Wednesday, April 4, 2012

NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု

Ever November | 4/04/2012 10:37:00 AM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကိုမတ်လ(၂၉)ရက်နေ့တွင် အနုပညာရှင်များသည် မဲပညာပေးစည်းရုံးရေးခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကိုစစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ပုလဲမြို့တွင်
လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည်သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ်သွားရောက် အားပေးကြည့်ရှု့နေစဉ် ၀င်းကုန်းရွာ တစ်ရွာလုံးနီးပါးနေ့လည် (၂း၁၅)နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ(၁၅၀)မီးလောင်ကျွမ်းခဲ့ပြီး ၊လူဦးရေ(၁၀၀၀)ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည် အလောင်းတော်ကဿဖတောင်ခြေတွင် တည်ရှိပြီးလမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့်အပြင် သောက်ရေသုံးရေအလွန်ရှားပါးသောဒေသဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများလာရောက်ငြိမ်းသတ်ခဲ့သော်လည်းမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့ အခက်အခဲများအများအပြားကြုံတွေ့ခဲ့ရပြီးတစ်ရွာလုံးနီးပါးလောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။

ထိုသတင်းကိုနာရေးကူညီမှုအသင်း(ရန်ကုန်)သည်နာရေး၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုများအပြင် နွေရာသီအင်္ဂလိပ်စာသင်တန်းအားကလေးငယ်(၈၀၀)ကျော်ခန့်ကိုသင်ကြားပေးနေရသောအချိန်ကာလလည်းဖြစ်နေသလိုသတင်းမီဒီယာများမှလည်းရွေးကောက်ပွဲကိစ္စရပ်များကိုသာအသားပေးတင်ပြနေခြင်းကြောင့် မတ်လ(၃၁)ရက်နေ့ မှ ရွာလုံးကျွတ်နီးပါးမီးလောင်မှုသတင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။

ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်းမတ်လ (၃၁)ရက်နေ့ ညနေရွှေစင်စင်္ကြာံခရီးသွားမော်တော်ယာဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့် ဦးအောင်စိုးတို့နှစ်ဦးအားမီးဘေးကယ်ဆယ်ရေးထောက်ပံ့အလှူငွေ သိန်း(၅၀၀၀၀၀၀ိ/-)ကျပ် (ကျပ်သိန်းငါးဆယ်တိတိ)ကိုမီးဘေးဒုက္ခသည်များကိုကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက်ချပေးခဲ့သည်။ 


နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသားဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့် ဦးအောင်စိုးတို့နှစ်ဦးတို့သည် ပထမဦးစွာယင်းမာပင်မြို့ပေါ်ရှိ NLD ရုံးသို့ ဧပြီလ(၁)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ရောက်ရှိခဲ့ကာယင်းမာပင် NLD မြို့ခံဖြစ်သူဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချိုတို့အကူအညီဖြင့်ယင်းမာပင်မြို့မှ မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ်များဖြင့် သွားရောက်ခဲ့ရာနေ့လည် (၁၁း၀၀)နာရီအချိန်တွင် ၀င်းကုန်းရွာ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။ထိုဝင်းကုန်းရွာရှိသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် သီရိလင်္ကာနိုင်ငံရှိဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူကိုတည်ထားကိုးကွယ်ထားရှိသည်။ 

ဝင်းကုန်းရွာ တစ်ရွာလုံးမီးလောင်ကျွမ်းခဲ့သော်လည်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်းသာမီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိချေ။ ယင်းသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည်လူဦးရေ(၁၀၀၀)အားကူညီစောင့်ရှောက်ကျွေးမွေးကာကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအားဦးတိုက်ကာမီးဘေးသင့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အလှူငွေ (၃၀၀၀၀ိ/-)ကျပ်လှူဒါန်းခဲ့ကာသီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက် ဆရာတော်အားအလှူငွေ (၅၀၀၀၀၀ိ/-)ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်နေ့ထူးနေ့မြတ်များ၊အစိုးရရုံးပိတ်ရက်များနှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲနေ့ရက်များပါမကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ရန်သူမျိုးငါးပါးဒဏ်ကိုခံစားရသောဒုက္ခသည်များအားမိမိတို့နိုင်သလောက် လူစွမ်းအား၊ ငွေအင်အားတို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါးကိုလက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။


အချုပ်ဆိုရသော် ဧပြီလ (၁)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အောင်ပွဲခံသည့်နေ့ဖြစ်သလိုနာရေးကူညီမှုအသင်း(ရန်ကုန်) (F.F.S.S)၏ ပေးဆပ်မှုနေ့တစ်ရက် ဆိုလျှင်လည်းမမှားချေ။ 

ကျော်သူ (ဖေ့စ်ဘုတ်)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1