
နိုင်ငံတော်သမ္မတကြီးသိစေရန်..
ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ မတရားလုပ်ရပ်အားတင်ပြခြင်း။
လက်ရှိကရင်ပြည်နယ်ဝန်းကြီးချုပ်သည်
မြ၀တီမြို့မှ စီးပွါးရေးသမားများနှင့်ပူပေါင်းပြီး လူထုကိုအနိုင်ကျင့်နေ
သည်မှာ အများကသိပါသည်။ မြ၀တီမြို့လူထုများအားလုံးက စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ
ဖြစ်နေကြပါသည်။ သူတပါးပိုင်ဆိုင်မှု မြေသိမ်း၊ ခြံသိမ်း ယခုဆိုရင်လည်း
ပြည်သူလူထု၏ ဆန္ဒကိုမျှမယူဘဲ စစ်တပ်၏အာဏာ ရှင်စနစ်မျိုးနှင့်
ထိုင်းနိုင်ငံမှ ၀ယ်ယူသုံးစွဲနေသောလျှပ်စစ်မီးကို ဒေါ်သင်းသင်းမြတ်အား
လက်သိပ်ထိုးပြီး ငွေကျပ်သိန်း(၁၀၀၀) ဖြင့် ၂ ဦးသားတွေ့ပြီး
၎င်းလျှပ်စ်မီးကို အပြီးအပိုင်လုပ်ပိုင်ခွင့် ချပေးလိုက်ပါသည်။
ဖေါ်ပြပါ မြ၀တီမြို့လျှပ်စစ်မီး
ကိစ္စအား နိုင်ငံတော်သမ္မတကြီးမှ ပြည်သူတို့၏ သဘောထားများရယူ၍ ပြန်လည်
ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
Ref; Demowaiyan
No comments:
Post a Comment