရှိတယ် ဆိုတဲ့​အ​ကြောင်း​ အကျိုး​တော်​ဆောင်​တွေက​နေ တဆင့်​ အ​ကြောင်း​ကြား​ထား​ပါတယ်။ ကျ​နော်တို့​ တည်​ဆောက်ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​ အဆင့်​မ​ရောက်​သေး​ခင်မှာ ဒီ ပဏာမသ​ဘောနဲ့​ ကျ​နော်တို့​ သ​ဘောတူညီချက်​တွေ ရရှိထား​တာ​တွေကို မပျက်ပြား​စေချင်တဲ့​အ​ကြောင်း​တွေ ကျ​နော်တို့​ ​ပြောပါတယ်။”
နောက်ထပ် ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ ဘယ်​တော့​လောက် လုပ်မယ်လို့​ ညှိနှိုင်း​ထား​တာ ရှိလဲခင်ဗျ။ ​ဆွေး​နွေး​ပွဲ​တွေ ထပ်လုပ်ဖို့​ပေါ့​။
“အဲဒါက​တော့​ လိုအပ်ရင် လိုအပ်သလို ​ဆွေး​နွေး​သွား​ဖို့​ ကျ​နော်တို့​ ​ပြောထား​ပါတယ်။ အဲဒီလိုမျိုး​ ပြဿနာ​တွေ ဖြစ်​ပေါ်လာရင်​တော့​ ပိုပြီး​တော့​ လိုအပ်ပါတယ်လို့​ ကျ​နော်တို့​ ထင်ပါတယ်​လေ။”
ရှမ်း​ပြည်နယ်ထဲမှာ ဆက်ဆံ​ရေး​ရုံး​တွေ ဖွင့်​ဖို့​ အ​ခြေအ​နေက​ရော ဘယ်​တော့​လောက် စပြီး​တော့​ ဖွင့်​နိုင်မလဲ။
“ကျ​နော်တို့​ ၃၊​ ၄ ရုံး​လောက်​တော့​ ဖွင့်​နိုင်ပါပြီ။ ​တောင်ကြီး​၊​ ကျိုင်း​တုံနဲ့​ တာချီလိတ်မှာပါ။ နမ့်​ခမ်း​ဘက်မှာလည်း​ ကျ​နော်တို့​ စီး​ပွား​ရေး​ရုံး​တွေ ဖွင့်​နေပါပြီ။”
လွတ်လွတ်လပ်လပ် လုပ်ခွင့်​ရလား​။ အဲဒီမှာ ပိတ်ပင်တား​ဆီး​တာ​တွေ ရှိလား​။
“ပိတ်ပင်တား​ ဆီး​မှု​တော့​ တစုံတရာ မရှိပါဘူး​။ နယ်​မြေခံတပ်က တာဝန်ရှိသူ​တွေနဲ့​ ကျ​နော်တို့​ အ​ကြောင်း​ကြား​ပြီး​တော့​ သူတို့​ အကူအညီ​တွေနဲ့​ ကျ​နော်တို့​ လုပ်စရာရှိတာ​တွေ ​ကောင်း​ကောင်း​မွန်မွန် လုပ်​ဆောင်လို့​ ရပါတယ်။ ဒီဖြစ်​ပေါ်လာတဲ့​ ကိစ္စ​တွေ ကျ​နော်တို့​ ဆက်ဆံ​ရေး​ရုံး​က​နေတဆင့်​ ဒီကိစ္စနဲ့​ ပတ်သက်တဲ့​ တာဝန်ရှိသူ​တွေ အား​လုံး​ကို ကျ​နော်တို့​ အ​ကြောင်း​ကြား​ပါတယ်။ အဆက်အသွယ်ပြုပါတယ်။ ​ဖြေရှင်း​မယ့်​ နည်း​လမ်း​တွေကိုလည်း​ ကျ​နော်တို့​က ​တောင်း​ခံပါတယ်၊​ တင်ပြပါတယ်။”
