Thursday, May 17, 2012

အစိုးရ ငြိမ်းအဖွဲ့သစ် SSA-S နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးမည်

Ever November | 5/17/2012 08:22:00 PM | Best Blogger Tips
အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S တို့ လာမည့် မေလ ၁၉ ရက် စနေနေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီနှင့်လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်တွင် တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းများမှ ဝန်ကြီးချုပ်များ အပါအဝင် အပါအဝင် ၅၂ ဦးဖြင့်   ယခုလ မေ ၃ ရက်နေ့က ပြင်ဆင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတွင် ဒုသမ္မတ ဦးစိုင်းမောက်ခမ်း  ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား သည်။ သို့သော် ဒုသမ္မတ တက်ရောက်ရန် ရှိမရှိကိုမူ မသိရသေးပေ။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ထိပ်ပိုင်းခေါင်းဆောင် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံမည်ဟု ရှမ်းပြည်နယ် အစိုးရ အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက အကြောင်းကြားလာ သော်လည်း မည်သူ ဦးဆောင်မည်ကို ပြောဆိုခြင်း မရှိခဲ့ကြောင်း SSA- S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောသည်။

“အစိုးရအပိုင်းမှာ VIP တွေ တက်မယ်လို့ ပြောတယ်။ ကျနော်တို့ သိရသလောက် ဝန်ကြီးတွေ ပါမယ်။ အရင်တုန်း ကထက် ပိုကြီးတဲ့ VIP လို့ ပြောတယ်။ နာမည်တော့ အတိအကျ မပြောဘူး”ဟု မဇ္ဈိမကို ပြောသည်။

SSA-S အဖွဲ့မှ ဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သော ၂၄ ဦးပါ ကိုယ်စားလှယ်များ သွားရောက်တွေ့ဆုံမည် ဖြစ်သည်။

နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် နယ်မြေ သတ်မှတ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ နှစ်ဖက်စစ်ရေး အခြေအနေနှင့် အထွေထွေ စသည့်အချက် ၄ ချက် အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

 “အရင်တုန်းက ရရှိထားတဲ့ သဘော တူညီချက်တွေကို ပြန်ပြီးတော့ ဆွေးနွေးဖို့ဘဲ။ ရရှိထားတဲ့ နယ်မြေမှာဘဲ
နေထိုင်မယ်ဆိုပြီး ပြောထားတယ်။ အဲဒီ နယ်မြေတွေက ဘယ်နေရာမှာဆိုတာ အတိအကျ မဆွေးနွေးရသေးဘူး”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

SSA-S အဖွဲ့က ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီဟူ၍ အဖွဲ့ နှစ်ဖွဲ့ကို ယခုလဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

SSA-S တောင်ပိုင်းအဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့က တောင်ကြီးမြို့တွင်
ပြည်နယ်အဆင့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေနွေးအပြီး SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး၊ လက်နက်ကိုင်သွားလာရန် ကြိုတင် အကြောင်းကြားရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ် လုပ်ဆောင်နိုင်ရန်တို့ ပါဝင်သောသဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ပြီးခဲ့သည့် တွေ့ဆုံမှုများတွင် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း အစိုးရတပ်များနှင့် SSA တောင်ပိုင်း တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ရှိခဲ့သည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1