Sunday, March 18, 2012

 SEA-ME-WE 3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်မှု ပြန်လည်ကောင်းမွန်

November | 3/18/2012 04:01:00 PM | Best Blogger Tips
ပြည်တွင်းရှိ အင်တာနက် ဆက်ကြောင်းများအနက် အဓိကအကျဆုံး ဆက်ကြောင်းတစ်ခုဖြစ်သည့် SEA-MEWE3ပင်လယ်ရေ အောက်အင်တာနက်ဆက်ကြောင်း ပြတ်တောက်နေမှု ပြန်လည် ကောင်း
မွန်သွားပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရား ၀င် ထုတ်ပြန်ချက်များအရ သိရသည်။
မတ်လ ၁၇ ရက်နေ့ နံနက် ၅နာရီ ၅၃ မိနစ်မှ စတင်၍ ဖျာပုံနှင့် ကျိုက်လတ်ကြားရှိ SEA-ME-WE 3 ပင်လယ်ရေအောက် ကေဘယ်လ် အင်တာနက် ဆက်ကြောင်းနှင့် မြ၀တီရှိ နိုင်ငံတကာ အင်တာနက် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာ ကေဘယ်လ် ဆက်ကြောင်းအချို့ ပြတ်တောက်သွားသဖြင့် Bandwidth ပမာဏ 3.1GB ကျဆင်းသွားခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြေငြာချက်များအရ သိရသည်။ထိုသို့ ဆက်ကြောင်း ပြတ်တောက်မှုများထဲမှ SEA-ME-WE 3 ရေအောက်ကေ ဘယ်လ် ဆက်ကြောင်းမှာ ယင်းနေ့ နေ့လည် ၂နာရီ ၄၄ မိနစ်တွင် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း သိရသည်။
''ဒီတစ်ခေါက် SEA-ME-WE 3  ပြတ်သွားတာက ရေအောက်မှာ မဟုတ်ပါဘူး။ ဖျာပုံနဲ့ ကျိုက်လတ်မြို့ အကြားမှာ မြေကြီး တူးမိရာကနေ ထိမိပြီး ပြတ်သွားတာ နေ့ချင်းပဲ ပြန်ပြင်လိုက်လို့ ကောင်းသွားပါပြီ။ မြ၀တီဘက်က လာတဲ့ ကုန်းတွင်း ဖိုက်ဘာလင့်ခ် ပြတ်သွားတာလည်း တစ်ရက် နှစ်ရက်အတွင်း ကောင်းသွားမှာပါ။၂၀၁၁ ခုနှစ်အောက်တိုဘာလက ပြတ်တောက်သွားတဲ့ SEA-ME-WE 3 ဆက်ကြောင်းရဲ့ မြန်မာနိုင်ငံဘက်က အပိုင်းကတော့ ၂၀၁၂ ဖေဖော်ဝါရီလမှာ ပြင်လို့ ပြီး သွားပါပြီ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
အဆိုပါ SEA-ME-WE 3 ရေအောက် ကေဘယ်လ် ဆက်ကြောင်းသည် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့၌ ပထမအကြိမ် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ယင်းကာလ၌ အင်တာနက် ကွန်နက်ရှင် နှေးကွေးမှုမှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီး အင်တာနက် အသုံးပြု စီးပွားရေး လုပ်ငန်းများတွင် ထိခိုက်နစ်နာမှု များပြားခဲ့ကြောင်း သိရသည်။ SEA-ME-WE 3 ရေအောက် ကေဘယ်လ် ဆက်ကြောင်းမှ Bandwidth 1.7GB ရယူသုံးစွဲ လျက်ရှိပြီး ပြည်တွင်းသို့ ချိတ်ဆက်ထားသည့် အင်တာနက်ဆက် ကြောင်းများအနက် အရေးအကြီးဆုံး ဆက်ကြောင်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ပြည်တွင်း၌ အသုံးပြု လျက်ရှိသည့် အင်တာနက် Bandwidth ပမာဏမှာ အမြင့်ဆုံး 3.8GB နီးပါးရှိပြီး  SEA-ME-WE 3 ရေအောက် ကေဘယ်လ် ဆက်ကြောင်းလိုင်း အပါအ၀င် အင်တာနက်ဆက်ကြောင်း လေးလိုင်း ရှိကြောင်း သိရသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1