ရန်ကုန်မြို့အတွက်
ဂျီအက်စ်အမ် ဖုန်းလိုင်းအရေအတွက် နှစ်သိန်းကျော်နှင့် WCDMA
ဖုန်းလိုင်းအရေအတွက် တစ်သိန်းကျော် ချထားပေးမည်ဖြစ်သည်။
ပထမအဆင့်အနေဖြင့်ရန်ကုန်မြို့အတွက်မိုဘိုင်းဖုန်းလိုင်းချထားပေးမည့်အရေအတွက်မှာ
နှစ်
သိန်းကျော်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီက ပြောသည်။ ရန်ကုန်မြို့၌
Elite Tech အရောင်းဆိုင် ၁၄ ဆိုင်အပြင် တခြားသော ကိုယ်စားလှယ်
အရောင်းဆိုင်များ၌ပါ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ဧပြီလ ၉ ရက်နေ့၌
ဝယ်ယူနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းလိုင်း ဝယ်ယူရာ၌ ယခင်အတိုင်း
ဓာတ်ပုံနှစ်ပုံနှင့် မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်ကြောင်း
သိရသည်။ မိုဘိုင်းဖုန်းလိုင်းများ စတင်ဝယ်ယူရာတွင် အင်တာနက်လိုင်းများ
တွဲဖက်ပါဝင်မည် မဟုတ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Internet Journal
No comments:
Post a Comment