Wednesday, April 4, 2012

အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ မကြာမီ လာရောက်လည်ပတ်မည်

Ever November | 4/04/2012 09:40:00 PM | Best Blogger Tips
အိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့မကြာမီအလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း
 ဒေလီရှိ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယသည် မြန်မာနှင့် ဆက်ဆံရေး ပိုမိုခိုင်မာရန် ပြီးခဲ့သည့်နှစ်များအတွင်း ကြိုးပမ်းနေခဲ့ပြီး ဆင်း၏ ခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံး မြန်မာခရီး ဖြစ်လာမည်ဖြစ်သည်။

အိန္ဒိယသည် မြန်မာနှင့် အရှေ့မြောက်နယ်နိမိတ် ထိစပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို သိမြင်ရန်အတွက် အိန္ဒိယက ကြိုးပမ်းနေသည်။ မြန်မာအစိုးရအဖွဲ့သစ်သည် ပြီးခဲ့သည့်နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး ဝေဖန်သူများကို အံ့အားသင့်စေခဲ့သည်။
Ref:AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1