Wednesday, April 4, 2012

ဧရာဝတီမြစ်ဆုံကိစ္စအား ကန့်ကွက်ကာကွယ်တားဆီးမှုများ ပြုလုပ်သွားမည်

Ever November | 4/04/2012 08:31:00 PM | Best Blogger Tips

ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် တရုတ်နိုင်ငံ CIA ကုမ္ပဏီမှအကြောင်းကြားစာ ရောက်ရှိခြင်းအပေါ်တွင် မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တတ်ကြွလှုပ်ရှားသူများအနေဖြင့် ကန့်ကွက်ကာကွယ်တားဆီးမှုများအား  တတ်နိုင်သမျှ ဖြစ်ကြောင်း သိရှိရသည်။

“မြစ်ဆုံကို ပြန်လုပ်ဆောင်နေပြီလို့ ပြောကြဆိုကြတာပဲလေ မလုပ်ဖို့ကိုတော့ ဦးတို့အနေနဲ့ တတ်နိုင်သလောက် ကြိုးစားနေကြတယ် ကချင်ပြည်နယ် ဒေသခံတွေရော ဦးတို့အနေနဲ့ဆိုရင် ဒီမြစ်ဆုံမှ မဟုတ်ဘူး ကျောက်ဖြူကိစ္စကိုရော ရပ်တန့်ဖို့ ကြိုးစားနေပါတယ် “ ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွင် တတ်ကြွလှုပ်ရှားသူ ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ သမ္မတအနေဖြင့် လုပ်သက် သက်တမ်း ၅နှစ်အတွင်း ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားရန် ပြည်သူများအား ကတိပေး စကားပြောကြားခဲ့ခြင်းနှင့်အညီ ကတိစကားတည်ရန်နှင့် မတည်ပါက ပြည်သူများ ၊ အနုပညာရှင်များ ၊ အတတ်ပညာရှင်များ၏ second wave ဖြစ်ပေါ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် တတ်ကြွလှုပ်ရှားသူများထံမှ သိရှိရသည်။

“သမ္မတကြီးကနေ ပြည်သူတွေကို သက်တမ်း ၅နှစ်အတွင်းမှာ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကတိပေးထားတယ်လေ အဲ့ကတိစကားကို ဖောက်ဖျက်ပြီး ဆက်လုပ်မယ်ဆိုရင် new government ၊ good government ၊ clean government မဖြစ်ဘူး နောက်ပြီး ပြည်သူတွေရဲ့ second wave ဖြစ်ပေါ်လာနိုင်တယ် အရင်ကလဲ မြစ်ဆုံစီမံကိန်းကို လက်မခံလို့ ပြည်သူတွေ အော်ကြ တောင်းဆိုခဲ့ကြတာ အခုဆက်ပြီးလုပ်မယ်ဆိုရင် ပြည်သူတွေရဲ့ အသံက အရင်ကထက် ပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် တတ်ကြွစွာ လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်ပမှ စီးပွားရေးပိတ်ဆို့ခြင်းမှာ ဖြေလျော့သွားနိုင်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ရင်းနှီးမြုပ်နှံမှုတိုင်းကို စီစစ်ပြီးမှ လက်ခံသင့်ကြောင်း သို့မဟုတ်ပါက စက်ရုံများ တည်ဆောက်ခြင်းကြောင့် လေထုညစ်ညမ်းခြင်းများ ထပ်မံ ဖြစ်ပေါ်လာနိုင်ပြီး သဘာဝန်ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

“နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတိုင်းကို လက်ခံလို့ မဖြစ်သေးဘူး ဆုံးရှုံးမှုတွေများမဲ့ စီမံကိန်း ဘာတွေရှိမလဲဆိုတာ စဉ်းစားသင့်တယ် ဘာလို့လဲဆိုတော့ ဘတ္တရီ စက်ရုံတွေ ဓာတ်မြေသြဇာ စက်ရုံတွေ ဆောက်မယ်ဆိုရင် လေထုညစ်ညမ်ခြင်းတွေ ၊ ရေတွေ ညစ်ညမ်းမှုတွေ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ် “ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် တတ်ကြွလှုပ်ရှားသူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် ဧရာဝတီမြစ်ဆုံ ဆည်ကြီးအား ပြည်သူများ၏ သဘောဆန္ဒကို အတည်ပြုသောအားဖြင့် သမ္မတ သက်တမ်း ၅နှစ်အတွင်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1