Thursday, March 15, 2012

လွတ်လပ်သန့်ရှင်းမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန် တိုက်တွန်း

November | 3/15/2012 09:25:00 PM | Best Blogger Tips
မကြာခင်ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာလွတ်လပ်သန့်ရှင်းမျှတဖို့လိုအပ်တယ်လို့ မြန်
မာနိုင်ငံ ရောက်နေတဲ့အမေရိကန်အထူးကိုယ်စားလှယ်မစ္စတာဒဲရက်မစ်ချယ်ကထုတ်ဖော်ပြော
ဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှုး ဒဲရက်မစ်ချဲဟာ  အစိုးရလွှတ်တော် နိုင်ငံရေးပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆုံခဲ့ ပြီးတဲ့နောက် ရန်ကုန်မြို့ အမေရိကန် စင်တာမှာ မတ် ၁၅ ရက်  သတင်းစာ ရှင်းလင်းပွဲ မှာ ပြောလိုက်တာပါ။ ဒဲရစ်မစ်ချယ်ရဲ့ အခုလို ပြောဆိုချက်ဟာ ရွေးကောက်ပွဲ မဲစာရင်းမှာ လူထပ်နေတဲ့ ကိစ္စတွေ၊ သေဆုံးသူတွေ မဲစာရင်းထဲ ပါနေ တာတွေ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ပြောဆိုချက်ဖြစ်သလို ရွေးကောက်ပွဲ တရားမျှတရင် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ် ဆိုတဲ့သူ့ အစိုးရရဲ့ ရပ်တည်ချက်ကို ထပ်လောင်း အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့အတွက် နိုင်ငံတကာက စောင့်ကြည့် အကဲခတ်တွေ ထားရှိရေး ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က တိတိကျကျ အဖြေမပေးတဲ့ အကြောင်းကိုလည်း သူက ထည့်သွင်း ပြောဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတဝှမ်း မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေမှာ ကြုံတွေ့ရတာတွေနဲ့ ပတ်သက်ပြီးလည်း  စိုးရိမ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၁ သန်းခွဲကို လှူဒါန်းမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ကတိပြု ပြောဆိုခဲ့သလို အမေရိကန်နိုင်ငံ ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် တဦး ခန့်အပ်ထားရှိဖို့ ကိစ္စကိုတော့ စီစဉ်ဆဲဖြစ်တယ်လို့ အမေရိကန် ကိုယ်စားလှယ် က ဖြေဆိုခဲ့ပါတယ်။
ဒဲရက်မစ်ချဲဟာ လွှတ်တော် နှစ်ရပ်ရဲ့ ဥက္ကဌတွေ၊   အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေ၊ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေ အပြင် မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဒီ့ထက် ပိုတိုးမြှင့်နိုင်ဖို့ အတွက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒဲရက်မစ်ချဲဟာ အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပြီး မတ်လ ၁၆ ရက် ကျရင်  အထက်မြန်မာနိုင်ငံ မန္တလေးကို သွားရောက်မှာ ဖြစ်ပါတယ်။
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1