Thursday, May 17, 2012

ဟံသာဝတီကားပွဲစားတန်း ပြောင်းရွေ့ရမည့်အချိန်နှင့် နေရာအား သတ်မှတ်ပေးစေလို

Ever November | 5/17/2012 10:05:00 PM | Best Blogger Tips
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှမြို့ပြစီမံကိန်းအဖြစ်အကောင်အထည်ဖော်ဆောက်လုပ်မည့် ဟံသာဝတီ ကားပွဲစားတန်းအား ပြောင်းရွှေ့ခိုင်းထားသော်လည်း ပြောင်းရွေ့ရန် အချိန်နှင့်နေရာအား သတ်မှတ် ပေးထားခြင်းမရှိသေးသဖြင့် သတ်မှတ်ပေးစေလိုကြောင်း ကားရောင်းဝယ်ရေးအကျိုးဆောင်များက ဆိုသည်။
 
“ကျွန်တော်တို့ကို ပြောင်းရမယ်ဆိုပြီး လော်စပီကာနဲ့ လိုက်အော်ပါတယ်။ အချိန်နဲ့ နေရာကိုတော့ တိတိကျကျ ပြောထားတာမရှိဘူး။ ကျွန်တော်တို့က ပရောဂျက် ဘယ်လောက်ကြာမလဲ။ ပရောဂျက်ပြီးသွားရင်ရော ဆိုင်ခန်း နေရာတွေကို ဦးစားပေးစနစ် အရစ်ကျစနစ်တွေနဲ့ ရောင်းပေးဖို့တွေကိုလည်း မျှော်လင့်နေပါတယ်။”ဟု ဟံသာဝတီကားပွဲစားတန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်းကိုမြင့် ကပြောသည်။
 
ဟံသာဝတီကားရောင်းဝယ်ရေးစခန်းအား အဆင့်မြင့်မြို့ပြစီမံကိန်းအဖြစ်  Hotel၊ Shopping Mall၊ ကလေး ကစားကွင်း၊ အထူးကုဆေးရုံနှင့် Car Show Room များတည်ဆောက်ဖွင့်လှစ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခင်လနောက်ဆုံးပတ်မှစ၍ စီးပွားရေးလုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူ ထားကြောင်း သိရသည်။
 
“ကျွန်တော်တို့ ဒီမှာလုပ်ကိုင်လာတာ (၁၅)နှစ်လောက်ရှိပြီး အရင်တုန်းက မစည်ကားဘူး။ အရောင်းအ၀ယ် တွေလုပ်လို့ အဆင်ပြေနေတဲ့အချိန်မှ ပြောင်းခိုင်းတယ်။ ပြောင်းခိုင်းတော့လည်း နေရာလည်း မသတ်မှတ် ပေးဘူး။ ဘယ်နေ့လည်း ဘယ်အချိန်လည်းမပြောသေးပါဘူး။ ဒါတွေကို တိတိကျကျသိချင်ပါတယ်။”ဟု ကားပွဲစားကိုမျိုးက ပြောသည်။
 
ဟံသာဝတီကားရောင်းဝယ်ရေးစခန်းအား ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် မှီခိုနေထိုင်နေသည့် ပြည်သူများ အခက်ခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
 
အဆိုပါကားရောင်းဝယ်ရေးစခန်းတွင် စခန်း(၃)ခုရှိပြီး၊ ပြောင်းလဲဆောက်လုပ်မည်ဆိုပါက  တစ်ခုပြီးမှ တစ်ခု သာ တည်ဆောက်သင့်ကြောင်း ထိုသို့ပြု လုပ်လျှင် ကားဝင်းအတွင်းက ပြည်သူများအနေဖြင့် အခက်အခဲမရှိ နိုင်ကြောင်း စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မြင့်က အကြံပြုပြောဆိုသည်။
 
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများစတင်မည့်အချိန်နှင့် ပြောင်းရွှေ့ရမည့်နေရာအား ဟံသာ ၀တီကားဈေးကွက်ရှိ ပြည်သူများထံ ချပြပြောဆိုရန် လိုအပ်ကြောင်းကိုလည်း ကားဝင်းအား အမှီပြုနေသူများက ဆိုသည်။
ထွန်းနေအောင် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1