ငြိမ်း ​ချမ်း​ရေး​သ​ဘောတူထား​ပြီး​မှ အဲဒီလိုမျိုး​ တိုက်ပွဲ​တွေ ဆက်ဖြစ်​နေမယ်ဆိုရင် ငြိမ်း​ချမ်း​ရေး​ရဲ့​ ​ရှေ့​အလား​အလာ ဘယ်လို ရှိမယ်ထင်လဲ။ အစိုး​ရဘက်က ဒီလိုမျိုး​ တိုက်​နေဦး​မယ်ဆိုလို့​ ရှိရင် အက်စ်အက်စ်​အေက ဘယ်လို သ​ဘောထား​မလဲ။
“ကျ​နော်ထင်တာ ​တော့​ အစိုး​ရက တာဝန်ယူပါလိမ့်​မယ်လို့​ ထင်ပါတယ်။ ဒီလိုမျိုး​ ပြဿနာ​တွေ ထပ်မဖြစ်​အောင် အား​လုံး​ နား​လည်မှု​တွေ မလွဲမှား​အောင် အစိုး​ရက ထိန်း​သိမ်း​ပေး​မယ်၊​ ကွပ်ကဲ​ပေး​မယ် ဆိုတဲ့​ သ​ဘောမျိုး​တော့​ ရှိလိမ့်​မယ်လို့​ ထင်တယ်​လေ။ ကျ​နော်တို့​ ယုံကြည်တယ်​လေ။”
လက်တ ​လောမှာ​တော့​ ကချင်ဘက်မှာလည်း​ ငြိမ်း​ချမ်း​ရေး​က မရ​သေး​ဘူး​ပေါ့​။ ​နောက် ရထား​ပြီး​သား​ အဖွဲ့​တွေလည်း​ ဥပမာ – ဒီ​ကေဘီ​အေ အဖွဲ့​က ငြိမ်း​ချမ်း​ရေး​ ဖျက်လိုက်ပြီ ဆိုပြီး​တော့​ သတင်း​တွေ ထွက်​နေတယ်​ပေါ့​။ ဒီလို အ​ခြေအ​နေမှာ ​ရေရှည်​ပေါ့​နော်။ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ရေရှည်ရ​အောင်လို့​ အဓိက လိုအပ်ချက်က ဘာလဲလို့​ ​ပြောလို့​ ရမလဲ။ ဘာ​တွေလုပ်ဖို့​ လိုအပ်မယ် ထင်ပါသလဲ။
“အဓိကက​တော့​ ကျ​နော်တို့​ရဲ့​ ​စေတနာပါပဲ၊​ တိုင်း​ပြည်အ​ပေါ်​ရော ကျ​နော်တို့​ ထား​ရှိတဲ့​ ​စေတနာ​တွေ ဘယ်​လောက် သန့်​သလဲ၊​ ဘယ်​လောက် ​စေတနာမှန်သလဲ ဆိုတဲ့​အ​ပေါ်မှာ မူတည်ပါတယ်။ ကျ​နော်တို့​ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​ ဆိုတဲ့​ လမ်း​စဉ်မှာ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေ၊​ အား​လုံး​သော အဖွဲ့​အစည်း​တွေ၊​ အစိုး​ရနဲ့​ ကျ​နော်တို့​ တပ်မ​တော်ရယ် အဲဒါ​တွေ အား​လုံး​ပါဝင်ပြီး​ ပူ​ပေါင်း​ဆောင်ရွက်မှာ ဖြစ်တဲ့​ဟာပါ။ ဒါ​ကြောင့်​ အား​လုံး​ပူး​ပေါင်း​ဆောင်ရွက်ရင်​တော့​ ​အောင်မြင်ပါလိမ့်​မယ်လို့​ ကျ​နော်ထင်ပါတယ်။” 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1