Wednesday, April 4, 2012

ဝင်​ငွေ​ကောင်း​ပြီး​ချမ်း​သာလွန်း​သူများ​ အခွန်တိုး​ပေး​ရ​တော့​မည်

Ever November | 4/04/2012 08:43:00 PM | Best Blogger Tips
ဦး မောင် သန်း
မြန်မာနိုင်ငံမှာ အခု ဘဏ္ဍာ​ရေး​နှစ်ကစပြီး​ တစ်ဦး​ချင်း​ ဝင်​ငွေ ၁လ ကျပ်​ငွေ ၁သိန်း​ ၂ ​သောင်း​ရှိ သူ​တွေ အခွန် စတင်​ဆောင်ရ​တော့​မှာ ဖြစ်ပါ တယ်။ ဒီသတ်မှတ်ချက်မှာ အစိုး​ရ၊​ ပုဂ္ဂလိက အား​လုံး​အကျုံး​ ဝင်တယ်တယ်လို့​ သတ်မှတ် ထား​ပါ တယ်။

အရင်က​တော့​ တဦး​ချင်း​ ၁ လ ကျပ် ၃ ​သောင်း​ အထက်ကို အခွန်​ဆောင်ဖို့​ သတ်မှတ် ထား​ရာက​နေ ဘဏ္ဍာ​ရေး​နဲ့​အခွန်ဝန်ကြီး​ဌာနက ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က ​ပြောင်း​လဲ သတ်မှတ်ခဲ့​ တာပါ။

၁ ကျပ်က​နေ ၅ သိန်း​အထိ အခွန်ကို ၁ ရာခိုင်နှုန်း​ ဖြစ်ပြီး​ ၅ သိန်း​ ကွား​ခြား​သွား​တိုင်း​ ၁ ရာခိုင်နှုန်း​ အခွန်တိုး​ကောက်ခံသွား​မှာ ဖြစ်ပါတယ်။ ကျပ်သိန်း​ ၂၀၀ အထက်ကို​တော့​ ၂၀ ရာခိုင်နှုန်း​ ​ပေး​ဆောင်ရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာ​ရေး​နဲ့​ငွေ​ကြေး​ ဆိုင်ရာ နိုင်ငံ​တော်အကြံ​ပေး​အဖွဲ့​ဝင် ဦး​မော်သန်း​က “လုပ်ငန်း​အသီး​သီး​လုပ်​နေကြတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ တ​ပြေး​ညီတည်း​ အခွန်ထမ်း​ဆောင် သင့်​တယ်။ ထူး​ကုမ္ပဏီတို့​(​တေဇတို့​) အများ​ကြီး​ရှိတယ်​လေ။ သူတို့​ကအခွန် ​ဆောင်သင့်​ သ​လောက် မ​ဆောင်​တော့​ဘူး​။ သူတို့​လည်း​ ​ဆောင်ရမှာ​ပေါ့​၊​ အဲဒါဆိုရင်ပို ​ကောင်း​မှာ..။”

စီး​ပွား​ရေး​လုပ်ငန်း​တွေကို ၁ ကျပ်မှ ၅ သိန်း​အထိ ၂ ရာခိုင်နှုန်း​၊​ ၅ သိန်း​ တိုး​သွား​တိုင်း​ ၂ ရာခိုင်နှုန်း​ တိုး​သွား​မှာ ဖြစ်ပါတယ်။ သိန်း​ ၃၀၀ နဲ့​အထက်က​တော့​ ၃၀ ရာခိုင်နှုန်း​ ဖြစ်ပါတယ်။ အိမ်ခြံ​မြေ ​ရောင်း​ဝယ်ခြင်း​ လုပ်ငန်း​မျိုး​ကို​တော့​ တလ ကျပ် ၁၂ သိန်း​ဝင်ရင် အခွန် စ​ပေး​ရမှာ ဖြစ်ပါတယ်။

