Thursday, March 15, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်တို့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများ တွေ့ဆုံဆွေးနွေး

November | 3/15/2012 09:14:00 AM | Best Blogger Tips
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံဆွေးနွေးမှုမှာ တစ်နာရီနှင့် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး လာ မည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် အမေရိကန် နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က ခုနစ်လအတွင်း မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမှာ အလွန်အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း၊ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများမှာလည်း အလွန်အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုများဖြစ်ကြောင်း၊ လာမည့်ကြားဖြတ် ရွေးကောက်ပွဲများ အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေးအတွက် နေပြည်တော်တွင် ဆွေးနွေးခဲ့သော်လည်း တိကျသေချာသည့်အာမခံမှု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မရရှိခဲ့ကြောင်း၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ရေးသည် မိမိတို့အတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့်ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်စေလိုကြောင်း၊ ပြည်သူသာ ပထမဆိုသည့် နိုင်ငံရေးကို မိမိတို့ လိုလားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် ပြည်သူများကို ကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့၏ ရာထူးများကို အပြည့်အ၀ အသုံးချသင့်ကြောင်း မီဒီယာများသို့ ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဝန်ကြီးဌာနက ဂျာနယ်အပေါ် တရားစွဲဆိုခြင်းနှင့် စပ်လျဉ်း၍ မီဒီယာသမားတစ်ဦးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား  မေးမြန်းခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားရာတွင် ''ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ မီဒီယာ လွတ်လပ်ခွင့်လည်း လိုတယ်ဆိုတာ ပြောပြီးပြီလေ။ မီဒီယာ လွတ်လပ်ခွင့်ရှိမှ ဥပဒေစိုးမိုးရေးကို ဖေးမ ပေးနိုင်မှာပေါ့။ အမှန်ကို အမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာဟာ၊ မီဒီယာ လွတ်လပ်မှုကို ကန့်သတ်တယ်ဆိုတာဟာ နိုင်ငံရဲ့ တိုးတက်ရေးကို ကန့်သတ်တာနဲ့ အတူတူပဲလို့ ယုံကြည်တယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်သည် မတ်လ ၁၁ ရက်နေ့မှ ၁၇ နေ့ရက်အထိ လာရောက်သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ သွားရောက်မည်ဖြစ်သည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1