Thursday, May 17, 2012

မြောက်ကိုးရီးယားမှ စစ်လက်နက်များ ထပ်မံမဝယ်ယူတော့ဟု သမ္မတပြော

Ever November | 5/17/2012 08:14:00 PM | Best Blogger Tips
လွန်ခဲ့သည့်အနှစ်၂ဝအတွင်း မြောက်ကိုရီးယားထံမှသာမန်စစ်လက်နက်ပစ္စည်းများကိုသာဝယ်ယူခဲ့ပြီး
ဆက်လက်ဝယ်ယူတော့မည်မဟုတ်ဟု မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ခဲ့သောတောင်ကိုရီး
ယားသမ္မတ မစ္စတာအီမြောင်ဘတ်ကို မြန်မာသမ္မတဦးသိန်းစိန်ကကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာသမ္မတက တောင်ကိုရီးယားသမ္မတကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူက
လီးယား စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်မှု မည်သည့်အခါကမျှ မရှိခဲ့ဟု ငြင်းဆိုသွားသည်ဟုလည်း ဝါရှင်တန်ပို့စ်ကရေးသားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နှင့် ၁၈၇၄ တို့တွင် မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ် သည့် စစ်လက်နက် ပစ္စည်းများကို အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန်ဆုံးဖြတ်ထားပြီး ထိုတားမြစ်ချက်ကိုလိုက်နာသည့်အနေဖြင့် မြောက်ကိုရီးယားမှလက်နက်များဝယ်ယူမည်မဟုတ်ဟု ပြော
ဆိုသည်ဟုလည်း ဝါရှင်တန်ပို့စ်က ရေးသားသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ချိုးဖေါက်သည်ဟု ယူဆရသည့် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံမှုမပြုလုပ်ရန် မြန်မာသမ္မတ
နှင့် ဆွေးနွေးခဲ့သည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောသွားသည်ဟု သိရသည်။

မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေးတွင် ယခင်စစ်အစိုးရ တတိယခေါင်းဆောင် ဖြစ်ခဲ့သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နျူကလီးယား စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်ဟု စွပ်စွဲချက်များ လွန်ခဲ့သည့်နှစ်များအတွင်း ထွက်ပေါ်လာခဲ့ရာ ထိုစွပ်စွဲချက်များကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတခုတွင် ငြင်းဆိုသွားခဲ့သေးသည်။

“တချို့စွပ်စွဲတာကတော့ နျူကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယားကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့ အနေအထားမဟုတ်ပါဘူး” ဟု သူရဦးရွှေမန်းက ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှချမှတ်ထားသည့် မြောက်ကိုရီးယားမှ လက်နက်မဝယ်ရေးဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေဖြင့်အကောင်အထည်ဖေါ်နိုင်ရန် မျှော်လင့်ကြောင်း  သူ၏ ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။

တောင်ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း၃ဝအတွင်းပထမဆုံးအကြိမ်လာရောက်သည့်
ခရီးစဉ်ဖြစ်သည်။၁၉၈၃ခုနှစ် တောင်ကိုရီးသားသမ္မတချန်ဒူးဝမ် မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုရာတွင် မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်။တိုက်ခိုက်မှုအတွင်းခရီးစဉ်နောက်ကျပြီးမှရောက်လာသူ တောင်ကိုရီးယား
သမ္မတ ထိခိုက်ခြင်း မရှိသော်လည်း တောင်ကိုရီုးယား အစိုးရအဖွဲ့ဝင်များအပါအဝင် မြန်မာအရာရှိ ၂၁ ဦးသေဆုံးခဲ့သည်။

မစ္စတာ အီမြောင်ဘတ်သည် အာဇာနည်ဗိမာသို့ အင်္ဂါနေ့တွင် သွားရောက်၍ ၁၉၃၈ ခုနှစ် တိုက်ခိုက်မှုအတွင်း ကျဆုံး သွားကြသည့် ကိုရီးယားသမ္မတဝန်ကြီးများကို ရည်စူး၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့သည်ဟု နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖေါ်ပြပါရှိသည်။ မြန်မာနိုင်ငံသို့ နှစ်ရက်တာလာရောက်ခဲ့သည့် မစ္စတာ အီမြောင်ဘတ်သည် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1