ဦး​မော်သန်း​က “မြန်မာနိုင်ငံမှာပြဿနာက အစိုး​ရကလည်း​ ရသင့်​ရထိုက်တဲ့​ အခွန်ကိုမရဘူး​။ ကုန်သည်များ​အတွက်လည်း​ အခွန်​ဆောင်ရတာ မတရား​ဖိစီး​တယ်။ မရတာကလည်း​ ​ကောက်တဲ့​အခွန်က မ်ွမ်ွတတ ​ကောက်ရင်​ပေး​တဲ့​ သူကလည်း​ ​ပေး​ချင်တာ​ပေါ့​။ မတရား​ ​ကောက်တဲ့​အခါကြ​တော့​ အခွန်​ရှောင်တိမ်း​တာ​တွေ ဖြစ်တာ​ပေါ့​။ ဦး​ပိုင်ကို အခု​ကောက်​တော့​မယ်။ ဒါကလည်း​ ဆရာတို့​လက်မှတ်ရ စာရင်း​ကိုင်များ​အသင်း​က ဆိုတာထက် ပုဂ္ဂလိက စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက ​အော်တာ​ပေါ့​။ ဦး​ပိုင်ကြ​တော့​ အခွန်မ​ကောက်ဘူး​။ ကျွန်​တော်တို့​ကျ ​တော့​ အခွန်​ကောက်တယ်။ အရင်တုန်း​ကလည်း​ အစိုး​ရဝန်ထမ်း​တွေအတွက် အခွန်မရှိဘူး​။ အပြင်လူ​တွေကြ​တော့​ အခွန်​ကောက်တယ်။ အဲ့​ဒါ​တွေလည်း​ အခုကြ​တော့​ တ​ပြေး​ညီ​ပေါ့​။ သူတို့​က​တော့​ လက်သိပ်ထိုး​ပြီး​ နည်း​နည်း​ညှာချင် ညှာမှာ​ပေါ့​လေ။ မ်ွမ်ွတတ မရှိ​တော့​ လူထုရဲ့​ ယုံကြည်မှုလည်း​ မရှိဘူး​လေ။ ဘာပဲဖြစ်ဖြစ် မ်ွမ်ွတတ​ပေါ့​။”

အခွန်နှုန်း​ထား​ပြောင်း​လဲ သတ်မှတ်လိုက်တဲ့​အ​ပေါ် လုပ်ငန်း​ရှင်​တွေနဲ့​ ဝင်​ငွေနည်း​ ဝန်ထမ်း​တွေက ကြိုဆိုကြပါတယ်။ အခွန်ကို ထမ်း​ဆောင်တဲ့​ ​နေရာမှာ မ်ွမ်ွတတနဲ့​ လူတန်း​စား​မ​ရွေး​ ​ပေး​ဆောင်ရမည်ဆိုရင် သူတို့​အ​နေနဲ့​ ​ပေး​သင့်​ပေး​ထိုက်တဲ့​ အခွန်ဖြစ်တယ်လို့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။

“လုပ်ငန်း​အသီး​သီး​လုပ်​နေကြတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ တ​ပြေး​ညီတည်း​ အခွန်ထမ်း​ ​ဆောင် သင့်​တယ် လုပ်ငန်း​ရှင်ကြီး​တွေ အများ​ကြီး​ရှိတယ်​လေ။ သူတို့​က အခွန်​ဆောင် သင့်​သ ​လောက် မ​ဆောင်​တော့​ဘူး​။ သူတို့​လည်း​ ​ဆောင်ရမှာ​ပေါ့​။ အဲဒါဆိုရင်ပို​ကောင်း​မှာ။”

မြန်မာပြည်ဟာ ပြည်သူ​တွေရဲ့​ အခွန်​ငွေက ရရှိတဲ့​ငွေ နည်း​ပါး​တဲ့​ နိုင်ငံဖြစ်ပါတယ်။ ပြည်သူ ​တွေကို အခွန်​ဆောင်ဖို့​ ပညာ​ပေး​မူ​တွေ လုပ်ဖို့​လိုသလို အခွန်​ပေး​ ​ဆောင် မူ​တွေကို မှန်မှန် ကန်ကန် ကြီး​ကြပ်စစ်​ဆေး​ဖို့​။ လုပ်ငန်း​ရှင်​တွေ အား​လုံး​ကို ဘက်မလိုက်ဘဲ မ်ွမ်ွတတ အခွန်​ဆောင် ​စေဖို့​ကိုလည်း​ လုပ်​ဆောင်ဖို့​ လိုအပ်​နေပါ တယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1