Sunday, March 18, 2012

ဒေါ်အောင်ဆန်းစုကြည်အားလားရှိုး ဒေသခံများအပြင် အခြားမြို့နယ်များမှလည်း သောင်းသောင်းဖြဖြ လာရောက်ကြိုဆို

November | 3/18/2012 11:39:00 AM | Best Blogger Tips
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လားရှိုးမြို့သို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ရာ မြို့ခံလူထုများ သာမက အခြားမြို့နယ်များမှ ဒေသခံများကလည်း တကူးတက လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လားရှိုးလေဆိပ်မှတစ်ဆင့် သိန်းနီလမ်းအတိုင်း တည်းခိုမည့်ဘူတာလမ်း လားရှိုးတက္ကသိုလ်အနီးရှိ NLD ပါတီဝင် ဦးသန်းဋ္ဌေး နေအိမ်သို့ ထွက်ခွာလာရာ ဒေသခံများက လမ်းတစ်လျောက် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်အတွက် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံများ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံစတေကာများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများကပ်ထားသည့် သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ လမ်းမတစ်လျောက်တွင်စည်ကားစွာ တွေ့မြင်ရသည်။

လားရှိုးလေဆိပ်တွင် လေယာဉ် မဆိုက်မီ ကြိုတင်ရောက်ရှိနေကြသော လူထုပရိသတ်များမှာ လေယာဉ်ကွင်း လမ်းတစ်လျောက် ပြည့်နှက်နေသည်ကို တွေ့မြင်ရသည်။
လေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ရှမ်းတိုင်းရင်းသား ဒေသခံများ ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/သူများ၊ ဒေသခံများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
လားရှိုးမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့များမှ ဒေသခံများကလည်း တစ်ခဲနက်လာရောက် ကြိုဆိုကြကြောင်း သိရသည်။
မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်အနီး ကွင်းပြင်တွင် မွန်းလွဲ ၃ နာရီအချိန်က ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ကျွန်မတို့ နိုင်ငံဟာ ပြည် ထောင်စုမို့လို့ ကျွန်မတို့ဟာ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စုတစ်ခုလုံးနဲ့ စေ့စပ်ပေးနိုင်မယ့် ပြည်သူလူထုတစ်ခုလုံးနဲ့ အမြဲပဲ ဆက် သွယ်နိုင်မယ့် နိုင်ငံရေးပါတီ တစ်ခုကို ထူထောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံရေးပါတီဟာ အခုဆိုလို့ရှိရင် အနှစ် နှစ်ဆယ့်လေးနှစ် ရှိသွားပါပြီ။ ဒီနိုင်ငံမှာ တိုင်းရင်းသားကလည်း မျိုးစုံတယ်။ လူဦးရေကလည်း များတယ်ဆိုတော့ တစ်ယောက်ကို တစ်ယောက် သိတတ်မှု ရှိရမယ်။ အဲဒါ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ်ကနေပြီးတော့ တစ်ဖက်သားရဲ့ မျှော်လင့်ချက်တွေ၊ လိုအပ်ချက်တွေကို နားလည်ရမယ်။ အဲ့ဒီလိုကျွန်မတို့ တိုင်းရင်းသားတွေ ကြားမှာနားလည်မှုတွေ တည်ဆောက် နိုင်မှ ဒီနိုင်ငံကြီးဟာ ငြိမ်းချမ်းနိုင် မယ်၊ သာယာနိုင်မယ်၊ တိုးတက်နိုင် မယ်။ အဆင်မပြေတာရှိရင်ပြဿ နာက ဘာလဲဆိုတာ ကျွန်မတို့ ရှာ ရမယ်။ ဒီပြဿနာကို ရှာပြီးမှ ဖြေ ရှင်းနိုင်မှာ ဖြစ်ပါတယ်။ လူတွေရှိနေသရွေ့ ပြဿနာတွေက ရှိနေမှာပဲ။ အရေးကြီးတာက ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းမလဲဆိုတာ အရေးကြီးတာပဲ။ ဒီတော့ ကျွန်မတို့ ဘယ်လိုပုံနဲ့ ဖြေရှင်းချင်လဲဆိုတော့ ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းချင်တယ်။ ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုတဲ့  အဓိပ္ပာယ်က ဘာလဲဆိုတော့ ရိုးရိုးလေးပြောရင် ပြည်သူအများစုရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ဖြေရှင်းချင်တယ်။ ကျွန်မတို့ဟာ တိုင်းရင်းသား လူမျိုးစုံ မြောက်များစွာနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမို့လို့ ကျွန်မတို့ ပြဿနာကိုဖြေရှင်းတဲ့နေရာမှာတိုင်း ရင်းသားပေါင်းစုံရဲ့မျော်မှန်းချက် တွေ၊တိုင်းရင်းသားပေါင်းစုံရဲ့လို အပ်ချက်တွေ အဲဒါတွေ အားလုံးထည့် ပြီးတော့ ကျွန်မတို့စဉ်းစားမှ ဒီ ပြဿနာတွေကိုဖြေရှင်းနိုင်မှာပါ။ တိုင်းရင်းသားတွေ အင်မတန်မှစုံတဲ့ နေရာမှာဆိုရင် တိုင်းရင်းသားတွေ အင်မတန်မှ မျိုးစုံလေလေ ကျွန်မတို့အနေနဲ့ တစ်ဦးအပေါ် တစ်ဦး နားလည်မှုရှိဖို့ လိုလေလေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူတွေရဲ့ဝေဖန်မှုကို ခံရမယ်။ တုံ့ပြန်ရမယ်။ ပြည်သူတွေက မကြိုက်လို့ ဝေဖန်ရင် မကြိုက်တဲ့ကိစ္စကို တတ်နိုင်သမျှ ပြုပြင်ပေး ရမယ်။ မပြု ပြင်ပေးရင် ဘာဖြစ်သလဲဆိုတော့ နောက်ရွေးကောက်ပွဲမှာ ရှုံးလိမ့်မယ်။ အဲဒီလိုပဲ ဒါက ဒီမိုကရေစီပဲ''ဟု ပြောကြားခဲ့သည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1