Wednesday, April 4, 2012

မြန်မာအစိုးရ နဲ့ ကေအင်ယူ ဒီကနေ့ ဆွေးနွေးမည်

Ever November | 4/04/2012 09:08:00 PM | Best Blogger Tips
မြန်မာအစိုးရနဲ့ ဒုတိယကြိမ် အပစ်ခတ်ရပ်စဲရေးဆက်လက်ဆွေးနွေးဖွဲ့  အဖွဲ့ဝင်
 ၂၁ ဦးပါ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ 
ဒီမနက်မှာပဲ ထိုင်း-မြန်မာ နယ်စပ်ကနေ ထွက်ခွာပြီး ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

မွန်းလွဲပိုင်းမှာ ဘားအံမြို့ကိုရောက်ရှိလာတဲ့ ကေအန်ယူအဖွဲ့ ကို ဇွဲကပင်ဟော်တယ်မှာ ပြည်ထောင် စုဝန်ကြီး ဦးအောင်သောင်းနဲ့ ဦးအောင်မင်းအပါအ၀င် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း နဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှု ဗိုလ်ချုပ်တင်မောင်ဝင်း တို့ကလာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ညနေ ၆ နာရီမှာလောက်မှာ တော့ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မယ်လို့  ကေအန်ယူအဖွဲ့ ကို သွား ရောက်ကြိုဆိုတဲ့ ဘားအံအခြေစိုက် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ဒေါ်နန်းဆေးဝါးက ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူအနေနဲ့ အစိုးရနဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ဆိုင်ရာ အသေးစိတ်ကို လုပ်ဆောင်သွားဖို့၊ တပြည်လုံးတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲရေး ပြုလုပ်သွားဖို့၊ ပြည်သူအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှုရရှိဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ လူ့ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ဖို့စတဲ့ အချက် ၅ ချက်ကို အဓိကထားဆွေးနွေးဖို့ ဒီမနက်မှာပဲ ကေအန်ယူက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီအချက်တွေကို ပြည်နယ်အဆင့်ဒီညနေပိုင်းမှာဆွေးနွေးပြီး ဧပြီလ ၅ ရက်နေ့မှာတော့ ဘား အံမြို့ မှာရှိတဲ့ ကရင်အဖွဲ့ အစည်းကို တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ဧပြီလ ၆ ရက်နေ့မှာတော့ ရန်ကုန် မြို့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဆက်လက် ပြုလုပ်သွားမှာပါ။

ဧပြီလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဒီခရီးစဉ်အတွင်း ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်း ဆောင်ရွက်ရာမှာ အလွှာ အသီးသီက လူထုတွေ၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံ ရေးပါတီတွေနဲ့ လည်း တွေ့ဆုံ သွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့လည်း တွေရဆုံ သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖြော်ပထားပါတယ်။

ဒါ့အပြင် ကေအဲန်ယူကိုယ်စားလှယ်အဖွဲဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ တနင်္သာ ရီတိုင်း ထား ၀ယ်မြို့ကို သွား ရောက်လေ့လာဖို့ ရှိပြီး ဆက်ဆံရေးရုံးဖွင့်လှစ် ဖို့ရှိကြောင်းလည်း ဆိုပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ လက် နက်စွဲကိုင်တိုက်ခိုက်ခဲ့တဲ့ ကေအဲန်ယူနဲ့ အစိုးရ အကြားဇန်န၀ါရီလဆန်းပိုင်းက ပထမအကြိမ် တွေ့ဆုံရာမှာ အပစ်ရပ်ထားဖို့ နှစ်ဘက် ပဏာမသ ဘောတူညီခဲ့ပါတယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1