Wednesday, April 4, 2012

 မြန်မာနိုင်ငံသို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် မကြာမီ လာရောက်မည်

Ever November | 4/04/2012 09:47:00 PM | Best Blogger Tips
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် သြဂုတ်လက သုံးရက်ကြာ လာရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံသွားရန် တိုက်တွန်းလေ့ရှိသူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံများသို့ လာမည့် တနင်္ဂနွေနေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1