Friday, March 23, 2012

ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ရပ်တန့်ဖို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စာတင်

Ever November | 3/23/2012 08:43:00 AM | Best Blogger Tips

တနင်္သာရီတိုင်း ကော့သောင်းမြို့က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ရပ်တန့်ဖို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဆီကို စာပို့လိုက်ပါတယ်။
မကြာခင်မှာ စတင်လည်ပတ်ဖို့ ပြင်ဆင်နေတဲ့ ရှစ်မဂ္ဂါဝပ်   ​ကျောက်မီး​သွေး​ ဓာတ် အား​ပေး​စက်ရုံဟာ လူ​နေရပ်ကွက် ၂ ခုအကြားမှာ ရှိနေတဲ့ အတွက် ဒေသခံတွေရဲ့ ကျန်းမာရေး အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့  အထွေထွေအတွင်း ရေးမှူး ၁ ဒေါ် ချိုချိုကျော်ငြိမ်း က ပြောပါတယ်။
“အဲဒီစက်ရုံကလေ လူတွေနေတဲ့ ရပ်ကွက်ထဲမှာ လာလုပ်တဲ့ အခါကျတော့ အသက်ရှုလို့မရဘူး ရောဂါတွေဖြစ်တယ် အဲဒါ အများကြီးပဲ ဝိုင်းပြီးတော့ complaint တက်တာနဲ့ အန်တီတို့ ဒီမိုကရက်တစ်ပါတီက တိုင်ပေးတာ။ ဝန်ကြီးချုပ်ကိုတိုင်တော့ ဝန်ကြီးချုပ်က အထက်ကို တင်ပြပါ့မယ် ဆိုတော့ အန်တီတို့က အခု သမ္မတ ကြီးပါတိုင်တယ်။ ဒီမိုကရက်တစ်ပါတီ အနေနဲ့ တိုင်တာ။” လို့  သူက ပြောပါတယ်။
ကျောက်မီးသွေးစက်ရုံက ထွက်လာမယ့် ကာဗွန်မိုနောက်အောက်ဆိုက် ခေါ် အဆိပ် မီးခိုးငွေ့များ နှင့် ပြာမှုန့် အပူငွေ့ အဆီများကြောင့် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဦးနှောက် အမှေးပါး ရောင်ခြင်း၊ ဦးနှောက်သွေးကြောများ သေးငယ်ခြင်း စတဲ့ ဆိုးကျိုးတွေ ရရှိနိုင်တယ်လို့  ပါတီကထုတ်ဝေတဲ့ လက်ကမ်း စာစောင်ထဲမှာ ပါရှိတယ်လို့  ဖတ်ရသူ တဦးက ဒီဗွီဘီကို ပြောပြပါတယ်။
သန်း​ ဖြိုးသူကုမ္ပဏီက ပိုင်ဆိုင်တဲ့ အဲဒီ စက်ရုံဟာ ကိုး​ဆယ်ရာခိုင်နှုန်း​လောက် ပြီး​စီး​နေပြီး​  လျှပ်စစ်ဖြန့်​ဖြူး​ မယ့်​ အ​ကြောင်း​ ရပ်ကွက်​နေ ပြည်သူ​တွေကို စက်ရုံမန်​နေဂျာနဲ့​ ရပ်​ကျေး​အုပ်ချုပ်​ရေး​မှူး​တွေ လဆန်းပိုင်းက လိုက်လံ ရှင်း​လင်း​ခဲ့​ပါတယ်။
ဒီကျောက်မီးသွေးစက်ရုံကို ထိုင်းနိုင်ငံ ပရာကျွတ်မှာ တပ်ဆင်ခဲ့ဖူးပြီး ထိုင်း နိုင်ငံသားတွေ ဆန္ဒပြမှုကြောင့် ရပ်နားလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ 
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1